Raspberry Pi 3 Review


ဒီနေ့ဟာ  ဖေဖော်ဝါရီလ ၂၉ ရက်နေ့ဖြစ်ပြီး အဲဒီလို ထူးခြားတဲ့ နေ့လေးမှာ Wi-Fi, Bluetooth နဲ့ Bluetooth Low Energy (LE) တို့ onboard ပါဝင်လာတဲ့ Raspberry Pi 3 Model B ကို ကြေငြာခဲ့တဲ့ အကြောင်း သိခဲ့ရပါတယ်။ ဝါသနာတူ သူငယ်ချင်းများ အတွက် ရှာဖွေဖတ်ရှုမိသမျှကို  ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။



နောက်ဆုံးထွက်မိုဒယ်မှာ ထူးခြားချက်တွေ အများအပြားပဲ ပါဝင်လာပါတယ်။ 802.11n Wifi, Bluetooth 4.0 တို့အပြင် 1.2 GHz speed ရှိတဲ့ 64-bit ARM Cortex A53 processor အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အရင် မိုဒယ် တွေတုန်းက ရောင်းချပေးခဲ့တဲ့ 35 ဒေါ်လာဈေးကို ဆက်လက် ထိန်းသိမ်း ထားနိုင်တာ တွေ့ရှိရပါတယ်။ Pi အသစ်ထွက်လာတိုင်းမှာ Pi အဟောင်းတွေကို ဝယ်မဲ့သူ ရှားသွားလေ့ ရှိပါတယ်။ 

ဝိုင်ဖိုင် နဲ့ ဘလူးတု ပါလာတာကြောင့် ကျွန်တော်တို့လို IoT လုပ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ 64-bit processor ကြောင့် အရင်က Pi 2 ထက် ၅၀ ရာခိုင်နှုန်း အနည်းဆုံး ပိုမြန်လာမယ်လို့ ခန့်မှန်းထားမိပါတယ်။ RAM ကတော့ LPDDR2-900 SDRAM နဲ့ VideoCore IV GPU  ကိုပဲ ဆက်သုံးထားပါတယ်။ 

အသေးစိတ် အချက်အလက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
SoC: Broadcom BCM2837 (roughly 50% faster than the Pi 2)
CPU: 1.2 GHZ quad-core ARM Cortex A53 (ARMv8 Instruction Set)
GPU: Broadcom VideoCore IV @ 400 MHz
Memory: 1 GB LPDDR2-900 SDRAM
USB ports: 4
Network: 10/100 MBPS Ethernet, 802.11n Wireless LAN, Bluetooth 4.0


ဝိုင်ဖိုင်နဲ့ ဘလူးတု ပါလာပေမယ့် ကျွန်တော်တို့အတွက် လိုအပ်နေနိုင်သေးတဲ့ SATA နဲ့ USB C ဒါမှမဟုတ် PCIe connector တွေ မပါဝင်လာသေးပါဘူး။ Raspberry Pi 
Foundation ရဲ့ ရည်ရွယ်ချက်က လူတိုင်းအတွက် ဈေးသက်သာတဲ့ ကွန်ပျူတာတွေ ထုတ်လုပ်ဖို့ ဖြစ်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ 
အခုအချိန်မှာ Raspberry Pi ဟာ 64-bit processor ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်လို့ တကယ့်အသုံးဝင်တဲ့ ကွန်ပျူတာ တစ်လုံးကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ တကယ်ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုလည်းဖြစ်ပြီး ကျွန်တော်တို့ မျှော်လင့်နေခဲ့တာ ကြာပါပြီ။ ဝိုင်ဖိုင်နဲ့ ဘလူးတု ပါဝင်လာခြင်းဟာ Embedded system သမားတစ်ယောက်အတွက် အခက်အခဲများစွာကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ ပျော်ရွင်စွာ ယူဆမိပါကြောင်း ခင်ဗျား။
ဒေါက်တာ အောင်ဝင်းထွဋ် (bluephoenix)
http://www.engineer4myanmar.com
https://www.facebook.com/BluePhoenixMM



အကိုးအကားများ
1. http://www.theregister.co.uk/2016/02/26/raspberry_pi_3/
2. https://www.raspberrypi.org/blog/raspberry-pi-3-on-sale/

Please Share This Post

Share on Facebook Plus on Google+