အော် ဘာလိုလို နဲ့ ဘဝ ရဲ့ ရည်မှန်းချက် တစ်ဆင့်ကို ရောက်ခဲ့ပြန်ပြီ။ ဒါပေမယ့် ဆက်လျောက်ရမယ့် လမ်းတွေအတွက် အများကြီး ပြင်ဆင် ရဦးမယ်ဗျာ....
တကယ်တော့ ဒီခရီးမှာ ကူညီပေးခဲ့တဲ့ သူတွေ အများကြီးပါပဲ။ ကျွန်တော့် Supervisor Mashinskii Yuri Anatolevich ကိုတော့ ကျွန်တော့် တစ်သက်လုံး ကျေးဇူးတင်နေရမှာပါ။ သူဟာ မိဘလိုရော ဆရာလိုပါ ကျွန်တော့် အပေါ် အင်မတန်ကောင်းခဲ့ပါတယ်။ အခြားဆရာတွေကလဲ အတတ်နိုင်ဆုံး ကူညီခဲ့ကြပါတယ်။
ဆရာတွေ ကျေးဇူးကတော့ ပြောပြလို့ ဆုံးမယ် မထင်တော့ပါဘူး။ ဒီတော့ တခြား ကျွန်တော့် အပေါ်မှာ ကျေးဇူးရှိတဲ့ သူငယ်ချင်းတွေ ကိုပဲ ဒီနေရာ ကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တကယ်ကို လေးလေးနက်နက် ပြောချင်တာပါ။ အဲဒီ သူငယ်ချင်းတွေ ညီငယ်တွေရဲ့ ကူညီမှုသာ မရခဲ့ရင် ကျွန်တော် ပီအိပ်ခ်ျဒီ ရမယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး။ သူတို့က ကျွန်တော့် စာအုပ်တွေကို စကန်ဖတ်ပေးခဲ့တယ်။ ထမင်း၊ ဟင်းတွေ ချက်ကျွေးခဲ့တယ်၊ ကျွန်တော်မသွား နိုင်တဲ့ နေရာတွေကို ကိုယ်စားသွားပေးခဲ့တယ်၊ ကျွန်တော် ဆိုးသမျှကို သည်းခံခဲ့ကြတယ်။
ကျွန်တော်ဆိုးသမျှကို အခံရဆုံး ကျွန်တော့် အခန်းဖေါ်သူငယ်ချင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် ငွေရေး ကြေးရေး ပြဿနာ မှန်သမျှကို ကူညီဖြေရှင်းပေးတဲ့ အပြင် ကျွန်တော် စိတ်မွန်းကျပ်တိုင်း နားလည် သည်းခံပေးခဲ့လို့ အင်မတန် ကျေးဇူးတင်မိပါတယ်။
ပြီးတော့ ကျွန်တော့် ဘလောက်လေးကို လာဖတ်ပေးတဲ့ စာဖတ်သူကိုပါ ကျေးဇူးတင်ပါတယ်နော်။ :P
7 ယောက်က ဒီလိုပြောတယ်
ဂုဏ်ယူပါတယ် အကို.....။ အခုလို အောင်မြင်စွာနဲ့ ပြီးမြောက်သွားတာကို ဝမ်းသာပါတယ်။
ရှေ့ဆက်ရမဲ့ လမ်းမှာလဲ အဆင်ပြေချောမွေ့ပါစေ အစ်ကို
အခုလို သည်းခံခွင့်လွတ်မဲ့ သူငယ်ချင်း ညီအစ်ကိုတွေ ရ
ပါစေဗျာ ဒါနဲ့ စကားမစပ် သီးခံ မဟုတ်ပါဘူး အစ်ကို
သည်းခံ နော်
mymetro ရေ အကို့ဆီအားရင်လာဦးဟ။ ဖန်ခါးမြေရေ ပြင်လိုက်ပါ့မယ်ဗျာ
ကျနော်နဲ့ အမြင်၊ အယူအဆ တချို့မှာ အနည်းငယ် ကွဲလွဲတာလေး တွေ ရှိပေမယ့် ပန်းတိုင်ကို ရောက်အောင် သွားတဲ့ နေရာမှာ ယုံကြည်ချက် အပြည့်နဲ့ အားထုတ်ကြိုးပမ်း ခဲ့တာတွေကို ချီးကျူးပါတယ်ဗျာ။ ကျနော် မသိ၊ နားမလည် သေးတဲ့ နယ် မြေသစ်တွေ ဆီကို ဦးဆောင် လမ်းပြ ပြီး အရာရာ ကူညီခဲ့တာတွေ အတွက် ကို bluephoenix ကို အများကြီး ကျေးဇူး တင်ပါတယ်။ မြန်မာတွေ အားလုံး ကြိုးစား အားထုတ်ကြ စေချင်တဲ့ စေတနာကိုလည်း လေးစားပါတယ်။ မိမိ စိတ်တိုင်းကျ အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။
Bluephoenix-----
In the confrontation between the stream and the
rock, the stream always wins-not through
strength but by perseverance.ac
ဂုဏ်ယူပါတယ်အကို....ရှေ့ဆက်ရမည့်ခရီးလည်း အောင်မြင်နိုင်ပါစေ...အစဉ်အားပေးလျှက်..
Congratulations! ပါ အစ်ကိုရေ. အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရှေ့လျောက်လည်း အစစ၊ အရာရာ အောင်မြင်ပြီးမြောက်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျား။ :)