(မှတ်ချက်။ အပိုင်း(၂) ကတော့ ရှာမရဘူးဖြစ်နေတယ်ဗျာ။ နောက်မှ ပြန်တင်ပေးပါ့မယ်)
Variables တွေဟာ ပရိုဂရမ်းမင်း ဘာသာတိုင်းအတွက် အခြေခံ အကျဆုံး အစိတ်အပိုင်းများ ဖြစ်ကြပါတယ်။ အချက်အလက်တွေကို ယာယီ သိမ်းဆည်းဖို့ Variable တွေကို နာမည် သတ်မှတ်ပေးထားပြီး ဖန်တီးနိုင်သလို တန်ဖိုးတွေလဲ သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ Variables တွေကို ကွန်ပျူတာ မှတ်ဥာဏ် (RAM) ရဲ့ နေရာအချို့မှာ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Variable တစ်ခုကို တန်ဖိုးတစ်ခု ထည့်သွင်း လိုက်တယ်ဆိုတာဟာ တကယ်တော့ အဲဒီ Variable ကို သတ်မှတ်ပေးထားတဲ့ RAM ထဲမှာ အဲဒီတန်ဖိုးကို သိမ်းဆည်းထားလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို သိမ်းဆည်းထားတဲ့ နေရာမှာ အချက်အလက်ရဲ့ အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားသိမ်းဆည်းပေးဖို့ လိုပါတယ်။ ဒါကြောင့် Variables တွေကို data types တွေ ခွဲခြားပြီး ဖန်တီးလေ့ ရှိပါတယ်။ ပရိုဂရမ်းမင်း ဘာသာစကားအများစုမှာ သုံးလေ့ ရှိတဲ့ data types တွေကတော့ integers၊ floating-point numbers တွေနဲ့ characters တွေပဲ ဖြစ်ကြပါတယ်။
Integer variable တွေဟာ 130000၊ ဒါမှ မဟုတ် -23 တို့လို အပြည့်ကိန်းတွေကို ရေတွက် ထည့်သွင်းရာမှာ အသုံးပြုပါတယ်။ floating-point numbers တွေနဲ့ မတူတဲ့ အချက်ကတော့ integers တွေမှာ ဒဿမနောက်က တန်ဖိုးတွေ (အပိုင်းကိန်း တန်ဖိုးတွေ) မပါရှိတာပဲ ဖြစ်ပါတယ်။
Defining Integer Variables
Integer variable တွေ အမျိုးအစားများစွာ ရှိပါတယ်။ ဒါပေမယ့် အသုံးအများဆုံးကတော့ int ပဲ ဖြစ်ပါတယ်။ နေရာယူတဲ့ မှတ်ဥာဏ် အရွယ်အစားကတော့ system ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ- 32-bit system Windows တွေမှာ int ဟာ 4 bytes (32 bits) နေရာယူပါတယ်။ ဒါကြောင့် int ဟာ -2,147,483,648 ကနေ 2,147,483,647 ကြား တန်ဖိုးရှိတဲ့ ဂဏန်းတွေကို သိမ်းဆည်းပေးနိုင်ပါတယ်။
ဒါပေမယ့် ယခင် Windows system အဟောင်းတွေနဲ့ MS-DOS စနစ်တွေမှာတော့ int ဟာ 2 bytes ပဲ နေရာယူပါတယ်။ data types တွေ နေရာယူတဲ့ သတ်မှတ်ချက်တွေကိုတော့ LIMITS ဆိုတဲ့ header file ထဲမှာ ရေးသားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိသုံးနေတဲ့ compiler ရဲ့ help ကနေလည်း ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
ဥပမာ-အနေနဲ့ int data type သုံးထားတဲ့ ပရိုဂရမ်လေးတစ်ခုကို ရေးပြပါ့မယ်။

အထက်ပါ ပရိုဂရမ်လေးမှာ int var1; int var2; ဆိုတဲ့ ကုဒ်နှစ်ကြောင်းဟာ integer variable var1 နဲ့ var2 တို့ကို ကြေငြာ သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ရှေ့က int ဆိုတဲ့ keyword လေးက variable ရဲ့ type ကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ အဲဒီ statement တွေကို declaration တွေလို့ ခေါ်ဆိုပြီး အခြား program statements တွေလိုပဲ စာကြောင်း အဆုံးမှာ semicolon (;) နဲ့ ပိတ်ပေးရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ variables တွေကို အသုံးမပြုခင်မှာ ကြိုတင် ကြေငြာပေးထားရမှာ ဖြစ်ပါတယ်။ ဆန်သွားဝယ်မယ့်သူဟာ ဆန်အိတ်ကို ကြိုယူသွားရသလိုပါပဲ။ ဒါကြောင့် များသောအားဖြင့် ပရိုဂရမ်ရဲ့ အစပိုင်းမှာ variable တွေကို ကြေငြာထားလေ့ ရှိပါတယ်။ ဒါပေမယ့် တကယ်က ပရိုဂရမ်ရဲ့ မည်သည့် နေရာမှာမဆို variable တွေကို ကြေငြာပေး နိုင်ပါတယ်။
Declarations and Definitions
Declaration နဲ့ Definition ကြားက ခြားနားချက်ကို ရှင်းပြချင်ပါတယ်။ Declare လုပ်တာဟာ variable ကို ဘယ်လိုခေါ်မယ်၊ ဘာ data type ဖြစ်တယ်ဆိုတာကို program အတွင်းမှာ မိတ်ဆက် ကြေငြာပေးတာ ဖြစ်ပါတယ်။ Definition ဆိုတာကတော့ memory ထဲမှာ အဲဒီ variable ကို နေရာယူလိုက်တာပဲ ဖြစ်ပါတယ်။ အထက်က ပရိုဂရမ်ထဲမှာ ရေးထားတဲ့ int var1; int var2; ဆိုတဲ့ ကုဒ်နှစ်ကြောင်းဟာ declarations တွေ ဖြစ်သလို definition တွေလည်း ဖြစ်ပါတယ်။ များသောအားဖြင့် အချို့နေရာတွေမှာ အဲဒီ အချက်နှစ်ခုက တူလေ့ ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ definitions မဟုတ်တဲ့ declarations တွေ အကြောင်းကို အသေးစိတ် ရှင်းပြသွားမှာ ဖြစ်ပါတယ်။
Variable Names
Variavle တွေကို နာမည်ပေးတဲ့ နေရာမှာ လိုက်နာရတဲ့ စည်းကမ်း အချို့ ရှိပါတယ်။ နာမည်ကို စာလုံး အကြီး ဒါမှမဟုတ် အသေးနဲ့ ရေးနိုင်ပါတယ်။ 1 ကနေ 9 အထိ ဂဏန်းတွေ ကိုလဲ ထည့်သွင်းနိုင်ပေမယ့် အစ စာလုံးကိုတော့ အက္ခရာနဲ့ပဲ စရမှာ ဖြစ်ပါတယ်။ နာမည် ကြားမှာ space ခြားလို့ မရပေမယ့် under-score (_) ကို တော့ အသုံးပြုလို့ ရပါတယ်။ နာမည်ကို စိတ်ကြိုက် စာလုံးရေ အနည်းအများ ပေးနိုင်ပါတယ်။ စာလုံး အကြီးနဲ့ အသေးကို compiler က ခွဲခြား သတ်မှတ်ထားတာ ဖြစ်လို့ var ဟာ VAR နဲ့ မတူနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။
နောက် ခြွင်းချက် တစ်ခုက C++ မှာ အသုံးပြုဖို့ သတ်မှတ်ထားတဲ့ keywords တွေကိုတော့ နာမည်ပေးတဲ့ အချိန်မှာ ချန်လှပ်ထားခဲ့ရမှာ ဖြစ်ပါတယ်။ (ဥပမာ- if, else, while, do, case, new, class, int, float, double, char,...)။
C++ ပရိုဂရမ်မာ အများစုဟာ variable တွေကို နာမည်ပေးဖို့ စာလုံးအသေးတွေပဲ သုံးလေ့ ရှိပါတယ်။ အချို့ကတော့ စာလုံးအကြီးနဲ့ အသေးကို ရောရေးလေ့ ရှိပါတယ်။ (ဥပမာ - IntVar, dataCount)။ const တွေကို ရေးသားတဲ့ နေရာမှာတော့ စာလုံးအကြီးတွေပဲ သုံးလေ့ ရှိကြပါတယ်။ ဘယ်လိုပုံစံမျိုးပဲရေးရေး ပရိုဂရမ်တစ်ပုဒ်မှာတော့ သတ်သတ်မှတ်မှတ် စတိုင် တစ်မျိုးနဲ့ပဲ ရေးသားသင့်ပါတယ်။ C++ မှာ class တွေနဲ့ function တွေကို နာမည်ပေးတဲ့ နေရာမှာလဲ အထက်ပါ ဥပဒေသများကိုပဲ အသုံးပြုပါတယ်။
Variable တွေကို နာမည်ပေးတဲ့ နေရာမှာ အဲဒီ variable ရဲ့ ရည်ရွယ်ချက်ကို လူတိုင်း နားလည်လွယ်မယ့် နာမည်မျိုးကို ပေးဖို့ လိုပါတယ်။ ဥပမာ ပြောရရင် bT ဒါမှမဟုတ် t ဆိုတာထက်စာရင် boilerTemperature လို့ နာမည်ပေးတာမျိုးက ပိုမိုရှင်းလင်းလွယ်ကူစေပါတယ်။
Assignment statements
အထက်ပါ ပရိုဂရမ်ထဲက var1 = 20; var2 = var1 + 10; ဆိုတဲ့ ကုဒ် နှစ်ကြောင်းကို လေ့လာကြည့်ကြရအောင်။ ညီမျှခြင်း သင်္ကေတ (=) ဟာ တကယ်တော့ သူ့ရဲ့ ညာဘက်က တန်ဖိုးတွေကို ဘယ်ဘက်က variable တွေထဲကို assign ပြုလုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပထမ ကုဒ်စာကြောင်းမှာပါတဲ့ var1 ဟာ ယခင်က တန်ဖိုး မရှိသေးပေမယ့် ဒီကုဒ်ကြောင့် တန်ဖိုး 20 ဖြစ်လာပါတယ်။
Integer Constants
အဲဒီ ပထမ စာကြောင်းမှာ ပါတဲ့ 20 သည် integer constant ပဲ ဖြစ်ပါတယ်။ constants တွေဟာ ပရိုဂရမ် တစ်ပုဒ်မှာ တန်ဖိုး မပြောင်းလဲဘဲ တည်ရှိနေကြပါတယ်။ integer constant တွေကတော့ ဒဿမ တန်ဖိုး မပါရှိဘဲ integer ရဲ့ သတ်မှတ် တန်ဖိုးတွေ အတွင်းမှာ ရှိတဲ့ အပြည့်ကိန်း တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ ကုဒ် ဒုတိယ စာကြောင်းမှာပါတဲ့ (+) သင်္ကေတကတော့ var1 ကို 10 ပေါင်းထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီ 10 ကလဲ နောက်ထပ် integer constant တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို ပေါင်းလို့ ရလာတဲ့ တန်ဖိုးကို (=) operator က var2 ထဲကို assign ပြုလုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
Output Variations
နမူနာ ပရိုဂရမ်ထဲက cout << "var1+10 is "; ဆိုတဲ့ စာကြောင်းက ကျွန်တော်တို့ ယခင် သင်ခန်းစာတွေမှာ လေ့လာခဲ့သလိုမျိုး string constant တစ်ခု (var1+10 is ) ကို display မှာ ပြသပေးမှာ ဖြစ်ပါတယ်။ နောက် စာသား တစ်ကြောင်း ဖြစ်တဲ့ cout << var2 << endl; ကတော့ variable var2 ထဲမှာ သိမ်းဆည်းထားတဲ့ တန်ဖိုးကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပရိုဂရမ်ကို run ကြည့်လိုက်မယ်ဆိုရင် var1+10 is 30 ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ မှတ်သားရမှာ တစ်ခုက cout နဲ့ << operator တွေဟာ integer နဲ့ string တွေကို ခွဲခြား ကိုင်တွယ်နိုင်စွမ်း ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် C language မှာ printf() အသုံးပြုသလို (display လုပ်ရမယ့် variable သာမကပဲ) data type တွေ ခွဲခြားဖို့ %d %c %s တွေ ထည့်ပေးစရာမလိုဘဲ အဆင်ပြေပြေ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
ကျွန်တော်တို့ အနေဲ့ cout နှစ်ကြောင်းက ထွက်လာတဲ့ အဖြေက တစ်ကြောင်းတည်း ဖြစ်နေတာကို သတိထားမိမှာပါ။ အလိုအလျောက် တစ်ကြောင်း ဆင်းသွားတာမျိုး မရှိပါဘူး။ လိုအပ်ရင် ကျွန်တော်တို့ ကိုယ်တိုင် ထည့်သွင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ '\n' လိုမျိုး escape sequence တွေနဲ့ manipulator တွေ အသုံးပြုပုံကို အသေးစိတ် ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
The endl Manupulator
cout နောက်ဆုံး စာကြောင်းထဲက နောက်ဆုံး စကားလုံးဟာ endl ဖြစ်ပါတယ်။ တကယ်တော့ တစ်ကြောင်း ဆင်းချင်တဲ့ နေရာမှာသုံးရတဲ့ manipulator တစ်မျိုးပဲ ဖြစ်ပါတယ်။ '\n' နဲ့ သဘောသဘာဝချင်း တူညီပေမယ့် အသုံးပြုရတာ အဓိပ္ပါယ် ပိုမိုရှင်းလင်းစေပါတယ်။ manipulator တွေကတော့ output stream ကို ပြုပြင်ပုံဖော်ပေးနိုင်တဲ့ ညွှန်ကြားချက်တွေပဲ ဖြစ်ပါတယ်။ endl အနေနဲ့ '\n' နဲ့ မတူတဲ့ အချက်ကတော့ output buffer ကို flush ပြုလုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။
Other Integer Types
အထက်မှာ တင်ပြခဲ့သလိုပဲ int အပြင် အခြား integer data types တွေ ရှိနေပါသေးတယ်။ အသုံးအများဆုံးကတော့ long နဲ့ short ပဲ ဖြစ်ပါတယ်။ (တကယ်တော့ char ဆိုတာလဲ integer data type လို့ ပြောလို့ ရနိုင်ပါတယ်။ နောက်ပိုင်းမှာ အလျင်းသင့်သလို ရှင်းပြပေးသွားပါ့မယ်။) ကျွန်တော်တို့ အထက်မှာ တင်ပြခဲ့သလိုမျိုး int ဟာ system ပေါ်မူတည်ပြီး အရွယ်အစား ကွဲပြားပေမယ့် long နဲ့ short တို့ကတော့ system ပေါ် မူတည်မနေဘဲ အရွယ်အစား သတ်မှတ်ချက် ပုံသေ ဖြစ်ပါတယ်။
long အနေနဲ့ 4 bytes အမြဲနေရာယူလေ့ရှိပြီး 32-bit Windows system မှာ ရှိတဲ့ int နဲ့ အရွယ်အစားချင်း တူပါတယ်။ ဒါကြောင့် long ဟာ -2,147,483,648 ကနေ 2,147,483,647 ကြား တန်ဖိုးရှိတဲ့ ဂဏန်းတွေကို သိမ်းဆည်းပေးနိုင်ပါတယ်။ long ကို နောက်တစ်နည်း long int လို့လဲ ရေးနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ 32-bit system မှာ long ကို သုံးရတာဟာ int နဲ့ တူညီနေလို့ သိပ်မထူးခြားပေမယ့် 16-bit system တွေမှာတော့ 4-bytes နေရာယူတဲ့ integer type တစ်ခုကို ဖန်တီးဖို့ အဆင်ပြေစေပါတယ်။ short ကတော့ 2-bytes နေရာယူပြီး 16-bit system က int နဲ့ အရွယ်အစား တူညီပါတယ်။ short ဟာ -32,768 ကနေ 32,767 ကြားမှာရှိတဲ့ ဂဏန်းတွေကို သိမ်းဆည်းနိုင်ပါတယ်။ short ကိုတော့ ခေတ်သစ် Windows system တွေမှာ သာမန်အားဖြင့် အသုံးပြုလေ့ မရှိဘဲ memory ကို ချွေတာဖို့ သိပ်လိုမှပဲ သုံးကြပါတော့တယ်။ int ဟာ short ထက် နှစ်ဆ အရွယ်အစား ပိုကြီးပြီး အချက်အလက်တွေကိုလဲ ပိုမိုမြန်ဆန်စွာ ရေးဖတ်နိုင်လို့ အသုံးများပါတယ်။ ကျွန်တော်တို့ အနေနဲ့ long data type အမျိုးအစား constant တစ်ခုကို ဖန်တီးချင်တယ် ဆိုရင် ဂဏန်းတန်ဖိုးရဲ့ နောက်မှာ L ကို ကပ်ထည့်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ဥပမာ -
longvar = 7678L; //assigns long constant 7678 to longvar
အသုံးနည်းတဲ့ integer data types တွေ ရှိပါသေးတယ်။ compiler တွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အဲဒီ integer တွေက သူတို့ နေရာယူတဲ့ bits အတိအကျကို သတ်မှတ်ထားပါတယ်။ (1-byte = 8-bits)။ အဲဒီ type တွေရဲ့ အမည်ရှေ့မှာ underscores နှစ်ခု ကို ရှေ့က ခံထားပါတယ်။ ဥပမာ- __int8, __int16, __int32, __int64 တို့ပဲ ဖြစ်ပါတယ်။ __int8 က 32-bit system က char နဲ့ တူညီပြီး၊ __int16 က short နဲ့ __int32 က int နဲ့ long တို့နဲ့ တူညီပါတယ်။ __int64 ကတော့ အကြီးဆုံး integer value ကို ဂဏန်း ၁၉ လုံးအထိ သိမ်းဆည်းနိုင်ပါတယ်။ ဒီ type တွေကို သုံးရာမှာ အရွယ်အစား ပုံသေဖြစ်တဲ့ အားသာချက် ရှိပေမယ့် လက်တွေ့မှာတော့ အသုံးနည်းတာကို တွေ့ရပါတယ်။
နောက်အပတ်တွေမှာတော့ အခြား data types တွေနဲ့ input ပြုလုပ်ပုံတွေကို ဆက်လက် ဆွေးနွေးသွားပါမယ်ခင်ဗျာ။ ဤ ဆောင်းပါးပါ အချက်အလက်များကို စမ်းသပ်ရာမှာ အခက်အခဲ ရှိနေဦးမယ်ဆိုရင် စာရေးသူရဲ့ တင်ပြပုံ ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပါတယ်။ သိလိုသည်များကိုလည်း aungwh2013@gmail.com ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို ပြင်ဦးလွင်သားများ အတွက်လည်း အောက်ဖော်ပြပါ လိပ်စာရှိ တော်ဝင် ကွန်ပျူတာ စင်တာ၌လည်း လေ့လာ စုံစမ်းနိုင်ပါတယ်။

အကိုးအကား
Object-Oriented Programming in C++(4th edition), Robert Lafore, Copyright©2002 by Sams Publishing: ISBN 0-672-32308-7
Dr. အောင်ဝင်းထွဋ် (bluephoenix)
http://www.engineer4myanmar.com
တော်ဝင် ကွန်ပျူတာ စင်တာ
၁၇၉ စ၊ သုမင်္ဂလာ၊ ဈေးလေး အနောက်ဘက်၊ ပြင်ဦးလွင်မြို့