ပညာတတ်ဆိုတာ ဘာလဲ




အကိုကြီး ကိုအောင်ဇော်ဝင်းက ကျွန်တော့်ကို ဆုံးမတဲ့ အနေနဲ့ ပို့ပေးခဲ့တဲ့ သူရေးတဲ့ အဖိုးတန် ဆောင်းပါးလေးပါခင်ဗျာ။
.....
ပညာခေတ်၊ပညာသည်သာ အရာရာဟု ပြောရမလောက်ဖြစ်နေ သောယနေ့ကာလ သည်လူ့သမိုင်း တွင် အချိုးအပြောင်းတစ်ခု အတွက်လမ်းစပေလား၊၊စိတ်ဝင်စားစရာပင်၊၊ ခေတ်နှင့် အဆက်မပြတ်သူ မည်သူမဆို ကျားမ အရွယ်မရွေး ပညာမြှင့်တင် ရေးစိတ်ဝင်စားကြသည်၊၊ ဤ လိုလား နေသောပညာ ဆိုသည် ကို ရောရှင်း ရှင်းလင်းလင်းမြင် ကြပါသလားဆို သည်မှာ လည်း စိတ်ဝင်စားစရာပင်၊၊
...
ပညာ တတ်ဖြစ်ပြီလား၊၊ဘယ်အချိန်မှာ ပညာတတ်ဖြစ် သွားတာလည်း အစရှိသော မေးခွန်းများ ကိုမေး ခဲ့ ဘူးပါသည်၊၊တစ်ချို့ကလည်း ဘွဲ့ရပြီးဖြစ် ၍ ပညာတတ်ဖြစ်ကြောင်းဖြေပါသည်၊၊ တစ်ချို့ကလည်းအသုံးချ အဆင့်မရောက်သေး၍ ဘွဲ့ရ ပညာမတတ် ဟု ဖြေကြသည်၊၊ ၁၅နှစ်ခန့် အနည်းဆုံးကြာအောင် သင်ယူခဲ့ သော သင်ခန်းစာများသည် မည် သည့် အချိန်တွင်ပညာ အဖြစ် ပြောင်းသွားသလဲ ဆိုသည်မှာလည်းစိတ် ဝင်စားးစရာပင်၊၊ထိုမျှကြာ အောင်သင်ခဲ့ သော သင်ခန်းစာများထဲမှ မည်သည့် အစိတ်အပိုင်းများ သည် လက်တွေ့ လုပ်ငန်းခွင် တွင်မည်မျှ အသုံးကျသလဲ၊၊မည်သို့ အသုံးကျသလဲ၊၊ မည်ကဲ့ သို့အသုံးချ ရသလဲ၊ စသည်တို့မှလည်း စိတ်ဝင်စား စရာမေးခွန်းများပင်၊၊ 
...
ကားစီး ဒါ ကားအကြောင်းသိဘို့မလို ဟု စောဒကဝင်စရာ ရှိပါသည်၊၊ (ဥပမာ များသည် ပြဿနာ၊ပုစ္ဆာ တို့၏ သိပ္ပံ နည်းကျ အဖြေမဟုတ်ပါ၊၊) ပညာ သင်ကြားရေးနှင့်ဆက်နွယ်နေသူ တိုင်း ပြည့်ပြည့် စုံစုံ ပညာအကြောင်း သိအပ်ပါသည်၊၊ သို့မှသာ အချိန် ငွေ ကုန် သက်သာပြီး ထိရောက်စွာ အသုံးချနိုင်သော ပညာတတ်များဖြစ်လာမည်၊၊ 
...
အဘိဓာန် အလိုအရ ပညာဆိုသည်မှာ အတွေ့အကြုံအရ၎င်း၊သင်ကြားရေးနည်းလမ်းများ ဖြင့်၎င်း ရရှိအပ်သော သတင်းအချက်လက်၊နားလည်ခြင်း နှင့်ကျွမ်းကျင်မှုရရှိလာ ခြင်းတို့ကို ပညာ ဟုဖွင့်ဆိုပါသည်၊၊ လေ့လာခြင်းကိုဖြတ်သန်းခဲ့ သူ တစ်ဦးအနေဖြင့် ပညာရပ် တို့၏ ယေဘူယျသဘော ကို ဤ သို့ဖွင့် ဆိုလိုပါသည်၊၊ 
...
ပညာဆို သည်မှာ မှန်ကန်ကြောင်းသက်သေခိုင်လုံ သည့် အခြေခံ သီအိုရီများ နိယာမများ ကိုအသုံးပြု ပြီး ဆက်နွယ် စုဖွဲ့ ထားသည့် မှန်ကန်လျက်ရှိသည့်အချက်အလက်များ၊ နည်းလမ်းများ၊၎င်းတို့နှင့်စပ်ဆိုင်ရာကျွမ်းကျင်မှုများ ကို ဆိုလိုပါသည်၊၊ ပညာရပ် လေ့လာသူ တစ်ဦး အနေဖြင့် မိမိ ၏ ဘာသာရပ်ဆိုင်ရာ သုံး အခြေခံသီအိုရီ (fundamental theories)များ ၏ အယူဆပိုင်း ဆိုင်ရာများကို ထိုးထွင်း သိမြင်ကျွမ်းကျင် ဘို့လိုပါသည်၊၊
...
ပုံစံပြ ရလျင် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် လေ့လာ သူ တစ်ဦးအနေ ဖြင့် နယူတန် ၏ အားများနှင့်ဆိုင်သော နိယာမများ ကိုထိုးထွင်း သိမြင်ပိုင်နိုင် ဘို့လိုပါသည်၊၊ မည်မျှ ပိုင်နိုင်ရမည်နည်း ဆိုသော် ကိုယ်တိုင်ပုစ္ဆာ ထုတ်နိုင်အောင်အထိပိုင်နိုင် ဘို့လိုပါသည်၊၊ ပုစ္ဆာများ သည် သီအိုရီကိုရှုထောင့် အမျိုးမျိုးမှ ရှုမြင်လျက် ကိန်းဂဏန်း အစားထိုးစဉ်းစားကြည့်ခြင်း နည်းလမ်း အားဖြင့် ပိုမို ထိုးထွင်းသိမြင် စေရန်ဖြစ်ပါသည်၊၊ 
...
အချို့ပုစ္ဆာများ သည် အသုံး ချ နည်းလမ်းကို ပိုသဘောပေါက်ရန်ဖြစ်ပါသည်၊၊ အခြေခံ သီအိုရီနှင့် နိယာမ များကို မပိုင် နိုင်လျင် အသုံးချ နိုင်သည် အထိမတတ် မြောက်နိုင်ပေ၊၊ ဘာသာရပ်ဆိုင်ရာ အချက်အလက်များနှင့် နည်းလမ်း များ ဆည်းပူးမှု နည်းလျင် တော့ အသုံး ချ နယ်ပယ် မကျုယ်ဝန်းနိုင်ပေ၊၊ 
...
အခြေခံပညာအထက်တန်း(၁၀တန်း) အထိသင်ယူရ သောသင်ခန်းစာများကိုဤ သို့ပိုင်းခြား မြင်နိုင်ပါသည်၊၊ ၉တန်းနှင့်၁၀တန်း တွင်အဓိက သင်ပေးသည်မှာအခြခံသီအိုရီ နှင့် နိယာမများ ဖြစ်ပါသည်၊၊အလယ်တန်းသင်ခန်းစာအချို့ ကိုလည်း ပိုကျယ်ဝန်းစွာသိမြင်စေပါသည်၊၊ကျွမ်းကျင်မှုကို မြှင့်တင်ပေးပါသည်၊၊ အလယ်တန်း တွင်သင်ယူမှုနည်းနာ များကိုအစပျိုးသင်ပေးပါသည်၊၊
...
သိပ္ပံပညာ ရပ်များ အတွက်အရေးပါသောဆင်ခြင်နည်း တစ်ရပ်ဖြစ်သောခြုံယူဆင်ခြင်နည်း(Deduction logic)ကို သုံးတတ်အောင်၊ကျွမ်းကျင်အောင်မိတ်ဆက်ပေး၍ အထက်တန်း၌ ပြည့်စုံစေ မည့်အနေထား ရောက်စေပါသည်၊၊အထူးအားဖြင့် သင်္ချာဘာသာများဖြစ်ပါသည်၊၊
...
သမိုင်းဘာသာများကိုသင်ယူခြင်း ဖြင့် အချက်လက်များထုတ်ယူတတ်ခြင်း၊ဆက်နွယ်စုဖွဲ့ခြင်း(Associate)ပြုလုပ်တတ်ခြင်းအကျိုးများဖြစ်ထွန်စေပါသည်၊၊ ဆက်နွယ်စုဖွဲ့ခြင်း(Associating) သည် ပညာအားလုံး၏ ကျောရိုးဖြစ်ပါသည်၊၊အခြေအနေ တစ်ရပ်အတွက်အကြောင်းခံများ ကြောင့်မည် သည့် အကျိုးပေါ်စေသည့် သင်ခန်းစာ ကို အခြေပြု၍ နောက်အခြေနေ တစ်ရပ်အတွက်မှန်းဆ အဖြေထုတ် တတ်ဘို့လည်းအလေ့ကျင့်ပြုပေးပါသည်၊၊ဤ သည်လည်း ပညာလေ့လာ၊အသုံးချမှု အတွက်အလွန်အရေးပါသော ညှို့ယူဆင်ခြင်ခြင်း(induction logic)ကိုကျွမ်းကျင်အောင်ပျိုး ထောင်ပေးခြင်းဖြစ်ပါသည်၊၊ 
...
ပထဝီဝင် ဘာသာရပ်ကိုသင်ကြားခြင်း၌ အချက်လက်ဆိုင်ရာ ဗဟုသုတများကို အသုံးချမှုအထိဆက်စပ်မြင်နိုင်အောင်၎င်း၊ ဆက်နွယ်စုဖွဲ့ခြင်းကျွမ်းကျင်မှုကိုမြင့်တက်စေခြင်း အကျိုးကို၎င်း ရရှိစေပါသည်၊၊ ပညာနှင့် ပညာရှာဖွေခြင်းကိုအများ နှင့်ရင်းနှီးမှု ရှိသည့် မီးဖိုဆောင်အလုပ်ကိစ္စများ နှင့် နှိုင်းယှဉ်တင်ပြလိုပါသည်၊၊ ပစ္စည်းများ၏ ဂုဏ်သတ္တိကို ခွဲခြားနားလည်ခြင်း သည် သီအိုရီနှင့် နိယာများ ကိုပိုင်နိုင်ခြင်း နှင့်ထပ်တူပြုလိုပါသည်၊၊ စကော ဆန်ကာများ၊အရည်စစ်ကိရိယာများ ကို သရုပ်ခွဲကိရိယာ(analytical tools)နှင့်ထပ်တူပြုလိုပါသည်၊၊ အရည်သွေးကိုသိခြင်း၊ခွဲခြားနိုင်ခြင်း တို့ကို ကျွမ်းကျင်မှုနှင့်ထပ်တူပြုလိုပါသည်၊၊ 
...
ဟင်းချက်နည်းများ ကို အချက်လက်များ နှင့်စပ်ဆိုင်သောဆင့်ပွားသီအိုရီများ၊နည်းလမ်းများ အဖြစ် ကိုယ်စားပြုလိုပါသည်၊၊ နေ့စဉ်ဈေ းဝယ်ခြင်း၊လိုအပ်သောပစ္စည်းများ ကိုဖြည့်တင်းခြင်း၊ပစ္စည်း အသီးသီးကို နေရာမှန်ခွဲ ခြားသိမ်းဆည်းခြင်းတို့ကိုမူ အချက်လက်များ စုဆောင်းခြင်း၊သရုပ်ခွဲခြင်း ဆက်နွယ်စုဖွဲ့ခြင်းကို ကိုယ်စားပြုလိုပါသည်၊၊ ထိုနောက်ဤ သို့ ပြောကြားလိုပါသည်၊၊ ပညာတတ် မီးဖိုဆောင်ကို ပုံမှန်ဖြစ် အောင် ထိန်းသိမ်းနိုင် ပြီး ဟင်းပွဲများကိုချို့တဲ့မှုမရှိ ဖြစ်အောင် ချက်တတ်သူ၊ ပညာချွန် လေလွင့်မရှိ ထိန်းသိမ်း နိုင်ပြီး အရသာ ကောင်းလှသော ဟင်းပွဲများ ချက်နိုင်သူ၊ ပညာရှင် နေ့စဉ်သုံး အမယ်များမှ ပင် ထူးခြား ကောင်းမွန်သော ဟင်းပွဲသစ်များကိုတီထွင် ချက်နိုင်သူ၊ ကျွမ်းကျင်ပညာသည် ဆားနှင့်သကြား ရောသွားခြင်းကို ပြန်ခွဲပေး နိုင်သူ ဟူ၍ပင်ဖြစ်ပါသည်၊၊ 
...
ထို့နောက်တွင် မီးဖိုဆောင် တွင် ဘာမှ ပြည့်စုံအောင် မထားနိုင်သူ ပစ္စည်း အမယ်များ ကိုရောနှော စုပုံထား၍ ကောင်းစွာပြန်ရှာ မရသူ ဆားအိုးထဲ၊သကြားပုန်းထဲအိတ်ခွံများထည့်တတ်သူ၊ဟင်းထဲ ၌ အမှိုက်ပါလေ့ရှိသူ၊ ပြည့်စုံမှု ရှိသော်လည်း ဟင်းတစ်ပွဲမှ ဖြစ်မလာသူ၊ အလေး၊အပေါ့၊ဆီအနဲအများ၊အနူးအနပ်မှန်အောင် မချက်တတ်သူ၊ ငါးပိထောင်းထဲ မဆလာထည့်သူ၊ ဝယ်ထားသော ဟင်းပွဲ ကိုယ်ချက် သကဲ့သို့ ပြောသူ၊ မိမိထင်ရာ ရောနှော ထားပြီး စားမဖြစ်မှန်း သိသောဟင်း ကို ဟင်းကောင်းဟု ဇွတ်ပြောသူ၊ ကိုယ်ချက်သော ဟင်း ကို ကောင်းမှန်းမကောင်းမှန်း မခွဲနိုင်သူ၊ တို့ အတွက် မှတ်ချက်ကိုတော့ ကိုယ်တိုင်ဘဲ ပေးကြည့်ကြပါ ခင်ဗျား၊၊

Please Share This Post

Share on Facebook Plus on Google+