အရေးပေါ် အခြေအနေတွင် ဈေးနှုန်းသက်သာစွာနှင့် အလွယ်တကူ တည်ဆောက် အသုံးပြုနိုင်သော Foldable boat


အသုံးပြုထားသော ရေလုံ Corrugated ပလတ်စတစ် (CoroPlast) သည် လေးပေ×ရှစ်ပေ တစ်စလျှင် ဒေါ်လာ ၃၀ သာ ကုန်ကျသဖြင့် အလွန်ဈေးနှုန်းသက်သာသည့် လှေအမျိုးအစား ဖြစ်သည်။

အသုံးပြုပုံနှင့် တည်ဆောက်ပုံ နည်းစနစ်
 ခေါက်နိုင်သိမ်းနိုင်သော လှေများသည် ပလတ်စတစ်ပြား တစ်ပြားတည်းကိုသာ အဓိက အသုံးပြုထားသဖြင့် ရေကြောင်းအတားအဆီးများကို အလွယ်တကူ ကျော်လွှားနိုင်ပြီး သေးငယ် ပေါ့ပါးသလောက် စိတ်ချယုံကြည်စွာ စီးနင်းနိုင်သည့်အပြင် အလွယ်တကူ ပြန်လည် ခေါက်သိမ်းကာ အကြိမ်ကြိမ် ပြန်လည် အသုံးချနိုင်စွမ်းလည်း ရှိပါသည်။
ဖွဲ့စည်းတည်ဆောက်ထားမှုအသေးစိတ်အချက်အလက်များ(System Specifications)
 အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) လှေ၏ အဓိက အစိတ်အပိုင်းကို CoroPlast ပလတ်စတစ်ပြား တစ်ပြားတည်းဖြင့် တည်ဆောက်ထားပါသည်။ ခေါက်ယူမည့် လိုင်းကြောင်းများကို ပထမဦးစွာ စာရွက်ပေါ်တွင် ဒီဇိုင်းပြုလုပ်၍ ပြည့်စုံသည့်အခါတွင် အချိုးကိုက် ပလတ်စတစ်ပြားပေါ်သို့ ကူးယူရေးဆွဲရပါသည်။
(ခ) ထိုသို့ ဒီဇိုင်းပြုလုပ်ရာတွင် လှေဝမ်းခိုင်မာတောင့်တင်းမှု ရှိစေရန် အထူးဂရုပြုရေးဆွဲရမည် ဖြစ်ပါသည်။
(ဂ) ဒီဇိုင်းပြုလုပ်ထားသည့် ခေါက်ရိုးများအတိုင်း အလွယ်တကူ ချိုးနိုင်စေရန် အသွားလုံးသည့် ပေတံကဲ့သို့သော အရာဖြင့် အသာအယာ ချိုးယူရမည် ဖြစ်ပါသည်။ ထို့နောက် လှေ၏ ထိပ်နှစ်ဘက် တောင့်တင်းမှုရှိစေရန် ပုံတွင် ပြထားသည့်အတိုင်း ခေါက်ယူကာ ကလစ်များဖြင့် ယာယီထိန်းပေးထားရန် လိုအပ်ပါသည်။
(ဃ) လှေဝမ်းတွင် တောင့်တင်းမှုရှိစေရန် အထပ်သား သို့မဟုတ် ထင်းရှုးပြားဖြင့် ခံ၍ထားရပါမည်။
(င) လှေထိပ်နှစ်ဘက်နှင့် ဘေးဘောင်များကို တောင့်တင်းမှုရှိစေရန် သစ်သားပြားများကို ဝါရှာများ ဝက်အူရစ်များဖြင့် ထိန်း၍ ပုံပါအတိုင်း တပ်ဆင်ပေးရန် လိုအပ်ပါသည်။
(စ)  ဘေးဘောင်နှစ်ဘက်ကို ပုံပါအတိုင်း ဒီဇိုင်းပြုလုပ်ထားသည့် သစ်သားဒေါက်များ ခံပေးခြင်းအားဖြင့် လှေတစ်စင်းကို ရရှိမည် ဖြစ်ပါသည်။
 မှီငြမ်းအင်တာနက်ဝက်ဆိုဒ်များ
http://forum.trailersailor.com






             




Please Share This Post

Share on Facebook Plus on Google+