စာဖတ်သူများကို ကျွန်တော့် အနေနဲ့ မေမြို့က စာရေးသူ တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ တကယ်တော့ အဲဒီ စာရေးသူဟာ M.A(Buddhism) ဘွဲ့ကို ရရှိထားတဲ့ ဆရာတော် တစ်ပါးပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ဘွဲ့တော်က ဘဒ္ဒန္တစန္ဒသီရိ ဖြစ်ပါတယ်။ ဒါပေမယ့် ဓမ္မဒီပ ဆရာတော် အမည်နဲ့ လူသိပိုများပြီး ကျော်ကြားပါတယ်။ ဆရာတော်အနေနဲ့ ဓမ္မဆောင်းပါးများကို စာစောင် အသီးသီးမှာ ရေးသားခဲ့သလို အထက်ပါ ဆောင်းပါးများကို စုစည်းပြီး "သတိ..ကျန်ရှိပစ္စည်းတာဝန်မယူ" ဆိုတဲ့ ဓမ္မဒီပ စာစဉ် အမှတ်(၁) ကို ထုတ်ဝေ ဖြန့်ချီခဲ့ပြီးလည်း ဖြစ်ပါတယ်။ အခု ဆရာတော်ရဲ့ ညွှန်ကြားချက်အရ ဓမ္မဆောင်းပါးများကို တဖြည်းဖြည်းခြင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူများ တရားသံဝေဂ ရနိုင်ကြပါစေ ခင်ဗျား။
ဒေါက်တာ အောင်ဝင်းထွဋ်