William Henry “Bill” Gates III သည် အောက်တိုဘာလ ၂၈ ရက် ၁၉၅၅ တွင် မွေးဖွားခဲ့ပြီး အောင်မြင်၊ ချမ်းသာသော စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ သူသည် ဆင်းရဲသားများကို ငွေကြေးထောက်ပံ့တတ်သူတစ်ဦးဖြစ်ပြီး Microsoft company ကို Paul Allen နှင့် အတူ တည်ထောင်ခဲ့သည်၊ သူသည် ၂၀၀၉ ခုနှစ် ပတ်ဝန်းကျင်တွင် ကမ္ဘာ့အချမ်းသာဆုံး လူများထဲမှ တစ်ယောက်ဖြစ်ပါသည်။ သူသည် Microsoft ၌ အလုပ်လုပ်နေဆဲအချိန်တွင် CEO အဖြစ်လည်းကောင်း၊ Chief Software Architect အဖြစ်လည်းကောင်း တာဝန်ယူခဲ့ပါသည်။ သူသည် စာအုပ်ပေါင်းများစွာကို ကိုယ်တိုင် ရေးသားခဲ့သလို အခြားစာရေးဆရာများနှင့်လည်း အတူတွဲဖက်ရေးသားဖူးသည်။
Gates သည် personal computer များတိုးတက်မှုအတွက် အတတ်ကျွမ်းဆုံးသော စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦး ဖြစ်ပါသည်။ သူကလူအများ၏လေးစားခြင်းကိုခံရပါသည်။ သို့သော်လည်း စီးပွားရေးသမားအများစုကတော့ သူ့ရဲ့စီးပွားရေးလုပ်ရပ်တွေသည် မျှတစွာယှဉ်ပြိုင်ခြင်းမရှိဟု ထင်မြင်ယူဆကြပါသည်။ အချို့ကိစ္စများဆိုလျင် တရားစွဲဆိုခြင်းပင် ခံခဲ့ရပါသည် (Criticism Of Microsoft တွင်ကြည့်ပါ)။ သူ၏ အလုပ်အတွင်း နောက်ပိုင်းနှစ်များတွင် သူသည် ဆင်းရဲသားထောက်ပံ့သူ အများကိုထောက်ပံ့ခဲ့ပြီး၊ လူမှုဖူလုံရေးအဖွဲ့အစည်းများ နှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများကို ၂၀၀၉ ခုနှစ် တွင် တည်ထောင်ခဲ့သည့် Bill & Melinda Gates Foundation မှတဆင့် ငွေအမြောက်အများကို လှူဒါန်းခဲ့ပါသည်။
Bill Gates သည် ဇန်န၀ါရီလ ၂၀၀၀ ခုနှစ်တွင် Microsoft Company ၏ chief executive officer အဖြစ် ရာထူးလျော့ချ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ Chairman နှင့် Chief software architect အဖြစ်တော့ ဆက်လက် တာဝန်ယူဆောင်ရွက် နေပါသေးသည်။ ဇွန်လ ၂၀၀၆ ခုနှစ် တွင် Gates က သူသည် Microsoft ၏ အချိန်ပြညှ်ု (full time) အလုပ်မှ အချိန်ပိုင်း (part-time) အလုပ် သို့ ပြောင်းလဲပြီး Bill & Melinda Gates Foundation တွင် အချိန်ပြညှ်ု (full time) အလုပ် အဖြစ် ပြောင်းလဲလုပ်ကိုင်မည်ပာု ကြေငြာခဲ့ပါသည်။ သူသည် သူ၏ တာဝန်များကို chief software architect ဖြစ်တဲ့ Ray Ozzie နှင့် chief research and strategy officer ဖြစ်တဲ့ Craig Mundie တို့အား တဖြည်းဖြည်း လွဲပြောင်းပေးခဲ့ပါသည်။ Gates ၏ Microsoft Company ရဲ့ အချိန်ပြညှ်ု (full time) အလုပ် နောက်ဆုံးနေ့ သည် ၂၇ ရက် ဇွန်လ ၂၀၀၈ ခုနှစ် ဖြစ်ပါသည်။ သူသည် Microsoft ၏ အကြံပေးအဖြစ်တော့ ရပ်တည်နေပါသေးသည်။
အစောပိုင်း ဘ၀အခြေအနေ
Gates သည် Washington မြို့ Seattle အရပ် တွင် ဖွားမြင် ခဲ့ပါသည်။ ဖခင် မှာ William H. Gates ဖြစ်ပြီး မိခင် မှာ English, German နှင့် Scotch-Irish သွေးစပ်သူ Mary Maxwell Gates တို့ ဖြစ်ကြပါသည်။ Gates’ မိသားစု သည် အသင့်အတင့် ချမ်းသာသော လူလတ်တန်းစား မိသားစု ဖြစ်ပြိး William H. Gates သည် နာမည်ကြီးသောရှေ့နေ တစ်ဦး ဖြစ်ပါသည်။ Mary Maxwell Gates သည် First Interstate BancSystem နှင့် United Way တို့၏ ဒါရိုက်ဝာာ ဘုဝာ် အဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ သူမ ၏ အဖေ ဖြစ်သူ J. W. Maxwell အမျိုးသားဘဏ် ဦးစီးမှုး ဖြစ်ခဲ့ပါသည်။ Gates တွင် အစ်မကြီး ဖြစ်သူ Kristi (Kristianne) နှင့် ညီမငယ် ဖြစ်သူ Libby ရှိပါသည်။ Gates သည် လေးယောက်မြောက် မိသားစုဝင် ဖြစ်သော်လည်း သူ့ကို William Gates III (သို့မဟုတ်) “Trey” ဟုသာသိရှိ ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် William H. Gates က Bill Gates ၏ “III” ဆိုသော အပိုင်းကို ဖြုတ်ချခဲ့ပါသည်။ သူ၏ အစောပိုင်း ဘ၀ တွင် Gates ၏ မိဘများသည် ၄င်းအား ရှေ့နေ အလုပ် ကို လုပ်စေချင်ခဲ့ကြပါသည်။
၁၃ နှစ် အရွယ်တွင် သူသည် Lakeside ကျောင်းသို့ ၀င်ရောက်ခဲ့ပါသည်။ Gates သည် General Electric (GE) system များကို BASIC ဖြင့် program ရေးခြင်းကို စိတ်ဝင်စား ခဲ့ပါသည်။ သူ၏ ၀ါသနာ အတွက် သချာင်္ အတန်းများ ကိုပင် မတက်ရောက်ပဲ နေခဲ့ပါသည်။ သူ၏ ပထမဆုံး program ကို ထို computer နှင့်ပင် ရေးသားခဲ့ပါသည်။ ထို program မှာ tic-tac-toe ကစားနည်းကို user နှင့် computer ယှဉ်ပြိုင်ကစားစေခြင်း ဖြစ်ပါသည်။ Gates သည် computer များနှင့် software code များ ဘယ်လို ကောင်းကောင်းမွန်မွန် execute လုပ်ခြင်းကို စိတ်ဝင်စား ခဲ့ပါသည်။ သူက အဲ့ဒီအချိန်များကို ပြန်လည်စဉ်းစား ကြည့်လိုက်လျှင် “စက်တွေ နဲ့ပက်သတ်ပြီး ကောင်းတာတွေ ရှိခဲ့ပါတယ်” ပာု ပြောဆို ခဲ့ဖူးပါသည်။ Mothers Club က လှူဒါန်း တာတွေ ပြီးနောက်တွင် Gates နှင့် သူ၏ သူငယ်ချင်း များသည် DEC PDP microcomputer ကဲ့သို့သော system များကို ရှာဖွေခဲ့ပါသည်။ ထိုရှာဖွေသည့် အထဲတွင် Computer Center Corporation(CCC) မှ ပိုင်ဆိုင် သည့် PDP-10 ကဲ့သို့သော Computer System များလည်း ပါဝင် ပါသည်။ Gates, Paul Allen, Ric Weiland နှင့် Kent Evans တို့သည် ထို PDP-10 Computer ထဲသို့ bugs (Virus) များ ထည့်သွင်းခြင်း ကြောင့် ကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရပါသည်။
ကျောင်းထုတ်ခံရပြီး နောက်တွင် ထိုလေးယောက်သည် ၄င်းတို့အား Computer သုံးဆွဲခွင့်ပေးလျင် CCC ၏ software များ ထဲတွင် bug (Virus) များရှာဖွေပေးမည် ပာု ကမ်းလှမ်းခဲ့ပါသည်။ Teletype system များကို အသုံးပြု မည့်အစား Gates သည် CCC’s ဌာန သို့ ၀င်ရောက် ခဲ့ပြီး FORTRAN, LISP နှင့် machine language များအပါအ၀င် system ပေါ်တွင် Program အမျိုးမျိုးကို run သည့် source code များ ကို လေ့လာ ခဲ့ပါသည်။ Company မဖျက်သိမ်းခင် အထိ CCC တွင် ၁၉၇၀ ခုနှစ် အထိ ဆက်လက် လေ့လာ ခဲ့ပါသည်။ နောက်ပိုင်းနှစ်များတွင် Information Sciences Inc. က Lakeside ကျောင်းသား လေးဦး ကို COBOL programming ကို အသုံးပြုပြီး payroll program ရေးသား ရန် ဌားရမ်း ခဲ့ပါသည်။ သူ၏ ညွှန်ကြားရေးမှုး က သူ၏ programming စွမ်းရည်ကို သတိထားမိပြီး နောက်တွင် Gates အား ကျောင်း ၏ ကျောင်းသား အချိန်စာရင်း များကို computer program ရေးသား စေခဲ့ပါသည်။ ထို့ကြောင့်လည်း သူသည် ကျောင်းသူအများအပြားနှင့်အတူ အတန်းထဲတွင် နေရာရရှိရန် computer program source code များကို ပြောင်းလဲ ခဲ့ပါသည်။ နောက်ပိုင်းတွင် သူသည် “ကျွှန်တော် ဘာမဆို ဖြစ်အောင် လုပ်နိုင်တဲ့ ဒီစက်တွေ နားကနေ ဖယ်ခွာဖို့ ခက်ခဲ ခဲ့ပါတယ်” ပာုပြောကြားခဲ့ပါသည်။ ၁၇ သားအရွယ် တွင် Gates သည် Allen နှင့်အတူ Traf-O-Data ပာု အမည်ပေးထားသည့် ကွင်းဆင်းလေ့လာ မှုတစ်ခု ပြုလုပ် ခဲ့ပါသည်။ ထိုလေ့လာမှု ၏ ရည်ရွယ်ချက် မှာ မီးပွိုင့် counter များကို Intel 8008 processor များ အသုံးပြုပြီး ဖန်တီး ပြုလုပ်ရန် ရည်ရွယ် ပါသည်။ ၁၉၇၃ အစောပိုင်း တွင် Bill Gates သည် U.S. House of Representatives တွင် ….အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါသည်။
Gates သည် Lakeside ကျောင်းမှ ၁၉၇၃ ခုနှစ် တွင် ဘွဲ့ ရရှိ ခဲ့ပါသည်။ သူသည် SAT ဘာသာ အား ပေးမှတ် ၁၆၀၀ ရမှတ် ၁၅၉၀ ရရှိ ခဲ့ပြီး ၁၉၇၃ ခုနှစ် ဆောင်းရာသီ တွင် Harvard သက္ကိသိုလ် သို့ ချက်ချင်း ၀င်ရောက် ခဲ့ပါသည်။ အစောပိုင်း ၁၉၉၀ ခုနှစ် အလယ်ပိုင်း တွင် SAT ဘာသာ အား ရမှတ် ၁၅၉၀ က IQ ၁၇၀ နှင့် ညီမျှ ပါသည်။ Harvard သက္ကိသိုလ် တက်ရောက် နေစဉ် တွင် သူ သည် သူ ၏ အနာဂတ် တွင် လက်တွဲ ရမည့် စီးပွားရေး ပါတနာ ဆိုသူ နှင့် တွေ့ဆုံ ခဲ့ပါသည်။ Steve Ballmer ကို နောက်ပိုင်းတွင် Microsoft Company ၏ CEO အဖြစ် ရာထူး ခန့်အပ် ခဲ့ပါသည်။ သူ သည် လည်း Harvard သက္ကိသိုလ် မှ ကွန်ပျူတာသိပ္ပံပညာရှင် Christos Papadimitriou နှင့် တွေ့ဆုံ ခဲ့ပြီး သူ နှင့်အတူ pancake ပြုလုပ်ပုံ အဆင့်ဆင့် ကို စာရွက်ပေါ်တွင် ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည်။ Gates သည် Harvard သက္ကိသိုလ် ၌ ကျေင်းတက် နေစဉ် မှာပင် သူ့တွင် လေ့ကျင့်ရေး အစီအစဉ် (study plan) နှင့် တိကျစွာ လေ့လာခြင်း ပာူ၍ မရှိဘဲ ကျောင်း ကွန်ပျူတာ အသုံးပြုခြင်း နှင့်ပင် အချိန် တော်တော်များများ ကုန်ဆုံးခဲ့ပါသည်။ Gates သည် Paul Allen နှင့် အဆက်အသွယ် ကျန်ရှိ နေပြီး နွေရာသီ ၁၉၇၄ ခုနှစ် တွင် Honeywell ၌ အတူ ပူးပေါင်း ခဲ့ပါသည်။ နောက်ပိုင်း နှစ်များတွင် Gates နှင့် Allen သည် Intel 8080 CPU ကို အခြေခံသည့် MITS Altair 8800 ၏ ထုတ်ပြန်ချက် ကို တွေ့ရှိ ခဲ့ပြီး အလားတူ သူတို့၏ ကိုယ်ပိုင် computer software company ကို စတင်ရန် အခွင့်အလမ်း ကို တွေ့ရှိ ခဲ့ပါသည်။ သူသည် အဲ့ဒီ အခွင့်အလမ်း လျင်လျင် မြန်မြန် ဆုံးဖြတ် နိုင်ရန် သူ၏ parenters များနှင့် စကားပြော ခဲ့ပါသည်။
အပိုင်း (၂) ဆက်ရန် ……

ခွန်းချို