ကျွန်တော့် ပုံရိပ် ၂၀၁၀

      လောလောဆယ် ကျွန်တော့် အနေနဲ့ ၂၀၁၀ မှာ အထွေထွေ လေ့လာရေးတွေ လုပ်နေပါတယ်။ ဘာသာရပ်ပေါင်း ၁၀ ခုလောက်ကို တလှည့်စီ တပြန်စီ မြည်းစမ်းကြည့်ရင်း တစ်ဘက်ကလဲ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်တွေကို ပရိုက်ဗိတ် ပြန်သင်ပေးနေပါတယ်။ IDCS courses တွေကို ကျူရှင်သဘောမျိုး SAT, SUN မှာ သင်ပေးနေသလို Programming Basic Course အဖြစ် C++ သင်တန်း ပေးနေပါတယ်။ ပရိုဂရမ်းမင်း အခြေခံက ကနေ system ပိုင်းကို low level အထိ ဆင်းရေးနိုင်အောင် သင်ပေးဖို့ ကြိုးစားနေပါတယ်။ ဂရပ်ဖစ် ပရိုဂရမ်းမင်း အပိုင်းလဲ နည်းနည်းပါးပါး သင်ပေးတယ် ဆိုပါတော့။ ကွန်ပျူတာ သင်ရင်း လိုအပ်တဲ့ basics sciences တွေ ဖြစ်တဲ့ သင်္ချာနဲ့ ရူပဗေဒ အပါအဝင် အထွေထွေ ဗဟုသုတတွေနဲ့ အတွေးအခေါ်ပိုင်းတွေကို စိတ်ဝင်စားလာအောင် မိတ်ဆက်ပေးပါတယ်။ ဒီလို နွေရာသီ မှာ ပြင်ဦးလွင် က IDCS ကျူရှင် နဲ့ အခြေခံကောင်းကောင်း ရမယ့် ကွန်ပျူတာ သင်တန်း တက်လိုသူများ အီးမေးလ် လိပ်စာ aungwin.htut@gmail.com ကို ဖြစ်စေ ဖုန်းနဲ့ ဆိုရင် ၀၉၅၂၈၂၀၂ ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ သားသမီး၊ ညီအကို မောင်နှမများကို အတွေးအခေါ် အဆင့်အတန်း မြင့်မားပြီး နိုင်ငံတကာ အဆင့်မီ ပညာရေးမျိုးနဲ့ မိတ်ဆက်ပေးခွင့်ပြုပါ ခင်ဗျာ။
     နောက်တစ်ခုက ကြော်ငြာဆန်ဆန် ဆောင်းပါး လေးတွေလဲ ရေးပေးနေပါတယ်။ ကျွန်တော့် ဆိုဒ် http://www.engineer4myanmar.com မှာ ကြော်ငြာထည့်ချင်ရင် ဖြစ်စေ။ သီးသန့် ဆိုဒ်တစ်ခု ဖန်တီး ချင်ရင် ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
     ပြင်ဦးလွင်မှ လူကိုယ်တိုင် ဆက်သွယ်ချင်သူများအတွက် ကတော့ လင်းထက် လေ့ကျင့်ရေး ဘော်ဒါ၊ CC- ၈၆ -၈၇၊ လမ်းသွယ်(၁)၊ လေးမျက်နှာ ဘုရားနှင့် လားရှိုးလမ်းမကြီး အနီး၊ ရကက(၁၀)၊ ပြင်ဦးလွင် (ဖုန်း-၀၉၅၂၈၂၀၂) ဆိုတဲ့ လိပ်စာမှာ လာရောက် ဆက်သွယ် စုံစမ်း နိုင်ပါတယ်။
စာဖတ်သူ မိတ်ဆွေများမှာ ပြင်ဦးလွင်က ဆွေမျိုးသားချင်း အဆက်အသွယ်များ ရှိခဲ့ရင် ဒီသတင်းလေးကို ထပ်ဆင့် ဖြန့်ဖြူးပေးပါလို့လည်း မေတ္တာရပ်ခံပါတယ်။
ခင်မင် လေးစားလျက်
ဒေါက်တာ အောင်ဝင်းထွဋ်

Please Share This Post

Share on Facebook Plus on Google+