Longman Photo Dictionary of American English (illustrated)

     ကျွန်တော် ဒီနေ့ မထင်မှတ်ပဲ စာအုပ်တွေ ရှာရင်းနဲ့ gigapedia.org မှ Longman Photo Dictionary of American English (illustrated) ကို တွေ့လိုက်ရပါတယ်။ အရမ်းပျော်ပြီး ဖွင့်ဖတ်မိတော့ ကျွန်တော့်အတွက် အလွန်အသုံးဝင်မှန်း သိလိုက်ရ တယ်လေ။ ပုံတွေနဲ့ ဆိုတော့ ကျက်ရ မှတ်ရ လွယ်ကူတဲ့ အတွက်ကြောင့် ကိုယ့်လိုပဲ အင်္ဂလိပ်စာကို လေ့လာသူများကို ဒီနေရာကနေ ဝေမျှ ပေးလိုက်ရတာပါ။
     ဒီစာအုပ်လေးမှာ ရေတွက်ပုံတွေ၊ အားလပ်ရက်၊ လူအမည် နဲ့ အခေါ်အဝေါ်များ၊ အိမ်နဲ့ အဆောက်အဦးများ၊ ကျန်းမာရေး၊ အဝတ်အစား ဖက်ရှင်၊ အလုပ်အကိုင်၊ ခရီးသွားလာမှု၊ ဆက်သွယ်ရေး၊ အားကစား အပန်းဖြေ အနားယူခြင်း၊ အိမ်မွေး တိရိစ္ဆာန်၊ ခန္ဓာဗေဒ၊ တက္ကသိုလ်၊ ကျောင်း၊ အစားအစာ၊ တောတောင်ရေမြေ သဘာဝ ရှုခင်းတွေ၊ ရုံးလုပ်ငန်းဆိုင်ရာ၊ ကွန်ပျူတာနဲ့ အီလက်ထရောနစ် အခေါ်အဝေါ်များ၊ သဒ္ဒါဆိုင်ရာ အသုံးအနှုန်းများ စတာတွေကို ရုပ်ပုံတွေ ဝေဝေဆာဆာနဲ့ ရှင်းလင်းပြထားတာ တွေ့ရပါတယ်။ ဒါ့အပြင် CD နှစ်ချပ်စာ အသံဖိုင်များပါ ပါဝင်တာကြောင့် ကျွန်တော့်ရဲ့ အွန်လိုင်း စာဖတ်သူ မိတ်ဆွေများ အနေနဲ့ လွယ်လင့်တကူ လေ့လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ဖိုးနေ
download links
  1. file1(ifile.it)
  2. file2(ifile.it)
  3. file3(ifile.it) 
  4. file4(ifile.it)

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

i can't download file3.
pls check for us
thanks