အလွမ်းတွေ သည်းနေတုန်းဆိုတော့ အဲဒီတုန်းက တစ်ရက်တည်းကို ကဗျာနှစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ အိပ်၍မပျော်သော ညများ ပေါ့နော်…
အကယ်၍သာ….."ကောင်း" ရယ်နှင်းသည်းတဲ့ နိုင်ငံမှာမောင်စိုက်တဲ့ အလွမ်းသစ်ပင်ယှဉ်နိုင်သူ ယှဉ်ရော့ပဲ။ရေခြား၊ မြေခြားအို… ကမ္ဘာတောင် ခြားထားပြီပဲရင်ထဲမှာ သွေးစက်လက်နဲ့အလွမ်း ဒါဏ်ရာတွေ ဗလပွမို့ဒီမောင်မှာ အခါခါ စိတ်တင်းလဲလွမ်းတေးဆို၊ ငိုချင်နေမိတုန်းပဲလေ။ညနက်နက်တွေ တိုင်းလဲကြယ်စင်တွေ ရေတွက်ရင်းမိုးအလင်းမှာ အိမ်ပြန်ချင်မိတယ်။တကယ်တော့ဒီအလွမ်းတွေကိုခွန်အားတွေ အဖြစ် ဖန်ဆင်းဖို့တောင်ပံ တစ်စုံကို ဝတ်ဆင်ပြီးပျံသန်းခဲ့ပါ ချစ်သူရေ။ဘလူးဖီးနစ်ရုရှရောက် ကဗျာ အမှတ်(၂)၃၀-၀၉-၂၀၀၂
ဒီအချိန်လေးက အလွမ်းပင်လယ်ထဲ လက်ပစ်ကူးနေချိန်လေးဆိုတော့ လွမ်းတာတွေ များများပါနေတာ နားလည်ပေးပါဗျာ။ ခုနေ ပြန်ဖတ်ကြည့်တာ ခက်ရှက်ရှက်ပဲ။ ဒါပေမယ့် အမှတ်တရမို့ တင်ဖြစ်တာပါ။ ဆက်ရန်.........