၂-၁၀-၂၀၀၂ နေ့ မနက်စောစော မြန်မာသံရုံးကို သွားခဲ့ကြတယ်။ မီသရို မြေအောက်ရထားကို ပထမဆုံးအကြိမ် စီးဘူးတာပါပဲ။ မြေအောက်ထဲက ကြွက်တွင်းတွေထဲမှာ ဥဒဟို သွားလာနေတဲ့ သူတွေ ကို ကြည့်ရတာ ပုရွက်ဆိတ်တွေ အစာရှာထွက်နေကြသလိုပဲလေ။ ဘယ်သူ့ကို ဘယ်သူကမှ ဂရုစိုက်မနေအားတဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို ကြည့်ပြီး တိုးတက်မှုရဲ့ ဆိုးကျိုးတစ်ချို့ကို ဆင်ခြင် သုံးသပ်မိတယ်။ တကယ်က သဘာဝတရားကြီးက ဘယ်အရာကိုမဆို balance ပြန်လုပ်ပေးထားတယ်လို့ လဲ ခံစားမိတယ်။ သံရုံးမှာ သံအမတ်ကြီးဆုံးမလိုက်တဲ့ စကားတွေကိုလဲ ပြန်ကြားယောင် နေမိတယ်။
စိန်ခေါ်မှု အသစ်တွေ မင်းတို့ တွေ့ရတော့မယ်။ အတားအဆီး (၃) ခု က မင်းတို့ ရည်မှန်းချက်တွေကို လွယ်လွယ်နဲ့ မရအောင် ကာဆီးထားလိမ့်မယ်။ (၁) ဘာသာစကား (၂) ရုရှ ဘာသာနဲ့ လက်ချာလိုက်၊ စာမေးပွဲဖြေဖို့ သီအိုရီအခြေခံ (၃) မိမိသိရှိထားသမျှ လုပ်ဆောင်ထားသမျှကို စာတမ်းရေးသားတင်သွင်းပြီး ဖတ်ကြားနိုင်ဖို့။ နိုင်ငံတော်က ကျောင်းသားတစ်ယောက်ကို ပညာသင်နိုင်ဖို့ အကုန်အကျ အများကြီး ကျခံထားရတယ်။ ဒါကို ကုန်ရကျိုးနပ်အောင် ကြိုးစားဖို့လိုတယ်။ မြန်မာပြည်မှာ ကြိုးစားခဲ့စဉ်ကထက် ၂ ဆ အနည်းဆုံး ပို လုပ်ရမယ်။
ဆုံးမ စကားတွေကို နားထောင်ရင်း ရည်မှန်းချက်တွေကို ပြန်သတိရလာတယ်။
ငါ ရုရှက ပညာကို ရအောင်သင်ခဲ့မယ်။ သူတို့ မပေးရင် ရတဲ့ နည်းနဲ့ ရအောင်ယူမယ်။ မြန်မာပြည်မှာ ဒီပညာရပ်တွေကို ပြန့်ပွားအောင် လုပ်ပေးမယ်။ …
ဒီလိုနဲ့ အလွမ်းတွေကို မေ့ထားပြီး အားအင် အသစ်တွေနဲ့ ကြိုးစားဖို့ ဆုံးဖြတ်ချက်ချရင်း ကဗျာ အသစ်တစ်ပုဒ် ဖြစ်လာပြန်တယ်။
အရင်းအနှီးစက်ရုံအသစ်ကြီးတွေအမြစ်က စတည်ရအောင်ငါတို့ ထွက်ခဲ့ကြတယ်လက်ဗလာ၊ ခြေဗလာ ပေမယ့်အကြံဥာဏ် အသစ်စက်စက်တွေ ကိုင်စွဲလို့အသည်းနှလုံးတွေ တံတားခင်းမျက်ရည် ပင်လယ်တွေ ဖြတ်ပြီးဆူးကြမ်းလမ်းပေါ် သွေးစက်တွေချန်ရင်းငါတို့ …….အောင်မြင်စွာ ပြန်ခဲ့မယ်ဟေ့။ဘလူးဖီးနစ်ရုရှရောက် ကဗျာ အမှတ်(၃)၂-၁၀-၂၀၀၂
အလွမ်းနဲ့ ခံယူချက်တွေ လွန်ဆွဲရင်း နောက်ဆုံး တော့.......
ဆက်ရန်.....