တစ်နှစ်ကျော်လောက် ဖုံးဖိထားတဲ့ အမှန်တရားတစ်ခုကို မနေ့ကမှ တိတိကျကျ သိခွင့်ရလိုက်ပါတယ်။ ရိပ်မိနေတာ ကြာပေမယ့် မသေချာတဲ့အတွက် တစ်အုံနွေးနွေး ကြိတ်ခံစားနေရတာ ထက်စာရင် ခုလို သိခွင့်ရလိုက်တာ ပိုကောင်းတယ်လို့ပဲ ဖြေတွေး တွေးမိပါတယ်။ တစ်ချိန်မှာ လူတိုင်း ဒီလမ်းကို ရောက်ကြရမှာပဲလေ။ တရားနဲ့ သာ ဖြေမိပါတယ်။
ပျောက်ဆုံးသွားမှ တန်ဖိုးထားတတ်တဲ့ အရာတွေ ထဲမှာ ကျွန်တော့်အတွက်တော့ တန်ဖိုးအကြီးမားဆုံး ပါပဲ။ ရှင်သန်နေချိန်မှာ ကျေးဇူးဆပ်ခွင့် မရလိုက်တာကိုပဲ ယူကြုံးမရ ဖြစ်မိပါတယ်။ ရိုးသားခြင်းဆိုတာကို လက်တွေ့ သရုပ်ပြခဲ့ပြီး ဘယ်အရာနဲ့မှ မိမိယုံကြည်ချက်ကို လဲမသွားခဲ့ပါဘူး။
ကျွန်တော့် အနေနဲ့ သူ မရှိတော့ပေမယ့် သူ့လမ်းစဉ်ကို ဆုပ်ကိုင်ပြီး ဘဝမှာ အရိုးသားဆုံးနေပြီး ယုံကြည်ချက်တစ်ခုနဲ့ သူ့ဆန္ဒတွေ ဖြည့်ပေးနေဖို့သာ တတ်နိုင်ပါတော့တယ်ဗျာ..............
1 ယောက်က ဒီလိုပြောတယ်:
အကိုရေ ..... မျက်စိရှေ့မှာတင် ဆုံးရှုံးခဲ့တဲ့ အဖြစ်အပျက် တစ်ခုကို ဆယ်နှစ်ကြာတဲ့ တိုင်အောင် ခံစားနေရတုန်းဆိုရင် အကိုဘယ်လောက်ခံစားရမယ် ဆိုတာကို နားလည်ခံစားပေးလို့ ရပါတယ်။ လေးစားသူတစ်ယောက်ကို ရင်ထဲမှာ အမြဲ အမှတ်ရရင်း ကျေးဇူးဆပ်ကြရအောင်ပေါ့ အကိုရယ်...