ဒီလိုနဲ့ ပဲ မော်စကိုရဲ့ ဆောင်းဦးကို ရင်ဆိုင်ဖို့ ပြင်ရပြန်တော့တယ်လေ။ ဆက်ရန်……မျှော်လင့်ခြင်း အိပ်မက်များ"ကောင်း" ရယ်….မလွမ်းတတ်တဲ့ မောင့်အသည်းတောင်မျက်ရည် အကြိမ်ကြိမ် ဝဲခဲ့ရပြီနှင်းသည်းတဲ့ နေ့တွေဆိုလည်းအလွမ်းမျက်ရည်တွေ အေးခဲလို့ရင်ဘတ် ထဲက တစစ်စစ် နာနေလေရဲ့ကောင်းကင်ကြီးကို မော့ကြည့်ရင်း….နှင်းခဲတွေကို အံတုရင်းလေ…..မောင့်ရင်ထဲက သစ္စာတရားကိုလဲအကြိမ်ကြိမ်တိုင်တည်ရင်းနဲ့တောင်ပံ တစ်စုံကိုမျှော်လင့်နေဆဲပဲလေ။ဘလူးဖီးနစ်ရုရှရောက် ကဗျာ အမှတ်(၄)၂-၁၀-၂၀၀၂
From Russia with Love - 4
ခံယူချက်က ခံယူချက်၊ နှလုံးသားက နှလုံးသားပဲလေ။ နှောင်ကြိုးတွေက အထပ်ထပ်နဲ့ ရစ်ပတ်နေခဲ့ပြီကိုး။ ခံယူချက်အတွက် ကဗျာ တစ်ပုဒ် ဖြစ်လာတယ်ဆိုရင် နှလုံးသားကအတွက်ကလဲ ကဗျာတစ်ပုဒ် ဖြစ်သင့်တယ်ပေါ့နော် :)