Sketch Up

ဒီတစ်ခါတော့ Interior Design and Landscaping တွေမှာ အသုံးများလာတဲ့ Google ကနေထုတ်လိုက်တဲ့ Sketch Up ဆိုတဲ့ ဆော့ဝဲလ်လေးကို မိတ်ဆက်ပေး ပါရစေ။ ဒီဆော့ဝဲဟာ Europe တို့ Thai တို့မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ တော်တော်ကို အသုံးနည်းပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တွင်ကျယ်လာမှာကတော့ အသေအချာပါ။ အချိန်ကုန် သက်သာတဲ့အပြင် ကွန်ပျူတာရဲ့ Performance ကိုလဲ 3D Max တို့ဘာတို့လောက် မလိုအပ်တာကြောင့် ပိုမို အဆင်ပြေစေပါတယ်။
ဒါအပြင် သူများဆွဲထားပြီးသားတွေကို အွန်လိုင်းမှာ အပ်လုပ်တင်ထားပေးတာကြောင့် လိုအပ်ရင် ယူပြီးအသုံးချနိုင်တဲ့ Sketch Up 3D Warehouse ကြီးရှိတာကြောင့် တစ်ချို့ အရာတွေကို မိမိဘာသာ အချိန်ကုန်ခံ ဆွဲစရာမလိုပဲ ခေါ်ယူ အသုံးပြုနိုင်ပါတယ်။ ဥပမာ ရုံးခန်းတစ်ခုပုံစံကို ဒီဇိုင်းစဉ်းစားနေစဉ်မှာ Printer တစ်လုံးကို အချိန်ကုန်ခံ ဆွဲစရာမလိုပါဘူး၊ Warehouse ထဲကယူလိုက်ရုံပါပဲ။
Sketch Up Software ကိုလေ့လာဖို့အတွက် အော်တိုကဒ်တတ်ထားပီးသား ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် Sketch Up က Command Icon တွေက တစ်ခါတစ်ရံ တစ်ခုတည်းကို Command နှစ်ခု အနေနဲ့ အသုံးပြုတတ်ပါတယ်။ ဥပမာ- Copy နဲ့ Move ကို Icon တစ်ခုထဲ အသုံးပြုရပါတယ်။
ဒါပေမယ့် အလွယ်တကူ လေ့လာနိုင်ဖို့ အွန်လိုင်းမှာ Tutorial တွေ အများကြီး ရှိတာကြောင့် တစ်ခြားသော Software တွေထက် ပိုမို လွယ်ကူစွာ လေ့လာ သင်ယူနိုင်ပါတယ်။
Sketch Up Software ကို ရိုးရိုးနဲ့ Pro ဆိုပီး နှစ်မျိုးရှိပါတယ်။ ရိုးရိုးကိုတော့ ဒီမှာ Free Download ချနိုင်ပါတယ်။ Pro ကိုတော့ ၈နာရီ အလကားရပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ရှာဖွေလေ တွေ့ ရှိလေ ဆိုတဲ့အတိုင်း ရှာတော့လည်း တွေ့တာပေါ့နော်။ Sketch Up Pro 6 ကို Window XP ရော Vista မှာပါ လွယ်လွယ်ကူကူ Install လုပ်နိုင်ပါတယ်။ Sketch Up Pro 7 ကတော့ Vista မှာ Adminstrator အနေနဲ့ Run ရပါတယ်။
ကေပီဇက်ကိုယ်တိုင်လည်း Sketch Up ကို ခုမှ စတင်လေ့လာနေတာပါ။ ရှာဖွေ တွေ့ရှိသမျှကို ဒီဘလော့မှာ တင်ပေးပမယ်နော်။ အမှားအယွင်း ရှိရင်ဖြစ်ဖြစ် မျှဝေပေးချင်တာရှိရင် ဖြစ်ဖြစ် ကော်မန့် ရေးပေးခဲ့စေလိုပါတယ်။
ဒါက Pro Software Link တွေပါ။
ဒါကတော့ ရှာလို့တွေထားတဲ့ စာအုပ်နှစ်အုပ်ပါ။

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

hello khine phyu zaw ..mingalarbar ..
I'm glad to read your post about sketchup. This is the fist time i 've read about sketchup written by a myanmar.That's great. I've been using this software for more than 4 years.Sketchup is very easy , user friendly and useful 3D application.
www.designteashop.blogspot.com