ကျွန်တော့်အနေနဲ့ မေမြို့နဲ့ ပက်သက်တဲ့ အမှတ်တရတွေ၊ အိပ်မက်တွေ၊ သံယောဇဉ်တွေ အများကြီး ရှိခဲ့ဘူးပါတယ်။ ဟိုပုန်းမှာ တစ်နှစ်လောက် စိတ်ပျက်နေရတုန်းမှာ မေမြို့ကို ပြောင်းရတော့မယ် ဆိုတဲ့ သတင်းကို ရတော့ အရမ်းကို ဝမ်းသာ သွားမိပါတယ်။ တကယ်တမ်း ပြောင်းကြရတော့ အိမ်ပြောင်းတယ်ဆိုတာ တကယ့်ကို မလွယ်ပါလားလို့ နားလည်လိုက်ပါတယ်။ ဒါတောင် ကျွန်တော့်မှာ အဲဒီ အချိန်တုန်းကဆို ဘာ ပရိဘောဂမှ မရှိသေးလို့ သက်သာတာ။ တကယ်တန်း မေမြို့မှာ အခြေချရပြီဆိုတော့ အဲဒီလို ပရိဘောဂ ဘာမှ မရှိဘဲ အိမ်ဟောင်းလောင်း ဖြစ်နေတာ တော်တော် ဆိုးတယ်ဗျ။ တကယ်တော့ ပရိဘောဂ ဆိုတာ လူနေမှု အဆင့်အတန်းကို သွယ်ဝိုက်ပြီး ပြနိုင်တဲ့ အိမ်သုံးပစ္စည်းလေးတွေပဲ မဟုတ်ပါလားခင်ဗျာ။ ဒါကြောင့် ပလတ်စတစ် ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ဝယ်သုံးလို့ ရပေမယ့် ကျွန်တော်က ပရိဘောဂဆိုရင် ကျွန်းနဲ့ လုပ်ထားတဲ့ ပစ္စည်းပဲ သုံးချင်တာပါ။ ခက်တာက ပရိဘောဂဆိုင်တွေက ဈေးကြီးလွန်းတယ်။ လက်ရာတွေလဲ ကျွန်တော့် စိတ်နဲ့ မတွေ့ဘူး ဖြစ်နေတယ် ခင်ဗျ။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော့် တပည့်တစ်ယောက် ကျေးဇူးနဲ့ စံပြကွေ့ နားက "ဂုဏ်ဆောင်သူ" ပရိဘောဂဆိုင်ပိုင်ရှင် ကိုမင်းသူ နဲ့ ရင်းနှီးခဲ့ရတယ်။ ရိုးသား ဖော်ရွေသလောက် လက်ရာသေသပ်ပြီး ဈေးသက်သာတဲ့ ပရိဘောဂတွေကို ဖန်တီးနေတဲ့ သူ ဖြစ်လို့ ကျွန်တော်လိုနေတဲ့ ဘုရားစင်၊ ဆက်တီ အပါအဝင် အခြား ပရိဘောဂတွေကို သူ့ဆီမှာ အပ်ဖို့ ဖြစ်လာပါတယ်။ အခုတော့ "ဂုဏ်ဆောင်သူ" နဲ့ ကိုမင်းသူ ကျေးဇူးနဲ့ ကျွန်တော့် အိမ်ကလေးမှာ ဧည့်ကောင်းဆောင်ကောင်းတွေ အတွက် သင့်တင့်တဲ့ ပရိဘောဂတွေနဲ့ ဧည့်ခံနိုင်ပြီ ဖြစ်တာမို့ ပြင်ဦးလွင်မှာ အခြေချနေတဲ့ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း သတင်းလက်ဆောင်ပါးရင်း ကြေငြာမောင်းခတ်လိုက်ရပါတယ် ခင်ဗျား။
ဒေါက်တာ အောင်ဝင်းထွဋ်
ဆက်သွယ်ရန် လိပ်စာ
ကိုမင်းသူ
ဂုဏ်ဆောင်သူ ပရိဘောဂဆိုင် (စံပြကွေ့၊ ပြင်ဦးလွင်မြို့)
ဖုန်း : ၀၉-၂၀၄၅၅၃၈
1 ယောက်က ဒီလိုပြောတယ်:
ကြေငြာလည်း တင်ပေးတာလား။ မဆိုးဘူး မိုက်တယ်။ ၀ယ်တော့ ၀ယ်ချင်ပါတယ် ပိုက်ပိုက်ရှိဘူး။ :)