ကမ္ဘာဖျက်မယ့် ဥက္ကာပျံကို တားဆီးမယ့် ရုရှတို့၏ အကြံ

                    
လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀ ခန့်က ကမ္ဘာပေါ်သို့ ဥက္ကာပျံတစ်ခု ကျရောက်ခဲ့ပုံကို ကွန်ပျူတာဖြင့် ပုံစံတူ ပြုလုပ် သရုပ်ပြထားပုံ Photograph: Don Davis/AFP/Getty Images
      ရုရှရှိ အာကာသ သိပ္ပံပညာရှင်များအနေဖြင့် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီ တစ်ယောက်တည်း သာ သွားရောက်ဘူးသော ခရီးစဉ်ကို သွားနိုင်ဖို့ ပြင်ဆင်နေကြသည်။
ရုရှရှိ အာကာသ သိပ္ပံပညာရှင်များအနေဖြင့် မည်သူမှ မသွားရောက်ဘူးသော ခရီးစဉ်ကို သွားနိုင်ဖို့ ပြင်ဆင်နေကြသည်။ (ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီ တစ်ယောက်တော့ ရောက်ဘူးတယ် ဆိုပဲ :P)
     ရုရှ အာကာသ အေဂျင်စီ အကြီးအကဲ၏ အဆိုအရ ကမ္ဘာကို ဝင်တိုက်နိုင်သည့် ဥက္ကာခဲများကို ဟောလိဝုဒ် ရုပ်ရှင်များထဲက ကဲ့သို့ အာကာသယာဉ်စေလွှတ်၍ ရှင်းလင်းပစ်နိုင်စဉ် စဉ်းစား စီစဉ်နေသည်ဟု ဆိုသည်။ အနာတိုလီ ပါမီနော့ဖ် က ရုရှားရေဒီယို အသံလွှင့်ဌာန တစ်ခုဖြစ်သော "ဂေါလော့ ရာစီး" (or) "ရုရှအသံ" ကို ဤသို့ ပြောကြားခဲ့ပါသည်။ လူတွေရဲ့ အသက်အန္တရယ်ကို စိုးရိမ်ရတဲ့ အခြေအနေ ကို ရောက်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူတွေ သိန်းနဲ့ ချီပြီး သေမယ့် ကိစ္စကို ဒီတိုင်း ထိုင်ကြည့်နေမယ့်အစား အဲဒီ အဖြစ်ဆိုးကို ကာကွယ်နိုင်ဖို့ ဒေါ်လာ သန်းရာပေါင်းများစွာကို သုံးပြီး စနစ် တစ်ခု စတင်တည်ထောင်ရမှာ ဖြစ်ပါတယ်။
     အဲဒီ မစ်ရှင်ရဲ့ အဓိက ပစ်မှတ်ကတော့ Apophis အပိုဖစ် လို့ခေါ်တဲ့ ဥက္ကာပျံ ပဲ ဖြစ်ပါတယ်။ အဲဒီ ဥက္ကာပျံဟာ ၂၀၂၉ မှာ တစ်ကြိမ်၊ ၂၀၃၆ မှာ တစ်ကြိမ် ကမ္ဘာနဲ့ အနီးဆုံးနေရာကနေ ဖြတ်ကျော်သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။ တွက်ချက်မှုတွေအရ အထူးတည်ဆောက်ထားတဲ့ အာကာသယာဉ် တစ်ခုကို အချိန်မီ တည်ဆောက်ပြီး ကြိုတင် ကာကွယ် နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
     ဟောလိဝုဒ် ရုပ်ရှင်တွေဖြစ်တဲ့ Deep Impact နဲ့ ဘရုစ်ဝီလီ သရုပ်ဆောင်နဲ့ Armageddon နှစ်ခုလုံးမှာ ကမ္ဘာကို ဝင်တိုက်မဲ့ ဥက္ကာခဲတွေကို အာကာသ မစ်ရှင်တွေ စေလွှတ်ပြီး လမ်းကြောင်းပြောင်း ပေးနိုင်ခဲ့ပါတယ်။
     သို့သော် ဥက္ကာပျံများကို လမ်းကြောင်းလွှဲပေးနိုင်သော နည်းလမ်းများကို စဉ်းစားရာမှာတော့ သိပ္ပံပညာရှင်များအတွက် ငြင်းခုန်နေရဆဲပဲ ဖြစ်ပါတယ်။ အချို့ ပညာရှင်များက အဲဒီ ဥက္ကာခဲတွေနားကို အာကာသယာဉ်ငယ်လေးတွေ လှည့်ပတ် ပျံသန်းစေခြင်းဖြင့် ကမ္ဘာဆီကို ဦးတည်လာနေတဲ့ လမ်းကြောင်းကို နည်းနည်းခြင်း ပြောင်းပေးနိုင်မယ်လို့ အကြံပြုထားကြပါတယ်။ အခြားအဖွဲ့ ကတော့ နယူကလီးယား လက်နက် တပ်ဆင်ထားတဲ့ အာကာသယာဉ်ကို စေလွှတ် အသုံးချပြီး လမ်းကြောင်းနဲ့ အရှိန်ကို ပြောင်းလဲ ပစ်ဖို့ အကြံပေးထားပါတယ်။
     ပါမီနော့ က စီမံကိန်းကို အသေးစိတ် ပြင်ဆင်ဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နာဆာနဲ့ ဥရောပ အာကာသ အေဂျင်စီ တွေအပြင် အခြား အဖွဲ့အစည်းတွေကို ပါ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
     Apophis ကို ၂၀၀၄ ခုနှစ်မှာ အာကာသကို စူးစမ်းသူတွေက စတင် တွေ့ရှိခဲ့ကြပါတယ်။ အဲဒီတုန်းက မီတာ ၃၅၀ လောက် ရှိတဲ့ ဥက္ကာပျံ အနေနဲ့ ၂၀၂၉မှာ ကမ္ဘာကို ဝင်တိုက်ဖို့ ၃၇ ပုံ တစ်ပုံ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ နောက်ထပ် လေ့လာမှုတွေအရ အဲဒီ ဖြစ်ရပ်အပြင် ၂၀၃၆ ခုနှစ်မှာ နောက်ထပ် တစ်ကြိမ် ထပ်တိုက်ဖို့ ၂၅၀၀၀၀ ပုံ တစ်ပုံ ရှိတယ်လို့ သိရပါတယ်။
     "အခုဆို Apophis က အတော်လေး နီးလာပြီး ကမ္ဘာနဲ့ ဝင်တိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ပြောနေကြတာ ကျွန်တော် ကြားခဲ့ရပါတယ်။ ဘယ်အချိန်လဲဆိုတာ အတိအကျ မမှတ်မိပေမယ့် ၂၀၃၂ ခုနှစ်လောက်မှာ ဖြစ်နိုင်တယ်" လို့ ပါမီနော့က ဆိုပါတယ်။
     နာဆာရဲ့ ခန့်မှန်းချက်အရ တကယ်လို့ ကမ္ဘာကိုသာ ဝင်တိုက်ခဲ့မယ် ဆိုရင် ဟီရိုရှီမားကို ကြဲချခဲ့တဲ့ အနုမြူဗုံးထက် အဆပေါင်း တစ်သိန်းနဲ့ ညီမျှတဲ့ အားဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုက ဧရိယာမိုင် ထောင်ပေါင်းများစွာကို တိုက်ရိုက် ပျက်စီးစေမှာ ဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ ဖုန်ထုကြီးကို တစ်ကမ္ဘာလုံးက မြင်နိုင်မှာ ဖြစ်ပါတယ်။
     နာဆာ ပညာရှင်များအနေဖြင့် ဥက္ကာပျံပေါ်သို့ အာကာသ ယာဉ်မှူးများ ဆင်းသက်စေပြီး လမ်းကြောင်းပြောင်းစေနိုင်သည့် နည်းလမ်းများ စမ်းသပ်ရန် ဆွေးနွေး စဉ်းစားခဲ့ကြပြီး ဖြစ်သည်။
ဥက္ကာပျံကို အနုမြူဗုံး သုံး၍ ဖျက်ဆီးမည် ဆိုပါက အစိတ်အပိုင်းငယ် ထောင်ပေါင်းများစွာက လမ်းကြောင်း မပြောင်းလဲ အချိန်မီ ပြန်လည် စုဖွဲ့ကာ ဝင်တိုက်နိုင်သည် ဆိုသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များ က စိတ်ချရတဲ့ လမ်းကြောင်းအတွင်းမှာ ရှိနေစဉ်ကပဲ လမ်းကြောင်းပြောင်းဖို့ သဘောတူကြပါတယ်။
     လန်ဒန် အင်ပီရီရယ် ကောလိပ်မှ အာကာသ သုတေသီ Matt Genge ၏ တွက်ချက်မှု အရမူ ကားငယ်တစ်စင်းရဲ့ အလေးချိန်၊ အလျှင်နဲ့ အဟုန်ရှိတဲ့ အရာ တစ်ခုခုက အလေးချိန် ဘီလီယံ တန် ရှိတဲ့ ဥက္ကာပျံကို ကမ္ဘာ့လမ်းကြောင်းကနေ ရက်ပေါင်း ၇၅ ရက်အတွင်းမှာ တွန်းတိုက် ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။
     ပါမီနော့ က မကြာခင်မှာ ပညာရှင်တွေ စုစည်းပြီး သိပ္ပံနဲ့ နည်းပညာ ကောင်စီ မှာ ဘာတွေလုပ်လို့ ရနိုင်သေးတယ်ဆိုတာ စုပေါင်း အဖြေရှာဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ နည်းလမ်းတွေထဲမှာ နူကလီးယား ဖေါက်ခွဲမှုတွေ မပါဘဲ ရူပဗေဒ ဥပဒေသတွေကို သုံးပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြမယ်လို့ သူက ပြောထားပါတယ်။ မှန်တွေ၊ အလင်းတွေ ဆေးစက်မှုန်လေးတွေတောင်မှ သူတို့ကို စုပ်ယူတဲ့ (အလင်း နဲ့ အပူကို စုပ်ယူနိုင်တဲ့) အရာဝထ္ထု ကို နှစ် ၂၀ ကျော် အတွင်းမှာ လမ်းကြောင်းပြောင်း ပေးနိုင်တာကြောင့် လူသားတွေအနေနဲ့ အန္တရယ် ဥက္ကာပျံကို သိပ်သတိ မမူလိုက်ရဘဲ အလွယ်တကူ လမ်းကြောင်း ပြောင်းပေးနိုင်မယ်လို့ မျှော်လင့်ရကြောင်းပါ ခင်ဗျား။
ဒေါက်တာ အောင်ဝင်းထွဋ်
Ph.D (E.P)
M.P.E.I
အကိုးအကားများ
• David Adam and agencies
• guardian.co.uk, Wednesday 30 December 2009 19.12 GMT

Please Share This Post

Share on Facebook Plus on Google+