မြန်မာ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာများ အနေနဲ့ မော်တာ ဒီဇိုင်းနဲ့ ပက်သက်ပြီး ရင်းနှီး ကျွမ်းဝင်ကြမယ် လို့ ယုံကြည်ပါတယ်။ ကျွန်တော် ကတော့ အဲဒီ ဘာသာရပ်ကို ရုရှားမှာပဲ သင်ခဲ့ဘူးတာ ဖြစ်လေတော့ ပြည်တွင်း ပြန်ရောက်ပြီး ကိုယ်က ပြန်သင်ပေးရတဲ့ အခါမျိုးမှာ စာအုပ်စာတမ်း တကယ့်ကို ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်လို့ Machine design နဲ့ ပက်သက်လို့ E-book ဖြစ်စေ၊ သတင်း အချက်အလက် ဖြစ်စေ ကျေးဇူးပြုပြီး ပေးပို့ စေချင်ပါတယ်။ တကယ်လို့ ဒီရက်ပိုင်း အတွင်းမှာသာ မရခဲ့ဘူး ဆိုရင်တော့ ဘာသာပြန်ပြီး ခက်ခက်ခဲခဲ သင်ပေးရတော့မှာ ပါ။
အားလုံးကို ချစ်ခင်လေးစားလျက်
ဒေါက်တာ အောင်ဝင်းထွဋ်
3 ယောက်က ဒီလိုပြောတယ်
အစ်ကိုလိုနေ တဲ့Machine Design နဲ့ပတ်သတ်မယ်ထင်တဲ့စာအုပ်လေးတစ်အုပ်ပါ ဗျ..။
http://www.mediafire.com/file/1yymmoddmmm/Electric machine E +.rar
ဘယ်မေးလ်ကိုပို့ရမှန်းမသိတာနဲ့အခုလို ကွန်မန့်မှာပဲတင်ပေးခဲ့တာနားလည်ပေးပါခင်ဗျာ..။
အစ်ကိုမှာရှိပြီးသားတွေဖြစ်နေရင်တော့ဆောရီးပါဗျာ..။
http://www.mediafire.com/file/jk0mvm0dijv/Electrical machines and drives.pdf
ကွန်မန့် တွေကို အခုမှ ဖတ်မိတယ် ခင်ဗျ။ မေးလ် မဖွင့်ဖြစ်တာကြာပြီဆိုတော့လေ။ အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်ဗျာ။