ပုံ-၁ Moon blast: LCROSS ပရိုဂရမ်တွင် လမျက်နှာပြင်ပေါ်ကို ဂြိုလ်တု ၂ လုံး ဝင်တိုက်ခြင်းဖြင့် ရေရှိမရှိ စမ်းသပ်မည် ဖြစ်သည်။ ဓာတ်ပုံ: NASA Photograph: PR
ပုံ-၂ နာဆာ ပညာရှင်များ LCROSS orbiter ကို လွှတ်တင်နိုင်ရန် ပြင်ဆင်နေပုံ
ဓာတ်ပုံး Bruce Weaver/AFP/Getty Images
ဓာတ်ပုံး Bruce Weaver/AFP/Getty Images
နာဆာ အနေဖြင့် လပေါ်တွင် ရေရှိမရှိ စမ်းသပ် သည့် ပရောဂျက် တစ်ခု ဖြစ်သော LCROSS ဟု ခေါ်သည့် အာကာသ ယာဉ် ၂ စင်းကို လပေါ်ရှိ ဥက္ကာပျံ ထိမှန်ရာမှ ဖြစ်ပေါ် လာသော ချိုင့်ခွက် တစ်ခု အတွင်း အောက်တိုဘာ ၉ ရက်နေ့ က ပစ်ချ ဖောက်ခွဲခြင်း ပြုလုပ် ခဲ့ပါသည်။ ပေါက်ကွဲမှု မှ လွင့်စင် လာသော အပိုင်းအစများ ကို လေ့လာ ခြင်းဖြင့် လ ပေါ်တွင် ရေရှိမရှိကို ခြေရာ ခံနိုင်မည် ဖြစ်သည်။
ဒီ အစီအစဉ်ကို LCROSS လို့ ခေါ်ပါတယ်။ ဒီနေ့ (အောက် ၉) မှာ လွှတ်တင်ဖို့ ပြင်ဆင်ထားပြီး ဂြိုလ်တုများက လရဲ့ မျက်နှာပြင်ကို ဝင်တိုက်မှာ ဖြစ်ပြီး ခရစ်ကက် ကစားကွင်းလောက် ကြီးမားတဲ့ ချိုင့် တစ်ခုကို ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော အပိုင်းအစတွေဟာ လမျက်နှာပြင်မှာ တစ်နာရီကို ၉၀၀၀ ကီလိုမီတာ ကျော်တဲ့ နှုန်းနဲ့ ပျံဝဲနေမယ်လို့ နာဆာ ပညာရှင်များက မျှော်လင့် ထားပါတယ်။
အာကာသယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုက လမျက်နှာပြင်ကို 12.30pm BST မှာ ဝင်တိုက်မှာ ဖြစ်ပါတယ်။ ဒုတိယ အစိတ်အပိုင်းက ၁၀ ကီလိုမီတာ အမြင့် အထိ မြင့်တက် လာမယ်လို့ မျှော်လင့် ထားတဲ့ အပိုင်းအစတွေကို စောင့်ကြည့် ရေ ရှိမရှိ လေ့လာမှာ ဖြစ်ပါတယ်။ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အဲဒီ ဂြိုလ်တုတွေမှာ Ecole Normale Superieur က အာရုံခံအားကောင်းတဲ့ ကိရိယာတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
အဲဒီ ဂြိုလ်တုတွေကို လရဲ့ တောင်ဘက် ဝန်ရိုးစွန်းမှာ တည်ရှိတဲ့ အမြဲတမ်း မှောင်မည်းနေတဲ့ ချိုင့်ဝှမ်းကြီးဆီကို ပဲ့ကိုင် သွားမှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များ ကတော့ အဲဒီ ချိုင့်ဝှမ်းကြီးရဲ့ အောက်ခြေမှာ အေးခဲနေတဲ့ ရေခဲ တုံးတွေ တည်ရှိနေမယ်လို့ ယူဆနေကြပါတယ်။
နာဆာအနေဖြင့် လ မျက်နှာပြင်ပေါ်သို့ ဂြိုလ်တု ၂ လုံးဖြင့် ဝင်တိုက်ခြင်းအားဖြင့် လပေါ် ရေရှိကြောင်း သက်သေ ပြနိုင်ရန်နှင့် အနာဂါတ် အာကာသ လေ့လာရေး စီမံကိန်းများကို ပိုမို မြန်ဆန်ပြီး ကုန်ကျစားရိတ်သက်သာစေရန် ကြိုးစားနေခြင်း ဖြစ်သည်။
မူရင်းစာရေးသူ
Ian Sample
အကိုးအကား
guardian.co.uk, Friday 9 October 2009 11.34 BST
http://www.guardian.co.uk/science/blog/2009/oct/08/nasa-moon-lcross-water-crater