ခုတစ်လော ကြားကြားနေရတာ၊ ပြောပြောနေကြတာက.. လူတွေဆုံလိုက်တိုင်း နင်ကဘာ Position နဲ့ လုပ်လုပ်နေတာလဲ၊ ဘယ်နေရာမှာလဲ ဆိုတဲ့ မေးခွန်းတွေပါ။ Draftman လို့ အလွယ်တကူ ပြောလိုက်တာနဲ့ တွန့်သွားတဲ့ နှုတ်ခမ်းတွေ၊ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတဲ့ အရိပ်တွေက တစ်ခါ နှစ်ခါထက်ပိုလာတော့ ခံစားချက်တွေ ဖြစ်ဖြစ်လာရတယ်။ အော်အဲဒါလုပ်နေတာလားလို့ပါ ပြောခံလိုက်ရရင်တော့ ရင်ဘတ်ထဲမှာ အောင့်ပါသွားတော့တာပါပဲ။ဒီလို ခံစားချက်က ကျွန်မတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ကျွန်မလိုပဲ ခံစားနေရတဲ့ ကျွန်မသူငယ်ချင်းတွေ အများကြီးပါ။ အင်င်္ဂျင်နီယာ ဘွဲ့ရတစ်ယောက်ဟာ Draftman မလုပ်သင့်ဘူးဆိုတဲ့ အပြောမျိုးတွေ အပြောခံရတာလည်း ရှိပါတယ်။ ဒီလိုမျိုးပြောတဲ့ သူတွေက Draftmanတစ်ယောက်ရဲ့ အလုပ်တာဝန် အခက်အခဲတွေကို သေသေချာချာ နားမလည်လို့ ပြောတာလို့ ထင်မြင်မိပါတယ်။ Draftmanတစ်ယောက်ရဲ့ တာဝန်ဟာ သူတာဝန်ယူထားရတဲ့ လုပ်ငန်းဆောင်တာပေါ်မှာ မူတည်ပြီး အခက်အခဲ အမျိုးမျိုး ရှိပါတယ်။ ။
အော်တိုကဒ် ဆော့ဝဲလ်ကို အသုံးပြုပြီး ပုံဆွဲတတ်တိုင်း Draftmanတာဝန်ကျေပြီလို့ မယူဆသင့်တာ အမှန်ပါ။Draftmanတစ်ယောက်ရဲ့ ခေါင်းစဉ်အောက်မှာ တာဝန် ၀တ္တရား တွေက အများကြီးရှိနေသလို Draftman တစ်ယောက် မဖြစ်မနေ သိရမယ့် Drawing Method, Drawing Symbol တွေကို သေချာ သိရမှာဖြစ်ပြီး Drawing နဲ့ ပတ်သတ်တဲ့ အတွေးအခေါ် အယူအဆတွေလည်း ရှိကို ရှိရပါမယ်။ အလုပ်ခွင်နေရာတိုင်းမှာ ဘယ်အလုပ်ကိုမဆို တစ်ဦးတစ်ယောက်ထဲ လုပ်တဲ့ အလုပ်ထက် စုပေါင်းလုပ်ရတဲ့ အလုပ်တွေက ပိုပြီးလျှင်မြန် ကောင်းမွန်ပါတယ်။ ဥပမာအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပရောဂျက်ဒါရိုက်တာမှ အစ၊ အခြေခံလုပ်သားအဆုံး အားလုံးသောသူတွေဟာ မိမိရဲ့ လုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်မှသာ သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း လုပ်ငန်းခွင်ဟာ အောင်မြင်စွာ ပြီးဆုံးမှာပါ။ Draftman တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေဟာ လုပ်ငန်းပတ်ဝန်းကျင်အပေါ် မူတည်ပြီး မတူညီမှုတွေ ရှိနိုင်ပေမယ့် အခြေခံသဘောတရားတွေ အားလုံးက အတူတူပါပဲ။ Draftman တစ်ယောက်ဟာ အင်င်္ဂျင်နီယာ တစ်ယောက်ရဲ့ ညွန်ကြားမှု လက်အောက်မှာ ရှိနေတာ မှန်ပါသော်လည်း ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်ရမှာ အားလုံးရဲ့ တာဝန်ပါ။ Draftmanတစ်ယောက်ရဲ့ တာဝန်တွေကို အကြမ်းအားဖြင့် သုံးသပ်မယ်ဆို၇င် ပထမဦးစွာ လုပ်ငန်းခွင် မစခင်မှာ Consultant က တွက်ချက် ခန့်မှန်းပေးလိုက်တဲ့ ပုံတွေကို မိမိသက်ဆိုင်ရာ အပိုင်းတွေအတွက် Shop Drawing တွေပြင်ဆင်ရပါတယ်။ တစ်ခါတစ်ရံ Consultant Drawing တွေဟာ ယေဘုယျပုံတွေသာ ပါဝင်ပြီး အသေးစိတ် အချက်အလက် တွေ မပါဝင်တာကြောင့် Draftmanတွေက မိမိလုပ်ငန်းခွင်ရဲ့ အသေးစိတ်လိုအပ်ချက်တွေကို ( Side View, Plan View, Level View, Connection Detail စတာတွေကို )တာဝန်ရှိသူတွေနဲ့ ကြိုတင်ညှိနှိုင်းပြီး ပြင်ဆင်ဆွဲသားရပါတယ်။ ဒီလို ဆွဲသားတဲ့ အခါမှာ အင်င်္ဂျင်နီယာအမြင် မရှိဘူးဆိုရင် ဘယ်လိုမှ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ပြင်ဆင်ပြီးပြီဆိုရင် မိမိတို့ ဘယ်လိုဘယ်ပုံ လုပ်ကိုင်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ပုံတွေကို Consultant ဆီကို ပြန်လည်တင်ပြရပါတယ်။ ရှိပြီးသား အဆေက်အဦးကို ထပ်မံ တိုးချဲ့ တည်ဆောက်မယ် ဆိုရင်လည်း ရှိပြီးသား အဆောက်အဦးရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာမှတ်သားပြီး ထပ်မံတိုးချဲ့တဲ့ အဆောက်အဦးပုံကို ပြင်ဆင်ရေးဆွဲ ရပါတယ်.။ သူတို့က လက်ခံတယ်ဆိုရင် လုပ်ငန်းစတင်ဖို့ ဆိုက်အင်္ဂျင်နီယာတွေကို ပုံတွေ လွှဲပြောင်းပေးရပါမယ်။ အဲဒီ့အခါ ပုံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဆွဲဖို့လိုအပ်ပါတယ်။ အဲဒီ့အခါ ပုံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဆွဲဖို့လိုအပ်ပါတယ်။ပုံကိုသေချာမဆွဲတာ ရှင်းလင်းမှုမရှိတဲ့အခါ အားလုံး အဆင့်ဆင့် နားလည်မှုတွေ လွဲမှားပြီး ပြဿနာတွေ တက်နိုင်ပါတယ်။ လုပ်ငန်းတွေ အားလုံးပြီးခါနီရင်လည်း As Built Drawing ကို ပြင်ဆင်ဖို့ ဆိုက်ထဲကို ကိုယ်တိုင် သွားရောက် စစ်ဆေးရပါတယ်။ လုပ်ငန်းအစကနေ အဆုံးအထိ Draftman တစ်ယောက်ဟာ မိမိတာဝန်ကို ကျေပြွန်ဖို့ လိုအပ်သလို တစ်ခြားသော ၀န်ထမ်းတွေကလည်း မိမိတာဝန်ကိုကျေပြွန်အောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ရမှာပါ။ ဒီလိုမျိုးတွေ လုပ်နိုင်ဖို့လည်း လုပ်ငန်းအတွေ့အကြုံတွေ လိုအပ်ပါတယ်။ သင်တန်းဆင်းကာစ၊ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခါစ Draftman တစ်ယောက်ဟာ ဒီလိုလုပ်ငန်းတွေကို ချက်ချင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Draftman တစ်ယောက်တာဝန်တွေကို ယူထားပြီးပြီ ဆိုရင်တော့ Draftmanကောင်းတစ်ယောက် ဖြစ်ဖို့ အမြဲတမ်းကြိုးစား နေသင့်ပါတယ်။ လုပ်ငန်းခွင်ထဲက ကျွန်မတို့ ကိုယ်တိုင်လည်း ခုထိကြိုးစားနေရတုန်းပါပဲ။

( ဒီပို့စ်လေး ဖြစ်လာအောင် အမြဲတွန်းအားပေး အချက်အလက်တွေ ပေးခဲ့တဲ့ ကိုဖိုးမောင် နဲ့ ကိုမိုးမြင့်တိမ် တို့ကို ကျေးဇူးတင်ပါကြောင်း )
6 ယောက်က ဒီလိုပြောတယ်
အစ်မ ၁၉၉၆-၁၉၉၇ မှာ တစ်ခါ၊ နောက် ၂၀၀၅-၂၀၀၆ မှာ တစ်ခါ draftsman လုပ်ခဲ့ပါတယ်။ ဒီ post လေးဖတ်ပြီ်းအစ်မရဲ့ အတွေ့အကြုံလေးတွေလည်း ဝေမျှချင်စိတ်ဖြစ်မိပါတယ်။ ကျေးဇူးပါ။
မသီတာ
Hi,
I have also started my career as a draftman in oil & gas industry. It takes a lot to be a good drafter such as having an eye for details, perseverance and patience.
But, I have switched my career to project management.
There is a career ladder in both fields.
As a good drafter, you can aspire to become a design engineer, and later an engineering manager.
In my personal view, drafting is very tedious. I don't wanna end up sitting in front of a computer and drawing most of the time. So, I switched my career to project management. A project engineer needs to be more tactful and multi-tasking and it is, to me, more exciting.
I have an idea to share my experience in project management in this blog.
Cheers,
Ko Myo (YTU)
ဂုဏ်ယူပါတယ်.....
မြန်မာ DRAFTMAN တစ်ယောက် အနေနဲ့....
ဒီလိုပြောပြတာ ကျေးဇူးတင်လိုက်တာပဲဗျာ။ ခုလို Auto CAD ဆွဲတတ်ရင် လစာကောင်းတယ် ကောင်းတယ်နဲ့ engineering drawing ရဲ့ standards, methods တွေ တစ်လုံးမှမသိသူတွေက သူတို့လိုအပ်ချက်ကို သိစေပါတယ်။ ကျွန်ပြောရင် လွန်သွားမလားနော်။ မြှားခေါင်းတောင် ဘယ်နှစ်မျိုးရှိပြီး ဘယ်လိုဆွဲရမယ် မသိတဲ့သူတွေက Auto CAD နဲ့ ထွက်ကြမတဲ့။ မြှားမပြောနဲ့ဦး လိုင်းတောင် အမျိုးးအစား ဘယ်နှစ်မျိုးလောက်ရှိသလဲလို့နေား မသိကြဘူး။ ဘယ်လိုင်းကို ဘယ်လိုခဲတံမျိုးနဲ့ ဆွဲရတယ်ဆိုတာကောပေါ့ ဒါကစာရွက်မှာမှာပါ။ ဒီမှာ ဗဟုသုမျှပေးထားတဲ့ အစ်ကိုတွေအစ်မတွေတွေပြောတဲ့ အတိုင်းပဲ သူများတွေ အထင်သေးတယ်ပေါ့ဗျာ။
engineer တွေက draft man လုပ်တော့ ပိုကောင်းတာပေါ့။ အောက်တွေမှာပြောထားတဲ့ အလုပ်ရှာပုံတော်က ခက်ခဲတယ်နော်။ သည်းထိပ်ရင်ဖိုကြီး။
As an architect, I'm really appreciate about your post. It's great. I really understand the role of a draftsman.www.designteashop.blogspot.com
A good post indeed. You've highlighted important points. There's no shame in starting as a draftsman for an engineer. In my opinion, it's even wise to start as draftsman if you want to advance as design engineer or design manager.
Most of the engineers (civil, mechanical, structural) do drafting in day to day basis.
Your posts in AutoCAD are valuable to many. Well done, KPZ!