တံဆိပ်ကပ်ခြင်း

Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကိုရေးအပြီးမှာ လူတော်တော် များများရဲ့ မှတ်ချက်တွေကို ကျွန်မရလိုက်ပါတယ်။ ခုလို တလေးတစား လာရောက် ဆွေးနွေး မှတ်ချက်ပေးတဲ့ လူတွေအားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်။ အဲဒီ့ကနေ ကျမစိတ်ထဲ ပေါ်လာတဲ့ အတွေးတွေကို ဆက်လက်ရေးပါရစေ။ ဒီပို့ကို ကျမရေးတာ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ အခုနှစ်ပိုင်း စင်္ကာပူနဲ့ ဒူဘိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ မြန်မာ Draftmanတွေ ဟိုးအရင်ကထက်စာရင် တော်တော်များလာပါတယ်။ ကျမရေးခဲ့ဘူးသလိုပါပဲ လုပ်ငန်းခွင် အခြေအနေ၊ အမျိုးအစားပေါ် မူတည်ပြီး လုပ်ကိုင်ရတဲ့ တာဝန်တွေက ကွဲပြားနေပါတယ်။ လွယ်တယ် ခက်တယ် ဆိုတာကို ပုံသေကားချပ်ချပြီး ပြောလို့ မရပါဘူး။ လွယ်တာ လုပ်ရတဲ့လူက လွယ်တယ်ပြောမယ်။ လွယ်လွယ်ကူကူ မလုပ်ရတဲ့သူက ခက်ခဲတယ်ပြောမယ်။ ဒါသဘာဝပါပဲ။ နေရာခြင်းတူပေမယ့် တာဝန်ခြင်းမတူမှုတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်လာရတာပါပဲ။ ကျမဒီနေရာမှာ အဓိက ပြောချင်တာက တံဆိပ်ကပ်ခြင်း အကြောင်းပါ။ လူတော်တော်များများက Made In China ဆိုတဲ့ တံဆိပ်ကပ်ထားတဲ့ ပစ္စည်းတွေကို မကောင်းဘူးလို့ မြင်နေကြတယ်။ ဒါပေမယ့် တစ်ချို့ ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိနေတတ်ပါတယ်။ ကောင်းတဲ့ ပစ္စည်းတွေလည်း တစ်ခါတစ်ရံကျတော့ Made In China ဆိုတဲ့ တံဆိပ် ကပ်ထားခြင်းကြောင့် မကောင်းဘူး အပြောခံလိုက်ရတာပါပဲ။ ဒါကြောင့်ထင်ပါတယ်. အိုင်ဖုန်းနောက်မှာ Designed by Apple in California Assembled in China လို့ ရေးထားပါတယ်။ :P ဒီလို သဘောပါပဲ.. Draftman ဆိုတဲ့ ခေါင်းစဉ် အောက်မှာ လုပ်ငန်းတာဝန်တွေ ကွဲပြားနေသလို လစာ အခွင့်အရေးတွေ ခြားနားနေမှာပါပဲ။ Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကို ရေးခဲ့တာဟာ Draftman တွေ အကြောင်းကို သေချာမသိတဲ့ လူတွေ နားလည် သဘောပေါက်အောင်၊ လက်ရှိလုပ်ကိုင်နေတဲ့ လူတွေထဲက Draftmanအလုပ်ကို သိမ်ငယ်စရာ တစ်ခုလို မြင်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသလိုပဲ ဒီအလုပ်ဟာ သိမ်ငယ်စရာကောင်းတဲ့ အလုပ်တစ်ခု မဟုတ်တာကို သိစေချင်ယုံ သက်သက်ပါ။ ဒါပေမယ့် ရောက်ရှိနေတဲ့ နေရာမှာ ရောင့်ရဲ တင်းတိမ်နေရမယ်လို့ ကျမမပြောခဲ့ပါဘူး။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ နည်းပညာရပ်တွေ အားလုံးဟာ လိုက်လေ ဝေးလေလို့ ပြောရမလောက် တစ်နေ့တစ်ခြား အံ့မခန်း တိုးတက်နေပါတယ်။ ရှိသမျှပညာရပ်တွေ အားလုံးကို တတ်မြောက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ငှက်တွေက ပျံရင်းသေကြတယ်.. လူတွေက ကြံရင်းသေကြတယ်တဲ့။ ကိုယ်တတ်နိုင်တာလေးတွေ လက်လှမ်းမှီရာလေးတွေကို အစဉ်မပြတ် လေ့လာနေသင့်တာပေါ့နော်။ အဲဒီ့အခါ ကိုယ့်ရဲ့ Ability နှင့် ညီမျှတဲ့ လစာ အခွင့်အလမ်းတွေကလည်း သူ့အလိုလို ရောက်ရှိလာမှာပါ။ ဒီအခါ ရွေးချယ်မှု လမ်းကြောင်းတွေက ကိုယ့်အပေါ်မှာပဲ တည်မှီနေတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ 
နောက်တစ်ခု တံဆိပ်ကပ်ခြင်းကတော့ AGTI, BE, ME နဲ့ RIT, YIT, YTU, GTC, GTI ဆိုတဲ့ကိစ္စတွေပါပဲ။ ဒါတွေ အကုန်လုံးကို အဆုံးအဖြတ်ပေးတာက တက္ကသိုလ် ၀င်ခွင့် စာမေးပွဲလို့ ခေါ်ကြတဲ့ ဆယ်တန်း အောင်ရမှတ်ပါ။ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဒီအမှတ် စာရင်းလေးတစ်ခုနဲ့ ဆုံးဖြတ်မယ်ဆိုရင် မတရားဘူး ထင်တယ်နော်။ တစ်ခါတစ်လေ အရည်အချင်း ရှိတဲ့သူတွေလည်း ငွေကြေး အခက်အခဲကြောင့် တက္ကသိုလ် မတက်ခဲ့ရတာတွေ ရှိတာပဲလေ။ ကျမကတော့ အင်္ဂျင်နီယာဆိုတဲ့ ဘ၀ကို ငယ်စဉ်တည်းက အရူးအမူး လိုချင်ခဲ့တယ်။ ဆယ်တန်းအောင်တော့လည်း အမှတ်စာရင်းလေးကိုင်ပြီး ၀ိုင်အိုင်တီ တက်ခွင့်ရပြီ ဆိုပြီး ပျော်ခဲ့တယ်။ တကယ်လည်း တက္ကသိုလ် တက်ရမယ်လည်း ဆိုတော့ ကျမရဲ့ အပျော်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဘာလို့လဲ ဆိုတော့ အဲဒီ့နှစ်ကစပြီး ၀ိုင်တီယူ ဆိုတာကြီး ဖျက်သိမ်းလိုက်တာကြောင့် ကျမလည်း ဂျီတီစီနဲ့ပဲ ဘီအီးဖြစ်ခဲ့ ရပါတယ်။ ဒါပေမယ့် အကြောင်း တိုက်ဆိုင်လို့များ အမေးခံရလို့ ဂျီတီစီက ဘီအီးဆိုရင် အထင်မကြီးတတ်ကြပါဘူး။ ကျမတို့ကို ဘီအီးဘွဲ့ရအောင် သင်ကြားပေးခဲ့တဲ့ တစ်ချို့သော ဆရာတွေဟာ ဂျီတီအိုင် ကျောင်းဆင်းတွေပါ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကပ်ထားတဲ့ တံဆိပ်တွေက အရေးမကြီးပါဘူး။ အရည်အသွေး အရည်အချင်းတွေသာ အဓိက ကျမယ်လို့ ကျမထင်မြင်မိပါတယ်။ အောင်မြင်ခြင်း ဆိုသည်မှာ ပေးဆပ်ခြင်းပေါ် တည်မှီ၏ လို့ကျမ ခံယူပါတယ်။ ဒါကြောင့်လူတိုင်း လူတိုင်း မိမိရရှိထားတဲ့ အခွင့်အလမ်းတွေ အပေါ်မှာ ကြိုးပမ်းအားထုတ်မှု၊ ပေးဆပ်မှုတွေ ရှိနေမှာပါ။ ဘယ်အရာမှ အလကား ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့အားလုံး တံဆိပ်ကပ်ခြင်းတွေကို မေ့ဖျောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယိုင်းပင်းကူညီမှု တွေနဲ့သာ ဆောင်ရွက်ကြမယ် ဆိုရင် အရာရာ အားလုံးဟာ ဒီထက်ပိုပြီး သာယာလာမယ်လို့ ထင်မြင်မိပါတော့တယ်။ ( မည်သူ့ကိုမှ စော်ကားလိုခြင်း မရှိပဲ စိတ်ထဲက ခံစားမှုများကို ပုံဖေါ်ရေးသာခြင်း ဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံပါတယ်။ နားလည်မှုတွေ လွဲမှားမယ် ဆိုရင်တော့ ကျမ၏ မြန်မာစာ အသုံးအနှုန်း ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း…….. )

Please Share This Post

Share on Facebook Plus on Google+

10 ယောက်က ဒီလိုပြောတယ်

Hi Sis KPZ,

I could not agree with you more.

One of my lecturers at YTU once told me that everyone in the engineering field is, regardless of being BE or GTI grad, equally important. We all have different skill sets and strive towards a common goal of getting things done as the doctors and nurses strive to save human lives together.

As I have discussed in C-Box, there are capable and incapable BE grads while there are outstanding and lousy GTI grads. It is up to individual's interest, contribution, effort and seriousness about his profession. There is no point insulting one another.

There might be one or two bad apples in the basket. But because of that, it is not fair to say all the apples are rotten.

However, some might have inferiority complex and they tend to show it by talking bad about others. To make an engineering project successful, everybody including the lowest level worker in the team has to contribute and fulfill his share of work.

Just sharing my thought.

Cheers,

Ko Myo (YTU)

ကိုမျိုး
ခုလို အမြင်ကို လာရေးပေးတာ ကျေးဇူးပါ.။ လူတိုင်းဟာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါတယ်။ စစ်ရဲ့ ရည်ရွယ်ချက်က အားလုံး စည်း၂လုံးနဲ့ မြန်မာပြည်အတွက် တတ်နိုင်တဲ့ ဘက်က လုပ်ကြစေချင်တာပါ. စကားကြီး စကားကျယ် ပြောတာ မဟုတ်ဘူးနော်. စစ်စာတစ်ကြောင်းဖတ်ဘူးတယ် " လူရှေ့မှာ နိုင်ငံရေးတွေ ပြောဆို ဆွေးနွေးမှ နိုင်ငံရေး မဟုတ်ဘူး။ တိုင်းပြည်အတွက် ကိုယ်တတ်နိုင်တဲ့ တစ်ပိုင်တစ်နိုင်လုပ်တာလဲ နိုင်ငံရေးပဲ" တဲ့။ ဒီတော့ လုပ်နိုင်တာလေးကို စည်းလုံးစေချင်တာပါ။ သူနာပြု တစ်ယောက်လောက်တောင် ဆေးထိုးဖို့ သွေးကြော မရှာတတ်တဲ့ ဆရာဝန်ပေါက်စလေးတွေကို စစ်ကိုယ်တွေ့ ကြုံခဲ့ဘူးပါတယ်။ ဒီတော့ တစ်ခါတစ်ရံ ဘွဲ့ဒီဂရီထက် လုပ်ငန်းအတွေ့ အကြုံက ပိုပြီး အရေးကြီးမလားလို့ပါ။ ဘာတွေပဲ ဖြစ်ဖြစ် တံဆိပ်တွေ ဖြုတ်ပီး ယိုင်းပင်းကြရအောင်လေ .........

ကျွန်တော်တို့ မြန်မာတွေဟာ အစွဲအလမ်း ကြီးတတ်ကြပါတယ်။ အဲဒီအစွဲတွေက ကျောင်းသားဘဝတုန်းကဆိုရင်တော့ တစ်ဘက်နဲ့ တစ်ဘက် အပြိုင်ကြိုးစားတဲ့ ဘက်မှာ သုံးခဲ့ကြတာဆိုရင် မဆိုးပါဘူး။ လူကြီးတွေ ဖြစ်လာပြီး အလုပ်ခွင်ထဲ ရောက်လာတဲ့ အခါမှာ အမြင်ကျယ်ကျယ်နဲ့ လက်တွဲပြီး ဘယ်ပညာရှင်ကိုမဆို လေးလေးစားစားနဲ့ ဆက်ဆံကြရပါမယ်။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေထက် ကိုယ်လုပ်ကိုင်နေရတဲ့ အလုပ်ကို အကောင်းဆုံး အကောင်အထည်ဖေါ်ဖို့ က ပိုပြီး အရေးကြီးလာပါတယ်။

ကျွန်တော့် အတွေ့အကြုံအရ ကျောင်းတွေ ဆရာတွေရဲ့ သင်ကြားမှုတွေဟာ လက်တွေ့ဘဝ မှာ အစပိုင်းလောက်အတွက်ပဲ အဓိက အထောက်အကူပြုနိုင်ပြီး တကယ်တန်း ပညာရှင်တစ်ယောက်ဖြစ်လာဖို့က အဲဒီဆရာတွေ သင်ကြားပေးလိုက်တဲ့ အခြေခံတွေအပေါ် ထပ်ဆင့်ပြီး မိမိ ကိုယ်ပိုင် ဥာဏ်စွမ်းနဲ့ ကြိုးစား အားထုတ်မှုအပေါ် ပိုပြီး မူတည်နေပါတယ်။

ဒါကြောင့် ပညာရှင်အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးလေးစားစားနဲ့ ဆက်ဆံကြဖို့ လိုပါတယ်။ နောက်တစ်ခုက တကယ့်ပညာရှင်မှန်ရင် အလုပ်တစ်ခုကို တစ်ယောက်တည်း လုပ်လို့ မရမှန်း နားလည်ပါတယ်။ တစ်ယောက်တည်း လုပ်ကိုင်ဆောင်ရွက်လို့ ရနေသေးသမျှ အဲဒီလုပ်ငန်းဟာ အသေးစား အဆင့်ပဲ ရှိပါသေးတယ်။ အလယ်အလတ်နဲ့ အကြီးစား ပရောဂျက်တွေ စလုပ်ပြီဆိုရင် အဖွဲ့အစည်းနဲ့ ပညာရှင်ပေါင်းစုံ စုပေါင်းအဖြေရှာပြီး ဆောင်ရွက်ကြရပါတယ်။ အားလုံးရဲ့ အရေးပါမှုဟာလည်း တန်းတူ သဘောသက်ရောက်ပါတယ်။ လက်ငါးချောင်းမှာ တစ်ချောင်းမကောင်းရင် အလုပ်မဖြစ်သလိုပဲ ပညာရှင်တစ်ယောက်မရှိရင် အဲဒီအလုပ်ကို ထိခိုက်လာမှာဖြစ်ပါတယ်။ ဒီတော့ အားလုံး တန်းတူအရေးကြီးတယ်ဆိုတာ အဲလို အလုပ်မျိုးလုပ်ဖူးတဲ့ သူတွေက ကောင်းကောင်းသဘောပေါက်ကြပါတယ်။

အစု သီအိုရီ သင်ခဲ့တုန်းကလိုပဲ လက်တွေ့လောကမှာ ပညာရှင်အချင်းချင်း intersection မလုပ်ပဲ union လုပ်ကြပြီး နှစ်ဦးနှစ်ဘက် အကျိုးများနိုင်ကြပါစေလို့ မေတ္တာရပ်ခံ လိုပါတယ် ခင်ဗျာ။

အဲ.. နောက်တစ်ခုက ကိုယ်ရတဲ့ လစာဟာ ကိုယ့် အရည်အချင်း အစစ်အမှန် ဖြစ်တယ်လို့ ပြောဖို့ အတော်လေး ခက်ခဲပါတယ်။ ကျွန်တော့် MPEI က ဆရာတွေဆိုရင် လစာ နည်းနည်းလေး နဲ့ ကျွန်တော်တို့ကို အငတ်ခံပြီး သင်ပေးနေတာပါ။ သူ့သူငယ်ချင်းတွေက လခ ကောင်းကောင်းနဲ့ ယူအက်စ်ကို သွားပြီး လုပ်နေချိန်မှာ သူက အနစ်နာခံပြီး နေခဲ့ပါတယ်။ တစ်ခါ စက်ရုံတွေက ပရောဂျက်တွေ လခကောင်းကောင်းနဲ့ အကြိမ်ကြိမ် အလုပ်လာအပ်ပေမယ့် စာသင်တဲ့ အလုပ်ကို ထိခိုက်မှာစိုးလို့ လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဟာ သူတို့ နိုင်ငံရဲ့ အရေးကြီးတဲ့ ပရောဂျက်ကြီးတွေမှာ ပါဝင်ကူညီခဲ့တဲ့ တကယ့် ပညာရှင်များ ဖြစ်ပါတယ်။ လခနဲ့ သာ တိုင်းတာရစတမ်းဆိုရင် သူတို့လခက ဒီက သန့်ရှင်းရေးသမားထက်တောင် နည်းနေပါသေးတယ်ခင်ဗျာ။

Hi Sis KPZ,

You might have been mistaken with my comment. What I mean by "I could not agree with you more" is "I absolutely agree with you. Since I agree everything with you, I have nothing left to agree with you." Pardon me if I mean to give you the wrong impression.

Blue Pheonix, I support your comments. Despite our differences and, maybe, disagreements, we have to learn to coexist and cooperate to make Burma developed. Burma is left behind in many areas, technologically, economically, in education, in healthcare, in governance, and the list goes on. It is our obligation to create a developed Burma in our lifetime.

Whenever my Singaporean colleagues ask me why I don't want to take Singapore citizenship, I always reply that I myself doesn't want to be a Singaporean. But I want my country to be developed like Singapore.

Another point, salary is not the ONLY dimension to measure one's ability, performance and value. Just like your professor, the teacher I admire most at YTU earns just a fraction of my salary these days. Am I more valuable than him? NO WAY.

Anyway, I appreciate the opportunity to know both of u, Blue Pheonix and KPZ. We may take different paths. However, as long as we are heading towards a common goal, we can meet up there.

Have a nice day.

Regards,

Ko Myo (YTU)

အကိုရေ.. စစ်အင်္ဂလိပ်စာ ညံ့တာနဲ့ နားလည်မှုလွဲနေသလို ဖြစ်နေပီ။ အကို့ခံယူချက်တွေ ကိုလည်း လေးစားပါတယ်။ စစ်လည်း ခံယူထားပါတယ်။ စင်ကာပူမှာ ဘယ်တော့မှ စီတီဇင်အဖြစ် မခံယူဘူးလို့။ တစ်နေ့ ကျမတို့ တိုင်းပြည်မှာ လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာတဲ့ အခါမျိုးကြရင် ကျမတို့တွေ အဆင်သင့်ဖြစ်နေအောင် ကြိုးစားကြတာပေါ့အကို ..ခင်မင်လေးစားလျှက် ကေပီဇက်

Right ! This is not important for us .If you want to know why , i can explain about this .Here I want you to know the words of rector of DSTA, Brigadier general Win Myint graduated from YIT .I am not interesting any tail of your name (PhD,ME,BE,M.BBS,B.Sc,BA..),I am interesting how much you can do ,how much you know about this . This is so important in practical field,I hope you can agree with me.Do u think we can study in Ru because of this certificate ?Actually we cannot use this certificate for any applying job in Myanmar and other countries.Don't worry for that. I understand everyone always want to keep the pride of his mother university .Think seriously!Thinking rightly is the most essential for engineer and engineering. Thanks for all.

What BG Win Myint said is true. But why did he arrange to confer faked YTU BE degrees to those going to RU if he thinks the tail is not of importance? This is an academic theft and a crime against human diginity of you guys as you also deserve to be proud of your alma mater.

Htet Lin, do not get me wrong. I m neither questioning nor denying the abilities of military engineers. I suppose you guys also got disappointed with their arrangement of conferring faked degrees. As u said, we all want to take pride in the standard and diginity of our alma mater. U guys also deserve to do so.

Nonetheless, the future of our country does not lie in looking back and talking about the past. I believe we all have to look forward and think how to cooperate and contribute in nation building.

Just sharing my thought.

Cheers,

Ko Myo (YTU)

အားလုံးကို ကျမ အနူးအညွှတ် တောင်းဆိုခြင်ပါတယ်။ ဒီ တံဆိပ်ကပ်ခြင်းဆိုတဲ့ ပို့စ်ဟာ ကိုဘလူးဖီးနစ်နဲ့ လုံးဝပတ်သတ်မှု မရှိပါဘူး။ ကိုဘလူးဖီးနစ်က အင်္ဂျင်နီယာနဲ့ ပတ်သတ်တဲ့ ပို့စ်တွေကို စုစည်းထားချင်တယ် ဆိုတာကြောင့် ကျမခွဲထုတ်တင်ထားတာပါ။ ဒါကြောင့် ဒီပို့စ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးချင်တယ် ဆိုရင် ကျမရဲ့ မူရင်းဘလော့ ဖြစ်တဲ့ www.autocad4myanmar.com မှာ လာရောက် ဆွေးနွေးပါ။ ကျမ ဒီပို့စ်ကို ရေးရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း သေချာ ဖော်ပြထားပီး ဖြစ်တာကြောင့် သေချာစဉ်းစားပီးမှ ကော်မန့်ရေးပါလို့ တောင်းဆိုပါရစေ... လေးစားခင်မင်လျှက် .. ကေပီဇက်

ဘယ်သူမှ အကျိုး မရှိနိုင်တဲ့ ကွန်မန့်တွေကို ဖျက်လိုက်ပါတယ်။ နည်းပညာနဲ့ တိုက်ရိုက်မပက်သက်တာတွေကို ဒီနေရာမှာ လက်ခံဆွေးနွေးမယ် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ အဲဒီလိုမျိုး ပြောဆိုနေကြတဲ့ နေရာတွေရှိပါတယ်။ သွားရောက် ဆွေးနွေးနိုင်ကြပါတယ်။ ဒီနေရာက ပညာသက်သက်လိုလားတဲ့ မြန်မာတွေအတွက်ပဲ ရည်ရွယ်ပါတယ်။ ဘလောက်ရေရှည်တည်တံ့ဖို့ အတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အားလုံး နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
ဘလူးဖီးနစ်