Author's abstract for my Dissertation

အခုလေးတင်ပဲ ကျွန်တော့် သီးစစ်အတွက် အကျဉ်းချုပ်စာအုပ်လေး ပြီးသွားပါတယ်။ နောက်တစ်ရက် နှစ်ရက်ဆို ဒီစာအုပ်လေးကို ရုရှ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စာကြည့်တိုက်တွေ၊ တက္ကသိုလ်တွေ၊ စက်ရုံတွေ၊ ပညာရှင်တွေ ထဲက အယောက် ၅၀ လောက်ဆီကို ပို့ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ကျောင်းမှာ ပထမဆုံး ပီအိပ်ခ်ျဒီ ကျောင်းသား ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ကျွန်တော့် အနေနဲ့ ၃ နှစ်ဆိုတဲ့ အချိန်ဟာ သီးစစ် တကယ်တန်းကောင်းကောင်း တစ်ခု ဖြစ်လာဖို့ မလွယ်ကူဘူးဆိုတာ နားလည်လာပါတယ်။ ဒါပေမယ့် ရှိတာလေးနဲ့ ဖြစ်အောင်လုပ်နေရတဲ့ ကာလမှာ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားပြီး လုပ်ခဲ့ပါတယ်။ နောင်လာမယ့် သူများ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ကြပါစေခင်ဗျာ။


Please Share This Post

Share on Facebook Plus on Google+

4 ယောက်က ဒီလိုပြောတယ်

brother BluePhoenix ရဲ့ Thesis အဆင်ပြေ အောင်မြင်ပါစေ.. လို့ ဆုတောင်းပေးပါတယ်။
မျှဝေပေးထားတာကို နားတော့ မလည်ပါဘူး.. =)

အားပေးတာ ကျေးဇူးပဲ ညီမလေးရေ။ ဒီက လူတွေ အတွက် တင်ပေးတာမို့လို့ နားမလည်ရင် ခွင့်လွှတ်နော်။ :P

ကိုယ်လုပ်ထားတဲ့ အလုပ် အောင်မြင်စွာပြီးဆုံး သွားပြီဆိုတော့--
ကျေနပ်သွားကြတာ လူတိုင်းပါပဲ---
ကျမတို့လည်း ထပ်တူဝမ်းသာပေးပါတယ်--

အမှားတွေ ထပ်တွေ့ထားတယ်ဗျ။ စိတ်ညစ်တယ်။ ပြန်ပြင်ရဦးမယ်လေ