ပုံ(၇)
အခု S1 အတွက် input 6 bits ဟာ B1 က 6 bits ဖြစ်ပါတယ် ။ ဥပမာ အနေနဲ့ B1 ရဲ့ 1-6 bits ဟာ 011011 ဆိုပါစို့ ။ အဲဒီ 6 bits မှာ ပထမဆုံး နဲ့ နောက်ဆုံး bit တွေဟာ binary code ကို အခြေခံထားတဲ့ Row no 0 မှ 3 ထိ ဖြစ်ပါတယ် ။ 00 ဟာ Row no 0, 01 ဟာ Row no 1, 10 ဟာ Row no 2 နဲ့ 11 ဟာ Row no 3 ဖြစ်ပါတယ် ။ အလယ် 4 bits ကတော့ Column no အတွက် ဖြစ်ပါတယ် ။ Column no အတွက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
0000 - Column no 0
0001 - Column no 1
0010 - Column no 2
0011 - Column no 3
0100 - Column no 4
0101 - Column no 5
0110 - Column no 6
0111 - Column no 7
1000 - Column no 8
1001 - Column no 9
1010 - Column no 10
1011 - Column no 11
1100 - Column no 12
1101 - Column no 13
1110 - Column no 14
1111 - Column no 15
အဲဒီတော့ 011011 ကို S1 မှာ အစားထိုးတော့ row က 01 နဲ့ column က 1101 ဖြစ်ပါတယ် ။ S1 က row 1 နဲ့ column 13 ဆုံတဲ့နေရာက 5 ဆိုတော့ S1 ရဲ့ output (4 bits) ဟာ 0101 ဖြစ်ပါတယ် ။ ကျန်တဲ့ S2 – S8 ကို အဲလို ဆက်တွက်သွားရင် output အတွက် 48 bits ရမှာပါ ။