ဖြစ်နိုင် OpenCV ကို ကိုယ့်စက်နဲ့ အကိုက်ဆုံး ဖြစ်အောင် Source code တွေကနေပြီး Build လုပ်သုံးသင့်ပါတယ်။
OpenCV source ကို ဒီမှာ ရယူပါ။
Source ကို zip ဖြည်ပါ။ ဖိုဒါ နာမည်ကို ရိုးရိုးရှင်းရှင်းပေးပါ။ ဥပမာ OpenCV2411။
Cmake 32 bit ကို ဒီနေရာမှာ ရယူပါ။
Cmake ကို install လုပ်ပါ။
Cmake ကို ဖွင့်ပြီး OpenCV source folder ကို Source အတွက်ရော Build အတွက်ပါ ရွေးပေးလိုက်ပါ။
- Configure ကို ရွေးပြီး မိမိသုံးနေတဲ့ Visual Studio အမျိုးအစားကို ရွေးပေးလိုက်ပါ။ ကျွန်တော်ကတော့ Visual Studio 12 2013 ကို ရွေးပေးလိုက်ပါတယ်။ (32 bit)
- ပြီးရင် generate button ကို နှိပ်ပါ။ ဒါဆို Visual Studio ကနေ ဖွင့်ဖို့ အဆင်သင့် ဖြစ်လောက်ပါပြီ။
- OpenCV source ဖိုဒါကို ပြန်ဖွင့်ပါ။ အဲဒီမှာ OpenCV.sln ဖိုင်ကို Right click လုပ်ပြီး မိမိ သုံးနေတဲ့ Visual Studio ကိုရွေးပြီး ဖွင့်လိုက်ပါ။
- Release ကိုရွေးပြီး Build လုပ်ပါ။ ပြီးသွားရင် OpenCV source folder ထဲက bin\Release နဲ့ lib\Release ထဲမှာ .exe ဖိုင်တွေ၊ .Libဖိုင်တွေ၊ .pdb ဖိုင်တွေနဲ့ .dll ဖိုင်တွေ အဆင်သင့် ဖြစ်နေပါပြီ။