OOP in C++ : အပိုင်း (၇) - Operators

ယခင် သင်ခန်းစာများမှာ data types conversion ပြုလုပ်ပုံများကို ရှင်းပြခဲ့ပါတယ်။ ယခု သင်ခန်းစာ မှာတော့ Operators များအကြောင်း ဆွေးနွေး တင်ပြသွားမှာပါ။
Arithmetic Operators
    C++ မှာ ပုံမှန် arithmetic operator ၄ မျိုးဖြစ်တဲ့ +. - .*. / တို့ကို အသုံးပြုပြီး ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းများကို ပြုလုပ်ပေးပါတယ်။ အဲဒီ arithmetic operators တွေဟာ အခြား ပရိုဂရမ်းမင်း ဘာသာစကား တွေမှာလိုပဲ algebra သင်္ချာမှာ သုံးတဲ့ပုံစံမျိုးကို data types အမျိုးမျိုးမှာ အသုံးချနိုင်သလို အခြား arithmetic operators များလည်း ရှိပါသေးတယ်။
The Remainder Operator
    Remainder Operator (%) ဟာ integer အမျိုးအစား variable (char, short, int, long) တွေအတွက်ပဲ အသုံးချလို့ ရပါတယ်။ တခါတလေမှာ modulus operator လို့လည်း ခေါ်တတ်ကြပါတယ်။ ၄င်းဟာ ဂဏန်းတစ်ခုကို အခြား ဂဏန်းတစ်ခုနဲ့ စားလို့ ရလာတဲ့ အကြွင်း တန်ဖိုးကို ရှာပေးပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ remaind.cpp ကို လေ့လာကြည့်ရအောင်။
အထက်ပါ ပရိုဂရမ်လေးမှာ ၆ ကနေ ၁၀ အထိ ဂဏန်းတွေကို remainder operator ကို သုံးပြီး ၈ နဲ့စားလို့ရလာတဲ့ အကြွင်းတွေကို ရှာထားပါတယ်။ အဖြေတွေကတော့ ၆၊ ၇၊ ၀၊ ၁ နဲ့ ၂ တို့ ဖြစ်ပါတယ်။ Remainder operator ကို အခြေအနေ အမျိုးမျိုးမှာ သုံးနိုင်ပါတယ်။ နောက်ပိုင်း အလျင်းသင့်သလို ဥပမာများနဲ့ ရှင်းလင်းသွားပါဦးမယ်။ ramaind.cpp မှာပါတဲ့ cout<<6%8 ဆိုတဲ့ ကုဒ်မှာ remainder operator ကို ပထမဦးဆုံး အလုပ် စလုပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ % operator က << operator ထက် precedence ပိုမြင့်လို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ပိုသေချာ စေချင်တယ် ဆိုရင်တော့  လက်သဲကွင်း အဖွင့်အပိတ် တစ်စုံကြားမှာ (6%8) ဆိုပြီး ရေးပေးရမှာ ဖြစ်ပါတယ်။
Arithmetic Assignment Operator
    C++ ကို လေ့လာတဲ့ အခါမှာ ကုဒ်တွေကို အတိုချုံ့ရေးနိုင်တဲ့ နည်းလမ်းအများအပြား ထည့်သွင်းထားတာကို တွေ့ရှိရပါတယ်။ အဲဒီထဲက တစ်ခုကတော့ arithmetic assignment operator ပဲ ဖြစ်ပါတယ်။ ၄င်းဟာ C++ ကို တမူထူးခြားတဲ့ အသွင် ဖြစ်စေပါတယ်။
    ပုံမှန်အားဖြင့် ပရိုဂရမ်းမင်း ဘာသာစကားတွေမှာ total တန်ဖိုးထဲကို item တန်ဖိုးတစ်ခု ထပ်ပေါင်းထည့်ဖို့ အတွက် total = total + item; လို့ ရေးလေ့ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီ ကုဒ်ထဲမှာ total ကို နှစ်ခါ ထပ်ရေးရတဲ့ အတွက် ကုဒ်ကို တိုအောင် ရေးချင်သူများ ဘဝင်မကျ ဖြစ်ရပါတယ်။ ဒါကြောင့် C++ က ပိုမိုကျစ်လစ်တဲ့ ရေးနည်းကို ပံ့ပိုးပေးထားပါတယ်။ Arithmetic operator ကို assignment operator နဲ့ ပေါင်းစပ်ပြီး နှစ်ခါထပ်နေတဲ့ operand ကို ဖြုတ်ထုတ်လိုက်ပါတယ်။ ဒီနည်းနဲ့ အထက်ပါ ကုဒ်ကို ယခုလို တိုတိုရှင်းရှင်း နဲ့ ပြင်ရေးလို့ ရပါတယ် -
Total += item;
အောက်မှာပြထားတဲ့ ပုံလေးကတော့ အဲဒီ ကုဒ် နှစ်မျိုး ထပ်တူညီပုံကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
အထက်ပါ ကုဒ်မှာ arithmetic operator + နဲ့ assignment operator = ကို ပေါင်းထားတဲ့   += ကို သုံးပြသွားသလို -=, *=, /= နဲ့ %= စတဲ့ operator များကိုလဲ အသုံးပြုနိုင်ပါတယ်။ အောက်ပါ assign.cpp ပရိုဂရမ်လေးမှာ နမူနာ သုံးပြထားပါတယ်။
ကျွန်တော်တို့အနေနဲ့ ကုဒ်တွေ ရေးသားတဲ့ နေရာမှာ arithmetic assignment operator တွေကို မဖြစ်မနေ အသုံးပြုဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အဲဒီ operator တွေဟာ C++ ရဲ့ common feature တွေ ဖြစ်တဲ့အပြင် ကုဒ်တွေကို တိုရင်း လိုရှင်းဖြစ်အောင် ကူညီပေးတဲ့အတွက် အလျင်းသင့်သလို အသုံးပြုစေလိုပါတယ်။ ကျွန်တော့် သင်ခန်းစာတွေမှာလည်း ၄င်းတို့ကို မကြာခဏ ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Increment Operators
    ကျွန်တော်တို့ အနေနဲ့ arithmetic assignment operator ကို မသိခင်တုန်းက (count ဆိုတဲ့) variable ထဲကို တန်ဖိုး တစ်ခု တိုးချင်ရင် count = count + 1; ဆိုပြီး ရေးခဲ့ကြပါတယ်။ arithmetic assignment operator ကို သုံးတတ်လာတော့ count += 1; ဆိုပြီး အတိုချုံ့ ရေးနိုင်လာပါတယ်။ ဒါပေမယ့် C++ မှာ ဒီထက်ပိုပြီး တိုအောင် ချုံ့ရေးလို့ရတဲ့ increment operator (++) ဆိုတာ ရှိပါတယ်။ ဒါကြောင့် အထက်ပါ ကုဒ်တွေကို ++cont; ဆိုပြီး အတိုဆုံးရေးလို့ ရလာပါတယ်။ ရလာဒ်ကတော့ တန်ဖိုးကို ၁ တိုးပေးမှာပဲ ဖြစ်ပါတယ်။
Prefix and Postfix
    Increment operator ကို အသုံးပြုတဲ့ နေရာမှာ  variable ရဲ့ ရှေ့ကနေ သုံးတဲ့ prefix ပုံစံနဲ့ နောက်ကနေ တွဲဘက်သုံးတဲ့ postfix ပုံစံဆိုပြီး နှစ်မျိုး သုံးလို့ ရပါတယ်။ အဲဒီ နှစ်ခုရဲ့ ခြားနားချက်ကို လေ့လာကြည့်ကြရအောင်။ ကျွန်တော်တို့အနေနဲ့ ကုဒ်တွေထဲမှာ အခြား operation တွေနဲ့ ရောထွေးပြီး variable တစ်ခုကို increment လုပ်ရတဲ့ အခြေအနေမျိုးကို မကြာခဏ ကြုံရတတ်ပါတယ်။ ဥပမာ- totalWeight = avgWeight * ++count; အဲဒီလို အခြေအနေမျိုးမှာ ပြဿနာက count ကို increment အရင်လုပ်မလား၊ အရင် မြှောက်မလား ဆိုတာပါပဲ။ ဒီကုဒ်အရတော့ prefix notation ကို သုံးထားတဲ့ အတွက် increment ကို အရင်လုပ်ပြီးမှာ avgWeight နဲ့ မြှောက်မှာ ဖြစ်ပါတယ်။ တကယ်လို့ postfix notation ကိုသုံးပြီး totalWeight = avgWeight * count++; လို့ ရေးသားခဲ့မယ်ဆိုရင်တော့ avgWeight နဲ့ အရင်မြှောက်ပြီးမှ increment လုပ်မှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို အောက်က ပုံမှာ အသေးစိတ် ရှင်းပြထားပါတယ်။


အောက်မှာ ဖော်ပြထားတဲ့ increm.cpp ပရိုဂရမ်လေးမှာတော့ prefix နဲ့ postfix နှစ်ခုလုံးကို သုံးပြထားတာ တွေ့ရပါလိမ့်မယ်။


ဒီပရိုဂရမ်လေးမှာ ပထမဆုံး count ရဲ့ တန်ဖိုး 10 ကို cout သုံးပြီး ထုတ်ပြပါတယ်။  ဒုတိယ စာကြောင်းမှာ prefix ကိုသုံးပြီး count ကို increment လုပ်ထားတဲ့ အတွက် cout မထုတ်ခင်မှာ count တန်ဖိုး 10 ကနေ 11 ဖြစ်သွားပြီး အဖြေက 11 ဖြစ်လာပါတယ်။ နောက်တစ်ကြောင်းမှာ postfix ကို သုံးပြီး increment လုပ်တာ ဖြစ်တဲ့အတွက် cout ထုတ်တဲ့ အချိန်မှာ increment မလုပ်ရသေးပါဘူး။ ဒါကြောင့် 11 ကိုပဲ ထုတ်ပေးတာပါ။ ဒါပေမယ့် cout ထုတ်ပြီးပြီးချင်း increment လုပ်ပေးမှာ ဖြစ်တဲ့အတွက် နောက်တစ်ကြောင်းနဲ့ cout အထုတ်မှာ တန်ဖိုးက 12 ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
The Decrement (--) Operator
    Decrement operator (--) လုပ်ဆောင်ပုံတွေက increment operator လိုပဲ ဖြစ်ပါတယ်။ တစ်ခုကွဲပြားတာက decrement operator အနေနဲ့ variable ရဲ့ တန်ဖိုးထဲကနေ 1 နုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ၄င်းကိုလဲ prefix နဲ့ postfix ပုံစံ နှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

Library Functions
    C++ ရဲ့ လုပ်ဆောင်မှု အတော်များများကို library functions တွေ ခေါ်ယူ အသုံးပြုခြင်းအားဖြင့် ရေးသားလေ့ ရှိပါတယ်။ ၄င်း functions များကို အသုံးပြုပြီး ဖိုင်များကို ရယူသုံးစွဲခြင်း၊ သင်္ချာဆိုင်ရာ တွက်ချက်မှုများ ပြုလုပ်ခြင်း၊ data များ conversion ပြုလုပ်ခြင်းနှင့် အခြားမြောက်များလှစွာသော လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအခန်းမှာတော့ library function အချို့ အသုံးပြုပုံကို sqrt.cpp ဆိုတဲ့ နမူနာ ပရိုဂရမ်လေးသုံးပြီး မိတ်ဆက်ပေးချင်ပါတယ်။ ဒီပရိုဂရမ်လေးမှာ sqrt() ဆိုတဲ့ library function လေးကို သုံးပြီး user ထည့်သွင်းပေးလိုက်တဲ့ ဂဏန်းတွေကို square root ရှာပေးမှာ ဖြစ်ပါတယ်။


ပထမဆုံး user ဆီက တောင်းလို့ ရလာတဲ့ တန်ဖိုးကို sqrt() ဆိုတဲ့ library function ရဲ့ နောက်က လက်သဲကွင်း အဖွင့်အပိတ်ထဲကို argument အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့အခါမှာ library function က အဲဒီ argument ရဲ့ square root တန်ဖိုးကို တွက်ထုတ်ပြီး ပြန်ပေးပါတယ်။ အဲဒီ တန်ဖိုးကို assignment operator (=) သုံးပြီး answer ဆိုတဲ့ variable ထဲကို ထည့်သွင်းပေးတာ ဖြစ်ပါတယ်။ Library function တစ်ခုကို အသုံးပြုတဲ့ နေရာမှာ ထည့်သွင်းပေးရမယ့် argument နဲ့ ပြန်ရလာမယ့် return value တွေဟာ မှန်ကန်တဲ့ data type တွေ ဖြစ်နေဖို့ လိုပါတယ်။ ဒီဥပမာမှာ ပါတဲ့ sqrt() function မှာတော့ argument ရော return value ပါ double ဖြစ်တဲ့အတွက် variables နှစ်ခုစလုံးကို double နဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Header Files
    ကျွန်တော်တို့ အနေနဲ့ cout, sqrt() စတဲ့ objects တွေ၊ library functions တွေကို ယူသုံးတဲ့ အခါတိုင်းမှာ သက်ဆိုင်ရာ header file တွေကို #include သုံးပြီး ကြေငြာပေးဖို့ လိုမှာ ဖြစ်ပါတယ်။ sqrt() ရဲ့ header file ဟာ cmath ဖြစ်တာကြောင့် #include<cmath> ဆိုပြီး ရေးသားပေးရပါမယ်။ အဲဒီလို ရေးသားခြင်းအားဖြင့် preprocessor က cmath ဆိုတဲ့ header file ကို ကျွန်တော်တို့ရဲ့ source file ဖြစ်တဲ့ sqrt.cpp ထဲကို ပေါင်းစပ် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ header file ကို ကြေငြာပေးဖို့ မေ့လျော့ခဲ့တယ်ဆိုရင်တော့ compiler ကနေ ‘sqrt’ unidentified identifier ဆိုတဲ့ error message ပေးမှာ ဖြစ်ပါတယ်။
Library Files
    Compiler တစ်ခုဟာ executable ဖိုင် (.exe) တစ်ခု တည်ဆောက်ဖို့အတွက် library functions တွေနဲ့ objects တွေ ပါဝင်တဲ့ ဖိုင်တွေကို ချိတ်ဆက်ပြီး ဖန်တီး ယူရတာ ဖြစ်ပါတယ်။ အဲဒီဖိုင်တွေမှာ အဲဒီ function တွေနဲ့ objects တွေရဲ့ machine-executable code တွေ ပါဝင်ပါတယ်။ Library ဖိုင်တွေဟာ များသောအားဖြင့် .lib extension နဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ sqrt() function ကို အဲဒီလို ဖိုင်တွေထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီ function တွေကို linker က library ဖိုင်ကနေပြီး ခွဲထုတ်ကာ ပရိုဂရမ်က ခေါ်ယူ အသုံးပြုနိုင်အောင် ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့ ဘာမှလုပ်ပေးဖို့ မလိုအပ်ပါဘူး။ Compiler က လိုအပ်သလို ဆောင်ရွက်ပေးသွားမှာပါ။ ဒါပေမယ့် ပရိုဂရမ်မာ တစ်ယောက် အနေနဲ့ကတော့ အဲဒီဖိုင်တွေအကြောင်းကို သိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Header Files and Library Files
    Library ဖိုင်နဲ့ header ဖိုင်တွေရဲ့ ဆက်စပ်မှုကို နားလည်ရ ခက်နေတတ်ပါတယ်။ ဒါကြောင့် အနည်းငယ် ထပ်မံ ရှင်းပြလိုပါတယ်။ ကျွန်တော်တို့ ရေးသားတဲ့ ပရိုဂရမ်ထဲမှာ sqrt() ဆိုတဲ့ library function တစ်ခုကို ထည့်သုံးချင်တယ် ဆိုပါစို့။ ဒါဆို အဲဒီ function ပါတဲ့ library ဖိုင်ကို ကျွန်တော်တို့ ပရိုဂရမ်နဲ့ ချိတ်ဆက်ပေးဖို့ လိုလာပါတယ်။ အဲဒီလို ပြုလုပ်ဖို့ linker က တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ဒါပေမယ့် ဒီမှာ မပြီးသေးပါဘူး။ ကျွန်တော်တို့ ရေးထားတဲ့ source ဖိုင် ထဲမှာ အဲဒီ library ဖိုင်ထဲမှာ ပါတဲ့ functions တွေရဲ့ နာမည်တွေ၊ အမျိုးအစားတွေနဲ့ အခြား အချက်အလက်တွေကို သိဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအချက်အလက်တွေဟာ တကယ်တော့ header file ထဲမှာ စုစည်းထားတာ ဖြစ်ပြီး header file တစ်ခုစီမှာ သက်ဆိုင်ရာ functions အချို့ရဲ့ အချက်အလက်များကို သိမ်းဆည်းထားပါတယ်။ functions တွေကိုတော့ စုစည်းပြီး library file အနေနဲ့ စုစည်းထားလေ့ ရှိတယ်။ အဲဒီ library ဖိုင် တစ်ခုအတွက် header file အများအပြား ခွဲခြား ထားတတ်ပါတယ်။ ဥပမာ iostream header file ထဲမှာ cout အစရှိတဲ့ I/O functions အများအပြားနဲ့ objects တွေရဲ့ အချက်အလက်တွေကို စုစည်းထားသလို cmath header file ထဲမှာတော့ sqrt() အစရှိတဲ့ သင်္ချာ functions တွေရဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ string နှစ်ခုကို နှိုင်းယှဉ်တဲ့ strcpy() ဆိုတဲ့ function ကို အသုံးပြုချင်တယ် ဆိုရင်တော့ string.h ကို ကြေငြာပေးဖို့ လိုမှာ ဖြစ်ပါတယ်။ C++ မှာ header file တွေ အမြဲတမ်း အသုံးပြုလေ့ ရှိပြီး ကျွန်တော်တို့ အနေနဲ့ library function တစ်ခု၊ ဒါမှမဟုတ် ကြိုတင်သတ်မှတ် ရေးသားထားတဲ့ object တွေ operator တွေကို သုံးတဲ့ အချိန်တိုင်းမှာ သက်ဆိုင်ရာ header file တွေကို ကြေငြာပေးရပါမယ်။ အောက်က ပုံလေးမှာ header file နဲ့ library ဖိုင်တွေ အသုံးပြုပုံကို ရှင်းပြထားပါတယ်။

Two Ways to Use #include
    ကျွန်တော်တို့ အနေနဲ့ #include ကို နည်းလမ်း နှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ပထမ တနည်းက angle brackets <> ကြားမှာ filename တွေကို ရေးတဲ့ နည်းဖြစ်ပါတယ်။ အထက်က နမူနာ ပရိုဂရမ်တွေထဲကလို #include<iostream> နဲ့ #include<cmath> တို့ကို ရေးခဲ့သလိုမျိုးပါ။ ဒီလို ရေးလိုက်တာနဲ့ compiler က အဲဒီဖိုင်တွေကို INCLUDE ဆိုတဲ့ directory ထဲမှာ သွားရှာမှာ ဖြစ်ပါတယ်။ အဲဒီ directory ထဲမှာ compiler ကို ထုတ်လုပ်သူက ထည့်ပေးလိုက်တဲ့ header files တွေ အကုန်လုံးကို စုစည်းထားတာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ဒီနည်းကိုပဲ သုံးကြရပါတယ်။ ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် header file တွေ ရေးသား အသုံးပြုလာကြမယ် ဆိုရင်တော့ #include”myheader.h” ဆိုတဲ့ ပုံစံမျိုးနဲ့ quotation marks “” ကြားမှာ ရေးသားပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ရေးသားခြင်း အားဖြင့် compiler က အဲဒီဖိုင်ကို INCLUDE directory မှာ ရှာမယ့်အစား current directory ထဲမှာ သွားရှာပါလိမ့်မယ်။ တကယ်တော့ current directory ဆိုတာ ကျွန်တော်တို့ ရေးသားနေတဲ့ ပရိုဂရမ်ရဲ့ source ဖိုင် ရှိတဲ့ နေရာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရေးသားထားတဲ့ header file နဲ့ source ဖိုင်တွေကို နေရာတစ်ခုထဲမှာ စုစည်းထားဖို့လိုပါတယ်။ Multifile Programs များအကြောင်း ရေးသားတဲ့ အချိန်ကျမှ အခုထက်ပိုပြီး အသေးစိတ် ဆွေးနွေးပေးပါဦးမယ်။
    နောက်အပတ်တွေမှာတော့ looping တွေအကြောင်းကို ဆက်လက် ဆွေးနွေး သွားပါမယ်ခင်ဗျာ။ ဤအခန်းဆက် ဆောင်းပါးများဟာ IT ကျောင်းသားများအတွက် အထူးရည်ရွယ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သိလိုသည်များ ကို aungwh2013@gmail.com ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို YCC ကျောင်းသားများ အတွက်လည်း အောက်ဖော်ပြပါ လိပ်စာရှိ တော်ဝင် ကွန်ပျူတာ စင်တာ ၌လည်း လေ့လာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အကိုးအကား
Object-Oriented Programming in C++(4th edition), Robert Lafore, Copyright©2002 by Sams Publishing: ISBN 0-672-32308-7


Dr. အောင်ဝင်းထွဋ် (bluephoenix)
တော်ဝင် ကွန်ပျူတာ စင်တာ
၁၇၉ စ၊ သုမင်္ဂလာ၊ ဈေးလေး အနောက်ဘက်၊ ပြင်ဦးလွင်မြို့

Please Share This Post

Share on Facebook Plus on Google+