ကျွန်တော် ချစ်တဲ့ စာဖတ်သူများကို အဖိုးတန်တဲ့ စာများ ဖတ်စေချင်တဲ့ စေတနာက တစ်ဖက်၊ ဆိုဒ်လေးကို လဲ ပို့စ် မှန်မှန် တက်စေချင်တဲ့ စိတ်က တစ်ဖက်နဲ့ ဗျာများနေရပါတယ်။ အခုဆို ရေအားလျှပ်စစ်နဲ့ ပက်သက်တာလေး ရေးနေတာ ၂ လလောက် ရှိပါပြီ။ ဒီကြားထဲ အသစ်များ တွေ့လေမလားဆိုပြီး လာလည်ကြတဲ့ သူတွေကို အားနာတာနဲ့ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ကျွန်တော့် ရသလောက် အားလပ်ချိန်လေးတွေကို ဘလောက်အတွက် ပေးနေပေမယ့် တစ်ယောက်တည်း ရေးနေရတာ ဖြစ်တဲ့ အတွက် ပို့စ် အဆက်ပြတ်တာကို နားလည် ခွင့်လွှတ်ပေးစေချင်ပါတယ်။ တတ်နိုင်သမျှ နည်းပညာနဲ့ ပက်သက်တဲ့ အကြောင်းတွေကို ရေးတင်ပေးပါ့မယ်။ စာဖတ်သူများထဲကလည်း ဝင်ရောက် ရေးသားချင်တယ်ဆိုရင် aungwin.htut@gmail.com ကို မေးလ်နဲ့ ပေးပို့ ရေးသားကြစေချင်ပါတယ်။ ရေးဖို့ အားခဲ ထားတဲ့ အကြောင်း အရာတွေ အတော်များများ ရှိပါတယ်။ database နဲ့ ပက်သက်တာတွေ၊ cryptography နဲ့ ပက်သက်တာတွေ ကိုလည်း တင်ပေးချင်ပါတယ်။ စာဖတ်သူများဖက်ကလဲ ဖတ်ချင်တဲ့ အကြောင်းအရာလေးတွေကို ကွန်မန့် ကနေဖြစ်ဖြစ် စီဘောက်စ် ကနေ ဖြစ်ဖြစ် အကြံပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော် ရေးနိုင်တဲ့ အကြောင်းအရာဆိုရင် လေ့လာပြီး ရေးသား ဆွေးနွေး ပေးပါမယ်။ ဘာပဲ ဖြစ်ဖြစ် ဒီဆိုဒ်လေးကို လာကြည့်ကြတဲ့ စာဖတ်သူတွေကြောင့် စာတွေ ဆက်ရေးနေဖို့ အားရှိနေတာပါ။ ဒီထက် စာများများ ဆက်ရေးနိုင်ဖို့ မကြာခဏ လာလည်ကြပါလို့ ...
ဒေါက်တာ အောင်ဝင်းထွဋ်
--
http://www.engineer4myanmar.com
http://wikimyanmar.co.cc
http://www.ru-mm.org
Subscribe to:
Post Comments (Atom)