ကျွန်တော်နှင့် ပြင်ဦးလွင် ပုံရိပ်များ - ၁ (T7)

     ကျွန်တော့် အနေနဲ့ ပညာလဲ စုံ၊ ကြင်ယာလဲ စုံခဲ့ပြီဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဝင်ငွေ အတော်အသင့်တော့ ပုံမှန် ရနေဖို့ လိုလာပါတယ်။ မေမြို့ဆိုတာကလဲ ရွှေထွက်တဲ့ မြို့လို့ အတော်လေး နာမည်ကြီးပါတယ်။ မြေကြီးက ရွှေသီးတာမျိုး မဟုတ်ဘဲ ကိုယ့်ရှိတဲ့ ရွှေကလေးတွေ ပြောင်သွားတာကို တင်စားထားတာပါ။ ဒီတော့ကာ ချွေတာရေးက ဒီနေရာမှာ သိပ်အလုပ်မဖြစ်ပါဘူး။ ကုန်သလောက်ကို အလျင်မီအောင် ရှာနိုင်ဖို့က ပိုပြီး လက်တွေ့ ကျတဲ့ သဘောရှိပါတယ်။ ဒီလို မြို့သေးသေးလေးမှာ အလုပ်ဖြစ်ဖို့ဆိုရင် ကြော်ငြာက အတော်လေး အရေးပါပါတယ်။ ဈေးကွက် ကျဉ်းကျဉ်းလေးကို စုစည်း ဆွဲဆောင်ရတာပါ။ အခုခေတ်မှာ ကံကောင်းတာ တစ်ခုက ဗီနိုင်း (Vinyl) ကြော်ငြာတွေကို ဈေးသက်သက် သာသာနဲ့ အသုံးပြုနိုင်လာတာပါ။ ခေတ်နဲ့ အညီ မေမြို့မှာလဲ ဗီနိုင်း ကြော်ငြာ လုပ်ငန်းလေးတွေ ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော်လဲ အခု လုပ်နေတဲ့ ကွန်ပျူတာ သင်တန်းနဲ့ အင်တာနက်မှာ ကြော်ငြာ ပေးတဲ့ လုပ်ငန်းတွေ အတွက် ဗီနိုင်းလုပ်ဖို့ မြို့ကို တစ်ပတ် ပတ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က ချေးများတဲ့ သူဆိုတော့ ဗီနိုင်းဆိုင်တွေရှေ့က နမူနာ ဒီဇိုင်းတွေရဲ့ အရောင်တွေကို သိပ် စိတ်တိုင်း မကျနိုင် ဖြစ်နေရပါတယ်။ အရောင်ကတော့ ဗီနိုင်းထုတ်ဖို့ အသုံးပြုတဲ့ စက်ပစ္စည်းပေါ် မူတည်မယ်လို့ ယူဆရပါတယ်။ နောက်ဆုံး မန္တလေး-လားရှိုး လမ်းပေါ်က နာရီစင်နားရောက်တော့မှပဲ ကျွန်တော် လိုချင်တဲ့ အရောင်၊ အရည်အသွေးနဲ့ ဗီနိုင်းဆိုင်ကို တွေ့လိုက်ရပါတယ်။ ဈေးနှုန်းကလဲ သက်သာပါတယ်။ ဖေါ်ရွေပြီး အမြန်ဆုံး နဲ့ အကောင်းဆုံး ဗီနိုင်း ပုံတွေကို လုပ်ပေးခဲ့တာကြောင့် ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီနေရာက ကြော်ငြာ ပေးလိုက်တာပါ။ ကျွန်တော့်လိုပဲ အကောင်းကြိုက်သူများ ပြင်ဦးလွင်က T7 (Vinyl Advertising) နဲ့ ဆက်သွယ်လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဒေါက်တာ အောင်ဝင်းထွဋ်

ဆက်သွယ်ရန်
T7 (Vinyl Advertising )
အမှတ်(၃၃)၊ မန္တလေး-လားရှိုးလမ်း၊ နာရီစင်အနီး၊ ပြင်ဦးလွင်မြို့
ဖုန်း-၀၉၂၀၆၁၆၁၉

Please Share This Post

Share on Facebook Plus on Google+