ပုဂံ မေတ္တာစာ

ကျွန်တော် သိသလောက် အွန်လိုင်းမှာ အင်ဂျင်နီယာ ဘာသာရပ်တွေ၊ အတွေးအခေါ် အယူအဆတွေကို ရေးသားတင်ပြနေတဲ့ မြန်မာ ဝဘ်ဆိုဒ်တွေ အင်မတန် နည်းနေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ဒီ အင်ဂျင်နီယာဆိုဒ် ကလေးကို အခက်အခဲတွေ ကြားကနေပြီး နည်းပညာအရာမှာ အောက်ကျ နောက်ကျ ဖြစ်နေရတဲ့ မြန်မာလူမျိုးတွေ ကိုယ့် ဘာသာစကားနဲ့ လွယ်လွယ်ကူကူ လေ့လာခွင့်ရအောင် တည်ထောင်ထားတာ ဖြစ်ပါတယ်။ တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ရေးသားနိုင်တဲ့ ဘလောက် တစ်ခု ဖြစ်ပေမယ့် တရားဝင် ထုတ်ဝေရတဲ့ စာစောင်တစ်ခုလိုမျိုး သဘောထားပြီး ဘောင်ကျော်ရေးသားခြင်းမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ အပြုသဘောဆောင်တဲ့၊ အားလုံး အတွက် အကျိုးများစေမယ့်၊ အပြစ်ကင်းတဲ့ စာမျိုးကိုသာ ရေးသား တင်ပြနေတာ ဖြစ်ပါတယ် ခင်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို ငှားသုံးရမယ်ဆိုရင် "ကျွန်ပ်၏ ဝိဥာဏ်သည် အစဉ် သန့်ရှင်းလျက်ရှိသည်" လို့ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော်ရေးသားခဲ့တဲ့ စာတွေရဲ့ သမိုင်းကလဲ ကျွန်တော့် စကားတွေကို အကြွင်းမဲ့ ထောက်ခံနေမယ်လို့ ယူဆပါတယ်။ အဲဒီအတွက် ကျွန်တော့ ဆိုဒ်ကို တားဆီးပိတ်ပင်ခြင်း (ban) ပြုလုပ်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့တာ အမှန်ပါပဲ။ တစ်လောက ကိုညီလင်းဆက်ရဲ့ ဘလောက်ကို ban ခံရတယ် ဆိုမှ ကျွန်တော့် ဆိုဒ်ကိုလဲ ပုဂံက ဝင်မရမှန်း သိခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ နားလည်မှု လွဲမှားနေတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့်လဲ ဒီစာနဲ့ မေတ္တာရပ်ခံရတာပါ။ ကျွန်တော့် ရေးသားထားချက် အားလုံးကို ကျွန်တော် တာဝန်ယူနိုင်ပါတယ်။ ဒါကြောင့် မှားယွင်းပြီး ban ထားတာကို ပြန်လည် ဖွင့်ပေးပါလို့ ပုဂံ က တာဝန်ရှိသူ အားလုံးကို မေတ္တာရပ်ခံပါတယ်။ ဘာအခွင့် အရေး အကျိုး အမြတ်ကို မျှ မမျှော်ကိုးပဲ "ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး" တစ်ခု တည်ဆောက်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ဖြစ်ဖြစ် ပါဝင်ချင်တဲ့ ကျွန်တော်တို့ကို ငဲ့ညှာပြီး ပြန်ဖွင့်ပေးမယ်လို့လဲ ယုံကြည်ပါတယ်။ ပုဂံက တာဝန်ရှိသူ အားလုံးကိုလဲ ရိုးသားစစ်မှန်တဲ့ မေတ္တာ ပို့သလိုက်ပါတယ်။ ကျွန်တော်ပို့တဲ့ မေတ္တာကြောင့် တာဝန်ရှိသူများ ကိုယ်စိတ်နှလုံး၊ ကြည်လင်အေးချမ်းပြီး အစစ အရာရာ အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
ဒေါက်တာ အောင်ဝင်းထွဋ်
Ph.D [E.P] (M.P.E.I)

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

Dear Ko Aung Win Htut,

Your site is not banned.
It's seem just false-filter by server. Sometimes OK and sometimes show denied.
You should mail and request "moderator(at)myantel.net.mm" to sure your site is excluded.

cheers,