ကျွန်တော်က တကယ်တော့ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ တစ်ယောက်ပါ။ ဒါပေမယ့် လက်တွေ့လောကမှာ ကွန်ထရိုးပိုင်း က မြန်မာပြည်နဲ့ ပိုပြီး အသုံးကျသလို ထင်မြင်လာမိပါတယ်။ ကျောင်းတွေက နင်းကန် သင်နေတဲ့ သီအိုရီပိုင်းတွေ အပြင် PIC , PLC နဲ့ Embedded programming တွေကို တွဲဘက်လေ့လာထားတဲ့ အီးပီသမားတွေ အတွက် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ရော ဘယ်လို ထင်မြင်မိပါသလဲ သိပါရစေ ခင်ဗျာ။
Subscribe to:
Post Comments (Atom)
4 ယောက်က ဒီလိုပြောတယ်
ကျနော့ အမြင် ကို ပြောရ ရင် တော့
လျှပ်စစ်စွမ်းအားဆို ရင် တော့ Load shedding, load sharing, electrical equipments in hazardous area, earthing system, relay coordination.. စတာတွေက ပိုအရေးကြီးမယ်လို့ ထင်ပါတယ်။ Calibration of over loads and protection relays ကလဲ အရေး ကြီးပါတယ်။
Synchronizing generators ကိုအဆင်ပြေပြေလုပ်နိုင်ဖို့လဲ ပါတယ်။ နောက် VFDs (variable Frequency drives) တွေလဲ ပါတာပေါ့ဗျာ…
PLC ပိုင်းက တော့ သုံး တဲ့ အမျိုး အစားပေါ်မှာမူတည်ပါတယ်။ relay logic ကို ပိုင်နိုင်တယ် ဆိုရင် တော့ PLC ပိုင်းမှာ သုံး တဲ့ brand ပေါ်မှာမူတည်ပြီး software ကို familiar ဖြစ်ခဲ့ရင် အခက်အခဲ ရှိမယ် မထင်ပါဘူး။ အလုပ်လုပ်တဲ့အခါမှာတော့ PLC ထဲ့က ladder logic တွေကို ဖတ်နိုင်မယ်ဆို ရင် တော့ လုံလောက်ပါတယ်။ အသစ်တွေလုပ်ဖို့ဆိုတာက တော့သိတ်တော့ မလွယ်လှပါဘူး။နောက် သက်ဆိုင်ရာ ကုန်ပစ္စည်း အာမခံပေးတဲ့သူက လည်းခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါတွေက သူဘာသာရပ်နဲ့သူ special trained personnel တွေ လုပ်ရတာပါ။
Networking နဲ့ ပတ်သက်လို့လဲ အနည်းငယ်တော့ သိထားဖို့လိုပါတယ်။PLC တလုံးနဲ့ တလုံးချိတ်ဆက်ပြီး အသုံးပြု ဖို့တို့ အဝေးက နေစက်တွေကို ကြည်ရူ စောင့်ရှောက်ဖို့ အသုံးကြပါတယ်။
အဲရေးမယ်ဆိုရင်တော့ လျှပ်စစ်စွမ်းအာနဲ့ပတ်သက်ရင်တော့ အများကြီးပေါ့ဗျာ…..
ဟုတ်ကဲ့ အခုလို ဆွေးနွေး ပေးတာ ကျေးဇူး တင်ပါတယ် ခင်ဗျာ။ ကျွန်တော်က အီးပီ အပိုင်းဆို မော်တာ ဒီဇိုင်း တစ်ခု ပဲ နဲနဲ သိပါတယ်။ ခက်တာက ဆရာ တစ်ယောက် အနေနဲ့ သိတာ တွေကို ဒီမှာ လက်တွေ့ မသုံး နိုင်သေးတော့ လက်တွေ့ လုပ်လို့ ရတဲ့ ဘက်ကို အရင် သွားနေတာပါ ခင်ဗျာ။ အဲဒါလေးတွေနဲ့ ကျောင်းသား တွေကို လက်ဘ် လုပ်ပေးမလို့ စဉ်းစား မိလို့ပါ။ နောက်တစ်ခု special trained personnel ဆိုတာထက် ကိုယ် ဖြစ်ချင်တဲ့ ပစ္စည်း တစ်ခုကို ဖြစ်အောင် ကိုယ့် စိတ်ကူးနဲ့ စဉ်းစားပြီး လုပ်ကြည့်ရတာ ပျော်ဖို့ ကောင်းတယ်လို့ ယူဆမိပါတယ်။ နောက်ထပ် လဲ အကြံပေးပါဦးလို့ တိုက်တွန်းပါတယ် ခင်ဗျာ။
အဲဗျ.. ကိုယ်ဖြစ်ချင်တ့ ပစ္စည်းတစ်ခု ကို ဖြစ်အောင်လုပ်မယ်ဆို ရင်တော့ ကောင်းတဲ့ ရည်ရွယ်ချက်ပါ ဘဲ။ အောင်မြင်ရင်တော့ စိတ် ချမ်းသာရတာပေါ့။ နောက် တစ်ခုက သူများနဲ့မတူ အောင်လုပ်မှ ရမှာဆို တော့ ပြိုင်ဆိုင်မှု တွေ ရှိတာပေါ့ နော်။ အဲဒါဆို ရင်တော့ ကို ဖန်တီးလိုက်တဲ့ ပစ္စည်းက ဘာလဲ ။ အဲဒီ အတွက် သုံးရ မဲ့ ငွေပမာဏ နဲ့ အချိန် နောက် လုပ်အား စတာတွေကို ထည့်တွက်ရပါမယ်… ဒါတွေကို အဓိက မထားရင်တော့ ဝါသနာ လို့ ပြောရမှာပေါ့… ကိုယ်ဝါသနာပါတာကို လုပ်နေရရင်တော့ ဘယ်သူမဆို ထမင်းမေ့ဟင်းမေ့ နဲ့ အချိန်တွေ ကုန်သွားတာ တောင်သတိမထားမိလိုက်ပါဘူး။
ဒါပေမဲ့ ကျနော် တို့က ဝါသနာနဲ့ professional ကို ခွဲရပါမယ်.. ကျောင်းတက်တုန်းကလို စာတွေဖတ်ပြီး စာအုပ်တွေထဲ က လေကျင့်ခန်းတွေလုပ်မယ်။ project တွေလုပ်မယ် ဒါတွေက ဘယ်မှာဘဲ ဖြစ်ဖြစ်လုပ်ရတာပါဘဲ. အသေးစားလေးတွေပေါ့ ဗျာ… ကျောင်းတော်က နေ ပြီးတော့ လုပ်ငန်းခွင် ကို ရောက်သွားတဲ့အခါ ကျ တော့ မတူတော့ဘူးဗျ…
အဲဒီမှာ လုပ်ငန်းခွင်ဆို တာ ကျောင်းဆရာ အလုပ်တော့ မပါဘူးပေါ့ဗျာ
ကျောင်းဆရာအလုပ်က အင်မတန်မှ မွန်မြတ်ပါတယ် လူတိုင်းမလုပ်နိုင်ပါဘူး
စာတွေနဲ့လဲအမြဲတစေ ထိတွေ့နေတော့ design ပိုင်းမှာ အရမ်းတော်ကြပါတယ်…
ကျနော်တို့လိုအလုပ်တွေကျတော့ မတူတော့ဘူးဆိုတာက basic electrical theory ကို မေ့လို့မရဘူးပေါ့ဗျာ.. ဒါပေမဲ့ ပစ္စည်းတွေကျ တော့ ဈေးကွက်ထဲမှာရှိနေတယ်လေ
ဈေးအသက်သာဆုံးနဲ့ အဆင်ပြေမယ့် ပစ္စည်းကိုဘဲ ရွှေး ပြီး အသုံးပြု ရတာပေါ့။အဲဒီမှာ ထုပ်လုပ်တဲ့သူတွေနဲ့ စကားပြောလာရတယ်။ သူထုပ်လုပ်တဲ့ပစ္စည်းက ဘယ်လောက်ကောင်းသလဲပေါ့… နောက် ကိုသုံးမယ့် ပတ်ဝန်းကျင်နဲ့ ကိုက်မကိုက် catalog တွေထဲမှာဘယ်လို့ data sheet တွေထဲမှာ ဘယ် လိုစတာတွေ ဖတ်ရပါတယ်.. နောက် ပစ္စည်းရဲ့ အာမခံချက်က ဘယ် လိုစတာတွေပေါ့ ဗျာ။
ဒီလိုအချက်အလက်တွေနဲ့တင်မလုံလောက်ပါဘူး နောက် ဆုံး commissioning and testing data တွေထိ သိမ်းထားရပါတယ်.. နောက် electrical equipments တွေမှာ က code and standards တွေက အများကြီးဆိုတော့ အဲဒီ ဟာတွေလဲ လေ့လာရပါတယ်… ဥပမာ ဆိုရင် NEC , IEC တို့တွေပေါ့.. နောက် equipments တွေနဲ့ ပတ်သက်တဲ့ certificates တွေလဲ လေ့လာရတယ်လေ.. UL , FM, CE စတဲ့ အဖွဲ့တွေက ထုပ်ပေးတာပေါ့။
ဆရာက ကျောင်းမှာ lab လုပ်ပေးမယ်ဆိုတော့ အကောင်းဆုံး အကြံပေးချင်တာက တော့ Safe ဖြစ်ဖို့ပါဘဲ။
Safety First ပေါ့ဗျာ….
ဒေါက်တာ အောင်ဝင်းထွဋ်
နိုင်ငံအတွက် ကိုယ်တတ်တဲ့ပညာတွေကို ပြန်ပြီး ဖြန့်ဝေပေးနေတယ် လို့ သိရလို့ ဂုဏ်ယူ ဝမ်းသာပါတယ်။
PLC, PC control, SCADA စတာတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီရှိရင် ပြောပါ။ ကျွန်တော် တတ်နိုင်သလောက် အကူအညီ ပေးပါ့မယ်။ ကျွန်တော် အဲဒီ နည်းပညာတွေနဲ့ ၅နှစ်ကျော်လောက် နေ့စဉ် ထိတွေ့ ခဲ့ဖူး ပါတယ်။
ဘယ်သူလဲတော့ မှတ်မိမယ် ထင်ပါတယ်။
Zaw Thet