ခရီးအစတုန်းကပေါ့…..
ငါ့ရင်ကို
ဓါးထက်ထက်တွေနဲ့
အလွမ်းတွေက စုတ်ဖြဲခဲ့ကြတယ်။
နှလုံးသွေးတွေ တစ်စက်စက် ယိုနေပေမယ့်
မျှော်လင့်ချက်အပြည့်နဲ့မို့
ငါ…. မငိုဖြစ်ခဲ့ဘူး။
အဲဒီလိုနဲ့
ဧရာဝတီရေ…….
ငါ့မျက်ရည်တွေ
မင်းအတွက် သိမ်းထားခဲ့တာပေါ့။
ငါ ပြန်လာရင် ငါတို့နဲ့ အတူ
အိမ်မက်အသစ်တွေ သယ်ခဲ့ကြမယ်လေ။
နေ့သစ်အစမှာ
ရှိုက်သံတွေအစား
တေးသံတွေကို ကြားစေရမယ်။
မနက်ဖြန်အသစ်က
လင်းလက်နဲ့ ရောင်နီနဲ့ အတူ
မင်းတို့၊ ငါတို့၊…. သူတို့ အားလုံး
လက်တွေညီညီတွဲထားပြီး
အနာဂါတ်ဆီ သွားကြရအောင်နော်…။
ဘလူးဖီးနစ်
7 ယောက်က ဒီလိုပြောတယ်
ကဗျာတွေ ရေးဖြစ်နေပြီပေါ့ အစ်ကိုကြီး. :)
မွန်းကျပ်တာတွေ များနေတယ် ထင်တယ်.
အစစအရာရာ အားလုံးအဆင်ပြေပါစေဗျာ.
အကိုရေ.. ထူးထူးဆန်းဆန်း ကဗျာတွေ ရေးနေပါလား။ ဘာတွေ ဖြစ်နေလဲ. ဘာပဲဖြစ်ဖြစ်. အတူတူသွားမယ့် မနက်ဖြန်အသစ်တွေမှာ တစ်တပ်တစ်အား ပါဝင်ချင်ပါတယ်
စာတမ်းဖတ်ဖို့အလုပ်များနေတယ်ကြားတယ်---
ဒီကြားထဲက ကဗျာရေးပြန်တော့လည်း ကောင်း
နေပြန်ရော--။ အနုပညာကို မွန်းကျပ်လို့ပဲဖြစ်ဖြစ်-- ခံစားချက်နဲ့ ဖန်တီးလိုက်
တာနဲ့ တပြိုင်တည်း လှပတဲ့ ကဗျာပန်းပွင့် လေးတပွင့် ဖူးပွင့်ခဲ့တယ်
ကျေနပ် နှစ်သက် ဖွယ်ရာ အနုပညာ ကဗျာပန်းပွင့်လေး တပုဒ်ပါ----။
တာဝန်တွေ ပိနေတယ်ဗျာ ................ အလေးကြီးပဲဗျ အီး..
အစ်ကိုက ကဗျာတွေရေးတော့လည်း ဂွတ်တာပဲဗျာ
အရမ်းလှပတဲ့ အနှပညာပန်းလေးပဲဗျာ
စာရေးတော့လည်းကောင်းတာပဲ
ကဗျာရေးတော့လည်းကောင်းတာပါပဲလား
Thanks brothers :)