လူတွေ အတော်များများ သိလားပြီးလောက်တဲ့ သတင်းလေးကို မသိသေးတဲ့ သူတွေ အတွက် ပြန်ရေးပေးလိုက်ပါတယ်။
ဒီတစ်ခါတော့ Apple က သူ့ရဲ့ တင်းကျပ်တဲ့ ပေါ်လဆီတွေနဲ့ ဆန့်ကျင်ဘက် လုပ်ရပ်တစ်ခုအဖြစ် unlock လုပ်ထားတဲ့ 3G iPhone တွေကို ဟောင်ကောင်မှာ ရောင်းပေးခြင်းအားဖြင့် သုံးစွဲသူအကြိုက် ဖုန်းလိုင်းတွေကို ရွေးချယ် အသုံးပြုခွင့် ပေးလိုက်ပါပြီ။ ခုတော့ အဲဒီ iPhone တွေက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီ ထင်ပါတယ်။ ဒါပေမယ့် အားလုံး သိကြတဲ့ အတိုင်း “လွတ်လပ်မှု က ဘယ်တော့မှ ဈေးပေါပေါနဲ့ မရပါဘူး”။ Apple ရဲ့ အဆိုအရ 16Gb iPhone ကို ဒေါ်လာ 798 (ဟောင်ကောင်ဒေါ်လာ 6,200) ပေးရတဲ့ အချိန်မှာ 8Gb အတွက်ကို ဒေါ်လာ 695 (ဟောင်ကောင်ဒေါ်လာ 5,400) လောက် ပေးရမှာ ဖြစ်ပါတယ်။ iPhone 3G ကို အွန်လိုင်းစတိုးမှ ဝယ်ယူသူများအနေနဲ့လဲ မိမိတို့ ကြိုက်နှစ်သက်ရာ wireless carrier ကို အသုံးချပြီး အလွယ်တကူ activate ပြုလုပ်နိုင်ပါတယ်။ မိမိလက်ရှိသုံးနေတဲ့ SIM card ကို iPhone 3G ထဲ ထည့်ပြီး iTunes 8 ကို ဆက်သွယ်ခြင်းဖြင့် activation ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ မော်စကိုမှာတော့ ဒေါ်လာ ၁၀၀ လောက်ပေးရင် unlock လုပ်ပေးနေတဲ့ သူတွေ ရှိပါတယ်။ ဒါပေမယ့် အကောက်ခွန် ဆောင်ရတာ အင်မတန် ဈေးကြီးတော့လည်း ဘယ်သူမှ မသုံးနိုင်ကြပါဘူး။
iPhone သုံးလို့ ဘာတွေ ပိုကောင်းလာမလဲ? လေ့လာကြည့်ရအောင်။ Apple ရဲ့ အဆိုအရတော့ 3G ကိုသုံးခြင်းအားဖြင့် အင်တာနက် သုံးရတာ ပိုမြန်လာမယ်လို့ ဆိုပါတယ်။ အလုပ်တွေကို ပြိုင်တူ လုပ်ဆောင်နိုင်လာမယ် (multitask) ၊ ဖုန်းခေါ်နေတုန်းမှာပဲ ဝဘ်ဆိုဒ်တွေ ဖတ်နေလို့ ရနိုင်ပါမယ်။ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုက ဂျီပီအက်စ် နဲ့ တွဲပြီး မြေပုံမှာ ကိုယ်ရောက်နေတဲ့ နေရာရှာတာ၊ လမ်းကြောင်းရွေးတာ စတာတွေ လုပ်လို့ ရနိုင်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို သာမာန် မြန်မာများအတွက်က iPhone ဆိုတာဟာ ဖိုးလမင်းဆီက ထမင်းဆီဆမ်း ရွှေလင်ဗန်း လိုပါပဲလေ။ ဝယ်နိုင်တဲ့ ပိုက်ဆံရှိရင်တောင် မြန်မာမှာ ဘယ်လိုလုပ်ပြီး ဟန်းဖုန်းကနေ အင်တာနက်ကို သုံးမလဲနော်။ တစ်ခုကောင်းတာက မြန်မာတွေ အဲလို သုံးနိုင်လာတဲ့ တစ်ချိန်ကျရင် ဒီလို ဖုန်းတွေ ဈေးကျနေလောက်ပါပြီ အဟိ :P။ မကြာမီ လာမည် မျှော်။
Apple Store (HongKong)
အကိုးအကား
Apple selling unlocked iPhone 3G in Hong KongApple Store (HongKong)

3 ယောက်က ဒီလိုပြောတယ်
အကိုရေ.. ညီမလေးဝယ်ပြီးပြီ။ လာကြွားတာ .. ဟိဟိ၊ ကလိလို့တော့ ဘာကောင်းသလဲ မမေးနဲ့၊ တစ်ပါတ်လောက် အိပ်ရေးတော်တော် ပျက်သွားတယ်၊ ပို့တောင်ရေးနိုင်တော့ဝူး။ ဒါပေမယ့် တော်တော်မိုက်တယ်။ တစ်ခါတစ်လေ ကွန်ပျူတာ လိုတော့ဝူး။
ပိုက်ဆံ ရှိ လူတန်းစားဆိုတော့ ဝယ်နိုင်တာပေါ့ ဟွန်း မြန်မာ ပြန်ရောက်မှ သိမယ်။ အင်တာနက်မရှိတဲ့ အရသာကို :P
အယ်.. အကိုကလည်း၊ ပိုက်ပိုက်ရှိဘူး။ ရှုးတိုးတိုး၊ သူများဆီက ချေးငှားပီးဝယ်တာ၊ သူများတွေကိုမပြောနဲ့နော် ငြိမ်ငြိမ်လေးနေနော်