ကျွန်တော်အခုလုပ်နေတဲ့ အလုပ်တွေကို တာဝန်ယူပြီး ဆက်လုပ်နိုင်မယ့် လူတစ်ယောက် လိုချင်ပါတယ်။ ကျွန်တော်တော့ သီးစစ်နဲ့ နပမ်းလုံးပြီး ပြန်တော့မယ်။ ကိုယ် ၅ နှစ်ကျော် လောက် လုပ်ထားတဲ့ အလုပ်တွေကို ဆက်လုပ်မယ့် သူ မရှိလို့ ပစ်ထားရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံနေရလို့ပါ။
4 ယောက်က ဒီလိုပြောတယ်
အင်မတန်တန်ဖိုးရှိတဲ့ ပညာရပ်တွေကို ပစ်ထားခဲ့လို့ မရပါ။
အများအကျိုးအတွက် ကိုယ့်တိုင်းပြည်ကနေ ဆက်လုပ်
ရင်ရော ၊ မရနိုင်ဘူးလား၊ မသိလို့ မေးတာပါ။
ဆက်လုပ်မှာပါ မိုနာလီဇာ:P အဲလေ မသက်ဇင်ရေ။ ဒါပေမယ့် အကြာကြီး ပစ်ထားသလို မဖြစ်အောင် လုပ်မယ့် သူတွေ ရှိမှ ဖြစ်မယ်လေ။ နို့မို့ဆို ဆိုဒ်တွေ ပရောဂျက်တွေ သေသွားမှာ... ဟိုကျရင် သင်တန်းတက်ဘာတက်နဲ့ အဆက်ပြတ်မှာ စိုးလို့ပါဗျာ။ အင်တာနက်ကလဲ မသေချာဘူးခင်ဗျ
ဆရာရေ မြန်မာပြည်ပြန်တော့မယ်ဆိုတော့ ဆက်သွယ်ဖို့လိပ်စာပေးစေချင်ပါတယ်။ အတတ်နိုင်ဆုံး အဆက်သွယ်မပြတ်ချင်စေချင်ပါခင်ဗျာ။
ကိုလျှပ်စစ်ရေ စိတ်ဝင်စားရင် ကိုလျှပ်စစ် ကို ကျွန်တော် လွဲပေးခဲ့ချင်ပါတယ်။ ကျွန်တော့်ကို လောလောဆယ် aungwin.htut@gmail.com ကနေ ဆက်သွယ်လို့ ရပါတယ်ခင်ဗျာ။