မြန်မာစာ ချစ်သူတွေ အတွက် ကျွန်တော်တို့ တွေ မြန်မာဝီကီ ဆိုပြီး စတင်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ မြန်မာ့ အွန်လိုင်း စွယ်စုံကျမ်း ဆိုပြီး ခြေလှမ်းသစ် တစ်ခုဆီကို စတင်ခဲ့ကြပါပြီ။ လိပ်စာ ကိုလည်း http://wikimyanmar.org ကို ပြောင်းလဲ တည်ထောင် လိုက်ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဝီကီပီဒိယ ဖေါင်ဒေးရှင်း ရဲ့ trade mark ဖြစ်တဲ့ အမှတ်အသား တွေကို ဖယ်ရှားပြီး မြန်မာ့ မူပိုင် သီးသန့်တဲ့ ဟန်ပန်နဲ့ မြန်မာ့ အွန်လိုင်း စွယ်စုံကျမ်း တစ်ခုကို ပီပီပြင်ပြင် တည်ထောင် ကြဖို့ပဲ ဖြစ်ပါတယ်။ မြန်မာ့ အွန်လိုင်း စွယ်စုံကျမ်း (Myanmar Online Encyclopedia) MOE ဟာ မြန်မာများ အားလုံးနဲ့ သက်ဆိုင်ပါတယ်၊ မန်ဘာများ အားလုံးက ပိုင်ဆိုင်ပါတယ်။ မန်ဘာများအနေနဲ့ မိမိတို့ဟာ MOE ရဲ့ အကောင်းအဆိုး သမိုင်းကြောင်းကို ရေးသားမယ့် သူများ ဖြစ်တယ် ဆိုတာကို သတိရစေ ချင်ပါတယ်။ အားလုံး ညီညီ ညွတ်ညွတ် စည်းစည်း လုံးလုံးနဲ့ အနာဂါတ် မျိုးဆက်သစ် တွေအတွက် တတ်နိုင်သလောက် ကြိုးစားပေးကြစေဖို့ မေတ္တာ ရပ်ခံလိုပါတယ် ခင်ဗျာ။ --ဘလူးဖီးနစ် 23:32, 29 ဇူလိုင် 2008 (UTC)
Technorati Tags: မြန်မာဝီကီ, wikimyanmar