Black Hole
တော့ပစ်ရဲ့ အဓိက အကြောင်းအရာ black hole ဖြစ်လာရတဲ့ အကြောင်းကို ရောက်ပါပြီ..။ တကယ်လို့ supernova ဟာ တော်တော်ကြီးနေခဲ့မယ်ဆိုရင်တော့ neutron star အဆင့်နဲ့ မရပ်တော့ပါ..။ အပြင်လွှာတွေပြိုကျ၊ သိပ်သည်းဆ ကြီးသည်ထက်ကြီးပြီးတော့ နောက်ဆုံး နယူထရွန်ဖြစ်ပါမယ်..။ ဒါပေမယ့် ဒြပ်ထုက အင်မတန်ကြီးနေရင်တော့ နယူထရွန်လည်း ချမ်းသာရာမရတော့ပါ..။ နယူထရွန်အဖြစ်ဆက်လက် တည်မြဲနိုင်ခြင်းမရှိပဲ ဘာ လို့ နာမည်တပ်လို့ မရနိုင်တဲ့ ဒြပ်သား သန့်သန့်ဖြစ်သွားပါတော့တယ်..။ နယူထရွန်တွေ အများကြီး စုဝေးနေတာမျိုးမဟုတ်ပဲ တဆက်ထဲ၊ တသားထဲရှိနေတဲ့ object တစ်ခုတည်း ဖြစ်သွားပါတယ်..။ သူ့ရဲ့ အရွယ်အစားဟာ ကမ္ဘာပေါ်က မြို့ကြီးတစ်မြို့ထက် သေးပါလိမ့်မယ်တဲ့..။ ဒါပေမယ့် သူ့ရဲ့ mass ကတော့ ကျနော်တို့ရဲ့ နေထက် ၁၀ ဆမက ကြီးလိမ့်မယ်လို့ဆိုပါတယ်..။ ပါတ်ဝန်းကျင်မှာ ရှိရှိသမျှအရာအားလုံးကို မလွတ်တန်းဆွဲငင်ပါ တော့တယ်..။ အလင်းရောင်တောင် သူ့ဆွဲငင်အားထဲက မလွတ်ပါဘူး..။ ဆွဲငင်ခံရတဲ့ အရာအားလုံးဟာ သူ့အလယ်မှာ ရှိနေတဲ့ singularity မှာသွားပြီးပူးပေါင်းပါတယ်..။ တချို့ ပညာရှင်တွေကတော့ black hole ရဲ့ အလယ်မှာ wormhole လို့ခေါ်တဲ့ အပ်တစ်ဖျားစာ အပေါက်သေးသေးလေး ရှိတယ်လို့ ယုံကြည်ကြပါတယ်..။ အဲဒီအပေါက်လေးကို ဖြတ်ပြီးသွားရင် အလင်းနှစ်သန်းပေါင်းများစွာဝေးတဲ့ အခြားဂလက်ဆီတွေကို ရောက်သွားပါလိမ့်မယ်တဲ့..။
အဲဒီလိုနည်းနဲ့ လူတွေဟာ စိတ်ကူးနဲ့ မမှန်းဆနိုင်တဲ့ နေရာတွေကို ခရီးနှင်ဖို့ ကြံစည်ကြတာပါ..။ အခြား စကြာဝဠာတွေကို ခရီးနှင်တဲ့ နေရာမှာ အဝေးကြီးကို ခဏနဲ့ သွားလို့ ရနိုင်တဲ့ ဆိုတဲ့ စကြာဝဠာ အကွေး သီအိုရီ ဆိုတာလည်း ရှိပါသေးတယ်..။ နောင်ကျရင် ဆက်ပြီးဆွေးနွေးပါ့မယ်ဗျာ..။