ပုံ (၁)
ပထမဦးဆုံးအနေနဲ့ DES algorithm ကို ဖော်ပြပေးလိုက်ပါတယ် ။ Cryptography မှာ algorithm ဟာ အသက်ပါပဲ ။ Algorithm ပေါ် မူတည်ပြီး data ရဲ့ လုံခြုံမှု ဟာ ပြောင်းလဲနိုင်ပါတယ် ။
ဒီ algorithm အရ data ကို input အနေနဲ့ထည့်ပေးမယ်ဆိုရင် အဲဒီ data ကို encryption လုပ်ပြီး
output data ပြန်ရပါမယ်။ အဲဒီ output data ကို cipher text လို့ခေါ်ပါတယ်။ DES မှာတော့ data တွေကို encryption တကြိမ်မှာ 64 bits (binary format) ပြုလုပ်ပေးနိုင်ပါတယ် ။ input data ကို တကြိမ်ကို 64 bits တွက်ချက်တယ် ဆိုရာမှာ အဲဒီ 64 bits ဟာ character အနေနဲ့ ၈ လုံးကို ပြောတာပါ ။ ဥပမာ standard ဆိုတဲ့ စာလုံးကို input အနေနဲ့ ထည့်ပေးမယ် ဆိုရင် “standard” ဆိုတဲ့ စာလုံးဟာ character အနေနဲ့ ၈ လုံးဖြစ်ပါတယ်။ အဲဒီ character ၈ လုံးကို binary code ပြောင်းရင် 64 bits ရပါတယ် ။ character ၁ လုံးမှာ binary ၈ လုံးရှိတဲ့အတွက် character ၈ လုံး အတွက် binary ၆၄ လုံးရတာပါ ။

Tags: Cryptography, reddevil