မြန်မာပြည်မှာ ဖြစ်နေတာကို အားလုံး သိပြီးလောက်ပြီလို့ ထင်ပါတယ်ဗျာ။ လှိုင်သာယာ မီးဘေး ဒုက္ခသည်တွေ အတွက် တတ်နိုင်သလောက် စုစည်းပြီး ကူညီကြရအောင်ပါ။ ကျောင်းအလိုက်၊ ဒေသအလိုက် အလှုငွေ စုကောက် ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
ရန်ကုန် က အလှုရှင်များ ဆက်သွယ်ရန်လိပ်စာမှာ
ကိုစိုးမင်းကို
ဖုန်း (ဟန်းဖုန်း) 95043754
ရုရှားက လှုချင်တဲ့ သူရှိရင် ကျွန်တော့်ကို ဆက်သွယ်လို့ ရပါတယ်ခင်ဗျာ။
အီးမေးလ် - aungwin.htut@gmail.com ပါ။
မီးလောင်လို့ စားဝတ်နေရေး အရမ်းကို ခက်ခဲ နေကြရှာမယ့် ကျွန်တော်တို့ သွေးရင်းသားရင်း ညီအကိုတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ၊ ကူညီကြရအောင်လား ခင်ဗျာ။ ကျွန်တော်တို့ အတွက် တစ်ရက်လောက် ချွေတာလိုက်မယ်ဆိုရင် အဲဒီလူတွေကို တစ်ပတ်လောက် ထမင်းကျွေးထားလို့ ရပါတယ်ခင်ဗျာ။ မြန်မာပီပီ တတ်နိုင်သလောက် ကူညီကြပါလို့ လေးစားစွာနဲ့ တိုက်တွန်းလိုပါတယ် ခင်ဗျာ။
Tags: