
mechanical drawing တွေတိုင်းလောက်နီးနီး မကင်းနိုင်တဲ့ပစ္စည်းလေးတွေပါ...
ပထမဦးစွာ auto CAD command line မှာ အနား၆ ဘက်ပါတဲ့ ပိုလီဂွန်လေးကို pol (enter) လို့ရိုက်ပြီှးဆွဲရပါမယ်.
အဲ့ဒိ ဆဌဂံရဲ့ အတွင်းထိတဲ့ စက်ဝိုင်းလေးတ၀ိုင်းပါဆွဲထားရပါမယ်..

ပြီးရင်တော့ ထုံးစံအတိုင်း ext (enter ခေါက်) ပြီးအထူတခုနဲ့ ဒု တင်ရအောင်လေ..polygon ကိုပဲ extrude အရင်လုပ်ထားရမှာနော်..ပြီးရင် အတွင်းထဲက စက်ဝိုင်းကိုတော့ tapper angle ကို ၄၅ ဒီဂရီပေးပြီး extrude
ပြီးရင်ဟိုဘက်ဒီဘက်ရဖို့ အတွက်ကတော့
mirror command ကိုသုံးလိုက်တာလွယ်တာပေါ့...


ပြီးရင်သုံးခုလုံးကို intersection လုပ်လိုက်ရုံနဲ့
ချန်းချန်းတို့လိုချင်တဲ့ Nut တလုံးရပြီလေ...
ဆွဲကြည့်ပါနော် အဆင်ပြေ မှာပါ....
intersection အတွက်command က
in (enter)
ပဲလေ....

Thread အတွက် ကတော့ နောက်မှထပ်တင်တော့မယ် ...နော်..
ခင်မင်လေးစားလျက်..
ချန်းချန်း (မောင်မိုင်း)