ဒီနေ့တော့ ကျွန်တော်တို့ ရဲ့ ရုရှ-အင်္ဂလိပ်-မြန်မာ အဘိဓာန်လေး အကြမ်းဖျဉ်း စီစဉ်ပြီးပါပြီ။ အမှားတွေကို ဝိုင်းဝန်းရှာဖွေ ထောက်ပြပေးကြလိမ့်မယ် လို့လည်း မျှော်လင့်မိပါတယ်။ စာလုံးတွေ ထပ်ထည့်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီလို ပြီးစီးအောင်လို့ အဖက်ဖက် က ကူညီပေးကြတဲ့ သူတွေကို ကျေးဇူး အထူးတင်ရှိကြောင်း ဒီနေရာက မှတ်တမ်းတင်ထားပါရစေ။ ကျွန်တော်တို့ ပရောဂျက်လေး စဖြစ်အောင် ငွေအား၊ အကြံဥာဏ်အားနဲ့ ကူညီခဲ့တဲ့ ကိုငွေထွန်းကို ကျေးဇူးတင်ရပါတယ်။ သူ အားပေးလို့သာ ဒီလောက်အထိ ဖြစ်လာတာ ဖြစ်ပါတယ်။ နောက်ထပ် စာရိုက်ပေးတဲ့ ညီမလေး မိုးသက်ဝေ၊ ညီလေး ကျော်သီဟနဲ့ ၊ ဘာသာပြန်ပေးတဲ့ ညီလေး ကျော်ဇောလင်း တို့ကြောင့်လည်း ဒီအဘိဓာန်လေး ဖြစ်လာတာ ဖြစ်ပါတယ်။ ကျွန်တော်က ဒီအဘိဓာန်လေးကို စီစဉ်ရုံပဲ စီစဉ်ပေးနိုင်ခဲ့တာပါ။ ဘာသာလည်း အနည်းအကျဉ်းပဲ ပြန်ပေးခဲ့တာပါ။ နောက်ထပ် စာလုံးတွေ ထပ်ထည့်ဖို့ကိုတော့ ကျွန်တော်ကိုယ်တိုင် တာဝန်ယူပြီး လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တကယ်တော့ အခုမှ အစပဲ ရှိပါသေးတယ် ခင်ဗျား။
ပရောဂျက်ကို ဂူဂယ်ရဲ့ http://code.google.com/p/ru-en-mm-electrical-engineering-dictionary-project/ ကနေ ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဘလူးဖီးနစ်
(ဒေါက်တာ အောင်ဝင်းထွဋ်)
Home » Uncategories » Russian-English-Myanmar Electrical Engineering Dictionary Beta (sketch) version 1.0 Release today
Subscribe to:
Post Comments (Atom)