General
Designers Vincent Rijmen, Joan Daemen
First Published 1998
Derived from Square
Successors Anubis, Grand Cru
Certification AES winner, CRYPTREC, NESSIE, NSA
Key sizes 128,192 or 256 bits
Block sizes 128 bits
Structure Substitution-permutation network
Rounds 10, 12 or 14 (depending on key size)
In the Beginning…
AES သည် ၁၉၇၇ ခုနှစ်တွင် ဒီဇိုင်းပြုလုပ်ခဲ့သော DES ၏ အားနည်းချက်များ နှင့် ၄င်းကို linear နှင့် differential cryptanalysis ပြုလုပ်ခြင်းများမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံပြီး ဒီဇိုင်း ပြုလုပ်ထားခြင်း ဖြစ်သည်။ DES အနေဖြင့် ၄င်း၏ 56 bit သာရှိသော key size ကြောင့် brute force attack ကို ခံနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၄င်းဆိုက်ဖာကို ယခု အခါ ၂၄ နာရီအတွင်း ချိုးဖောက်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် NIST (အမေရိကန် စံသတ်မှတ်ရေးနှင့် နည်းပညာ အဖွဲ့ချုပ်) မှ DES နှင့် ၄င်းကို ပြုပြင်ထားသော triple-DES တို့ကို အစားထိုးနိုင်ရန် စာဝှက်နည်းပညာ အသစ်တစ်ခု စတင် တီထွင်မည်ဖြစ်ကြောင်း ၁၉၉၇ ခု ဇန်နဝါရီလတွင် ကြေငြာခဲ့သည်။ NIST အနေဖြင့် AES ကိုရွေးချယ်ရာတွင် ယခင်က DES, SHA-1 (Secure Hash Algorithm), Digital Signature Algorithm (DSA) များ ရွေးချယ်သကဲ့သို့ မဟုတ်ဘဲ လွတ်လပ်စွာ ရွေးချယ်သော စနစ်ကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် မည်သူမဆို ဆိုက်ဖာ စနစ်တစ်ခု ပေးပို့ ယှည်ပြိုင် နိုင်ပေသည်။ NIST အနေဖြင့် အဆိုပါ အရွေးချယ်ခံ ဆိုက်ဖာ စနစ်များကို လုံခြုံရေး နှင့် လုပ်ဆောင်မှု စွမ်းရည်များ စစ်ဆေးမည် မဟုတ်ဘဲ ဆိုက်ဖာလောကမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ၄င်း စနစ်များကို ဝှက်စာချိုးဖောက် တိုက်ခိုက်မှုများ ပြုလုပ်ကာ စမ်းသပ်စေခဲ့ခြင်းလည်း ဖြစ်ပါသည်။
AES: Scope and Significance
AES အဖြစ် အရွေးခံခဲ့ရသော Rijndael ၏ official scope သည် မူလက ကန့်သတ်ချက်များစွာ ရှိခဲ့ပါသည်။ US Federal Administration အတွက်သာ အသုံးပြုမည့် FIPS (Federal Information Processing Standard) တစ်ခုဖြစ်ပြီး sensitive but not classified information များအတွက်သာ အသုံးပြုရန် ဖြစ်ခဲ့ပါသည်။ သို့ရာတွင် AES ၏ အောင်မြင်မှုများမှာ ၄င်း ဘောင်များကို ကျော်လွန်သွားခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာ အနှံ့ရှိ ဘဏ်များ၊ အုပ်ချုပ်ရေး ယန္တရားများ နှင့် စက်မှု လုပ်ငန်းများအတွက် လူကြိုက်များသော ဆိုက်ဘာ စံသတ်မှတ်ချက်တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ပါသည်။ ထို့ကြောင့် အဖွဲ့အစည်းများစွာက Rijndale ကို AES အဖြစ် အရွေးမခံရမီကပင် ၄င်းတို့၏ ဆိုက်ဖာ စံသတ်မှတ်ချက်အနေဖြင့် လက်ခံ သုံးစွဲနေပြီ ဖြစ်ပါသည်။ ထို့အပြင် ISO, IETF နှင့် IEEE တို့ကို ပေးပို့ခဲ့ရာ ၄င်းတို့၏ စံသတ်မှတ်ချက်များ အဖြစ်လည်း ရွေးချယ် အသုံးပြုလျက် ရှိပါသည်။
ထိုကဲ့သို့ Rijndael ကှိုလျှင်မြန်ကျယ်ပြန့်စွာ လက်ခံသုံးစွဲလာကြခြင်း၏ အကြောင်းရင်းမှာ ၄င်းသည် royalty-free ဖြစ်ခြင်း၊ platform အမျိုးမျိုးတွင် bandwidth သိသိသာသာ ကျဆင်းခြင်းမရှိဘဲ ကျယ်ပြန့် လွယ်ကူစွာ အသုံးချနိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။
Start of AES Process
၁၉၉၇ စက်တင်ဘာလတွင် AES အတွက် candidate nominations များ ပေးပို့ရန် နောက်ဆုံး ကြေငြာခဲ့ပါသည်။ အနည်းဆုံး လိုအပ်ချက် - 128 bits block size ရှိပြီး key size 128,192 နှင့် 256 bits များ အသုံးပြုနိုင်သော symmetric block cipher များ ပေးပို့ရန် ဖြစ်သည်။ NIST က လိုအပ်လျက်ရှိသော ဆိုက်ဖာ အမျိုးအစားမှာ triple-DES ကဲ့သို့ လုံခြုံ စိတ်ချရပြီး ၄င်းထက်ပို၍ လုပ်ဆောင်မှု စွမ်းရည် (efficiency) ပိုမြင့်သော ဆိုက်ဖာ ပင် ဖြစ်သည်။ ထို့ပြင် အဆိုပါ ဆိုက်ဖာသည် အကယ်၍ AES အဖြစ် အရွေးခံရပါက တစ်ကမ္ဘာလုံးအတွက် royalty-free အဖြစ် သတ်မှတ်ပေးရမည် ဖြစ်ပါသည်။ AES အတွက် စကာတင် ဆိုက်ဖာများဖြစ်ရန် အောက်ပါ အရည်အချင်းများ သတ်မှတ်ခဲ့ပါသည်။
1. ဘလောက် ဆိုက်ဖာ ၏ algorithm အပြည့်အစုံ ကို ရေးသား သတ်မှတ်ရန်၊
2. အကိုးအကားအနေဖြင့် ANSI C ကိုအသုံးပြု၍ ရေးသား တင်သွင်းရန်၊ ANSI C နှင့် Java တို့ကို အသုံးပြု၍ သင်္ချာနည်းအရ ကျစ်လစ် အောင် ပြုပြင်ထားသော ပရိုဂရမ် များ ရေးသား တင်သွင်းရန်၊
3. Known-answer နှင့် Monte Carlo test များ ပြုလုပ်ရန် နှင့် မှန်ကန်သော ဘလောက်ဆိုက်ဖာ အသုံးပြုမှုများအတွက် အဆိုပါ tests များ၏ ရလာဒ်များကို တင်သွင်းရန်၊
4. Hardware နှင့် Software အသုံးပြုမှု ၂ မျိုးလုံးအတွက် ခန့်မှန်း တွက်ချက်ထားသော efficiency ကို တင်ပြရန်၊ ဝှက်စာချိုးဖောက်တိုက်ခိုက်မှု ခံနိုင်ရည် ကို ခန့်မှန်း တင်ပြရန်၊ အသုံးပြုမှု အမျိုးမျိုးအတွက် ကန့်သတ်ချက်များ၊ အားသာချက်များကို တင်ပြရန်၊
5. ဆိုက်ဖာ ချိုးဖောက် တိုက်ခိုက်မှု ခံနိုင်ရည်ကို သိရှိပြီးသမျှ ဆိုက်ဖာ ချိုးဖောက်တိုက်ခိုက်နည်းများ အသုံးပြုလျက် စမ်းသပ် လေ့လာ တင်ပြရန်။
အဆိုပါ စံသတ်မှတ်ချက်များကြောင့် အရွေးချယ်ခံ ဆိုက်ဖာ အများစု မှာ အပယ်ခံလိုက်ရပြီး ကျန်ဆိုက်ဖာများမှာလည်း အချိန်မီ submission package တင်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားခဲ့ရပါသည်။ ထိုအချိန်တွင် Cryptix team က ဆိုက်ဖာများ အားလုံးအတွက် Java implementation ရေးသားပေးမည်ဖြစ်ပြီး၊ known-answer နှင့် Monte Carlo test များအတွက် Java implementation များ ရေးသားပေးမည် ဖြစ်ကြောင်း ကြေငြာ ကူညီခဲ့သဖြင့် ဒီဇိုင်းနာများအတွက် ဝန် အနည်းငယ် ပေါ့သွားခဲ့သော်လည်း AES API ကို ရေးသားပုံအား ၂ ကြိမ် ပြောင်းလဲ ခဲ့သဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရပါသည်။ နောက်ဆုံးတွင် စကာတင် ဆိုက်ဖာ ၁၅ ခုသာ အချိန်မီ ပြီးစီးခဲ့ပြီး ရွေးချယ်ခြင်း ခံခဲ့ရပါသည်
Evaluation Criteria (နှိုင်းချိန် ဆုံးဖြတ်ရန် စံသတ်မှတ်ချက်များ)
အောက်ပါ စံသတ်မှတ်ချက်များကို အခြေခံ၍ နောက်ဆုံး စကာတင် ဆိုက်ဖာ ၅ ခု ကို ရွေးချယ် စီစစ်ခဲ့ပါသည်။
1. လုံခြုံစိတ်ချရမှု။ အရေးအကြီးဆုံး အချက်ဖြစ်သည်။ သို့သော် လက်တွေ့ ဖော်ထုတ်ပြသရန်မူ ခက်ခဲသည်။ အချို့ ဆိုက်ဖာများကိုသာ သီအိုရီအရ အားနည်းချက်များရှိနေကြောင်း သက်သေပြနိုင်ခဲ့သည်။ အများစုကို အားနည်းချက်မရှိဟု သတ်မှတ်ခဲ့ရသည်။
2. Costs (ကုန်ကျစားရိတ်)။ ၄င်းကို ထပ်မံ ခွဲခြားထားသည်။ ပထမ အချက်အနေဖြင့် intellectual property issue ဖြစ်သည်။ အကယ်၍ AES အဖြစ် အရွေးခံရမည်ဆိုပါက အဆိုပါ ဆိုက်ဖာသည် အခမဲ့ အသုံးပြုခွင့် ပေးရမည် ဖြစ်သည်။ ထို့ပြင် အခြား AES အဖြစ် ရွေးချယ်ခံရသည့် ဆိုက်ဖာတွင် မိမိ အိုင်ဒီယာ ပါရှိနေကြောင်း ပိုင်ဆိုင်ခွင့် အငြင်းပွားမှု၊ မူပိုင်ခွင့် ပြုလုပ်မှု မပြုလုပ်ပါမည့် အကြောင်း ဝန်ခံ လက်မှတ် ရေးထိုးထားရမည် ဖြစ်သည်။ နောက် ကုန်ကျစားရိတ် အမျိုးအစားမှာ အဆိုပါ ဆိုက်ဖာကို အသုံးချရာတွင် ကုန်ကျမည့် စားရိတ် ဖြစ်သည်။ memory လိုအပ်ချက်၊ ပရိုဂရမ် ၏ အရွယ်အစား နှင့် computational efficiency တို့ ထည့်သွင်း စဉ်းစားရမည် ဖြစ်ပြီး dedicated hardware အတွက်မူ chip များအတွက် စဉ်းစားရမည် ဖြစ်သည်။
3. Algorithm and Implementation Characteristics။ platforms အမျိုးမျိုးတွင် အသုံးချနိုင်စွမ်း ရှိရမည်။ အနိမ့်ဆုံးအနေဖြင့် storage memory နှင့် RAM နည်းပါးလှသော 8-bit micro-controller များနှင့် smart card များတွင် အသုံးချနိုင်စွမ်း ဖြစ်သည်။ နောက်တစ်မျိုးအနေဖြင့် dedicated hardware များတွင် စွမ်းရည်မြင့်မားစွာ အသုံးချနိုင်ရမည် ဖြစ်သည်။ ဥပမာ- ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် gigabit-per-second နှုန်းဖြင့် on-the-fly encryption/decryption ပြုလုပ်ပေးနိုင်ရမည် ဖြစ်သည်။ ၄င်း တို့ ၂ ခုကြားရှိ ဆာဗာများ၊ workstations၊ PC၊ palmtops အစရှိသည့် ဝှက်စာနည်းပညာ အသုံးချရန် လိုအပ်သည့် ကျယ်ပြန့် မြောက်မြားလှစွာသော processors များ တွင်လည်း အသုံးချနိုင်စွမ်း ရှိရမည် ဖြစ်သည်။ ၄င်းအချက်အတွက် အသုံးများသော Pentium family processor များဖြင့် စမ်းသပ်ရန် ဖြစ်သည်။ ဒုတိယ feature တစ်ခုမှာ key agility လျှင်မြန်စွာ key ဖန်တီးနိုင်မှု ဖြစ်သည်။ များသောအားဖြင့် ဘလောက် ဆိုက်ဖာများသည် key ဖန်တီးရန် အချိန်ပေးရလေ့ ရှိသည်။ key တစ်ခုတည်းကို အသုံးပြု၍ အချက်အလက် အမြောက်အများကို ဝှက်စာပြုလုပ်ရန် အတွက် key setup လုပ်ချိန် သည် အရေးသိပ်မကြီးသော်လည်း key မကြာခဏ ပြောင်းလဲ အသုံးပြုရသည့် အခြေအနေမျိုးတွင်မူ သိသာ လာပေသည်။ ဥပမာ- IP packets များကို encryption ပြုလုပ်သော Internet Protocol Security (IPSEC) တွင် key setup အတွက် ကြာချိန်သည် အရေးပါလာပေသည်။ အဆိုပါ အခြေအနေမျိုးတွင် key setup ကို လျှင်မြန်စွာ ပြုလုပ်နိုင်ခြင်းသည် အားသာချက် တစ်ခုပင် ဖြစ်သည်။ နောက်ဆုံး အချက်တစ်ခုမှာ simplicity ရိုးရှင်းလွယ်ကူမှု ပင် ဖြစ်သည်။ ၄င်း အချက်သည် လုံခြုံစိတ်ချရမှု ထက်ပင် ဆုံးဖြတ်ရ ခက်ခဲပေသည်။ ၄င်း သည် ဆိုက်ဖာ algorithm တွင် အဆင့် မည်မျှ ပါဝင်ခြင်း၊ symmetry မည်မျှ ဖြစ်ခြင်း နှင့် ၄င်း algorithm ကို နားလည်ရန် မည်မျှ လွယ်ကူသည် ဆိုသော အချကများအပေါ် အခြေခံ၍ ဆုံးဖြတ်ရခြင်း ဖြစ်သည်။ အခြား အချက်များတွင် တူညီနေပါက ရိုးရှင်းလွယ်ကူမှုကို အားသာချက်အဖြစ် NIST့ ထည့်သွင်းစဉ်းစားရခြင်းမှာ အသုံးချရာတွင် လွယ်ကူစေရန်နှင့် ရှင်းလင်းစွာနားလည်မှုကြောင့် လုံခြုံစိတ်ချရမှုကို confident ရှိစေရန် ဖြစ်သည်။
Selection
၁၉၉၉ ခု မတ်လတွင် အီတလီနိုင်ငံ၊ ရောမမြို့၌ ကျင်းပသော ပထမ AES conference သို့ တင်သွင်းဖတ်ကြားသော စာတမ်းများ အရ အရွေးချယ်ခံ ဆိုက်ဖာ အချို့၏ အားနည်းချက်များ ထောက်ပြနိုင်ခဲ့သဖြင့် စကာတင် ဆိုက်ဖာ ငါးမျိုး ရွေးချယ် စစ်ထုတ် နိုင်ခဲ့သည်။ ၄င်းတို့မှာ MARS, RC6, Rijndael, Serpent နှင့် Twofish တို့ ဖြစ်ကြသည်။ Rijndael ကို AES အဖြစ် ရွေးချယ်ကြောင်း ၂၀၀၀ပြည့်နှစ် အောက်တိုဘာလ ၂ ရက်နေ့ ၌ NIST မှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြင့် အတည်ပြုနိုင်ခဲ့သည်။
Subscribe to:
Post Comments (Atom)