BackSpace Button Coding for Calculator Project in VB.Net2008
ကျွန်တော့်အနေနဲ့ IDCS, IADCS ကျောင်းသား အချို့ကို VB.NET အခြေခံ လေးတွေ သင်ပေးဖြစ်ပါတယ်။ အချို့ အလွန် လွယ်ကူတဲ့ ကုဒ်ဒင်းလေးတွေကို စတင်လေ့လာကာစ လူငယ်တွေ လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ် ခင်ဗျာ။
ဒီကုဒ်လေးကတော့ Calculator Project မှာ txtInput ဆိုတဲ့ textbox တစ်ခုထဲကို ရိုက်ထည့်ထားတဲ့ စာလုံးတွေ BackSpace သုံးသလိုမျိုး တစ်လုံးချင်း ပြန်ဖျက်ဖို့ အသုံးပြုထားတာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Programming Software ကတော့ Visual Studio.Net 2008 ဖြစ်ပါတယ် ခင်ဗျာ။
၁- ပထမဆုံး textbox ထဲက text တွေကို string ပြောင်းပြီး string variable တစ်ခုထဲကို ထည့်ပါမယ်။ ဒီ ဥပမာ မှာတော့ sInput ထဲကို assignment operator (=) သုံးပြီး ထည့်လိုက်ပါမယ်။ sInput = txtInput.Text.ToString
၂- နောက်တဆင့်က string ထဲက စာလုံး တစ်လုံး လျော့ဖို့အတွက် လိုတဲ့ string ရဲ့ စာလုံးအရေအတွက် ကို ရှာထားဖို့ပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ len() function ကို အသုံးပြုပြီး integer variable တစ်ခုထဲကို ထည့်သွင်း ထားပါတယ်။ iASize = Len(sInput)။ နောက်ပိုင်းမှာ အဲဒီလို function မျိုးကို ကိုယ်တိုင် ဘယ်လို ရေးမယ်ဆိုတာကို ရှင်းပြသွားပါမယ်။
၃- နောက်ဆုံး အဆင့်မှာတော့ Microsoft.VisualBasic.Left(,) function ကိုသုံးပြီး မလိုချင်တဲ့ နောက်ဆုံး စာလုံးကို ဖယ်ထုတ်ကာ textbox ပေါ်မှာ ပြန်လည် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။
၎- if Not Then End If ကိုသုံးထားရတာကတော့ တကယ်လို့ textbox ထဲမှာ စာရိုက်ထည့်ထားတာမရှိရင် ဘာမှ မလုပ်ဖို့အတွက် error မတက်အောင် ကြိုတင် စစ်ဆေးထားတာ ဖြစ်ပါတယ်။
ကုဒ်ဒင်း အပြည့်အစုံကိုတော့ အောက်မှာဖေါ်ပြပေးထားပါတယ်။
Private Sub btnBackSpace_Click(ByVal sender As System.Object, ByVal e As System.EventArgs) Handles btnBackSpace.Click
Dim sInput As String
Dim iASize As Integer
If Not txtInput.Text = "" Then
sInput = txtInput.Text.ToString
iASize = Len(sInput)
txtInput.Text = Microsoft.VisualBasic.Left(sInput, iASize - 1)
End If
End Sub
အထက်က ကုဒ်ဒင်း မှာ ပါတဲ့ ဖန်ရှင် လေးတွေကို အသေးစိတ်ရှင်းပြပြီး ကိုယ်တိုင် အသစ်ရေးပြပါ့မယ်။
Len() function
String တစ်ခုရဲ့ စာလုံးအရေအတွက်ကို ရှာပေးပါတယ်။ input argument အနေနဲ့ string ရဲ့ name ဒါမှ မဟုတ် string တစ်ခုကို " " ခံပြီး ထည့်သွင်းပေးရပါမယ်။ ရလာတဲ့ စာလုံးအရေအတွက်ကို integer variable တစ်ခုထဲကို = သုံးပြီး ထည့်ပေးရပါမယ်။
ဥပမာ- iArraySize = Len(sArrayName) (or) iArraySize = Len("http://www.engineer4myanmar.com")
အဲဒီဖန်ရှင်လေးကိုပဲ ကျွန်တော်တို့ ကိုယ်တိုင် ပြန်ရေးကြည့်ရအောင်။ သိပ်မခက်ပါဘူး။ For Each ကိုသုံးပြီး string ထဲက စာလုံး တစ်လုံးချင်းစီကို ဆွဲထုတ်တိုင်း Counter variable ကို တစ်တိုးပြီး ရေတွက် သွားတာပါ။ အခု ဖန်ရှင်းမှာ အဲဒီလို ဆွဲထုတ်လိုက်တဲ့ char တစ်လုံးချင်းစီကို သုံးပြ မထားပေမယ့် နောက်ဥပမာတွေမှာ လိုအပ်ရင် ယူသုံးပြသွားပါ့မယ်။
Private Function funArrayLength(ByVal sArray As String) As Integer
Dim iCount As Integer = 0
For Each cMyChar As Char In sArray
iCount = iCount + 1
Next
Return iCount
End Function
Microsoft.VisualBasic.Left()
ဒီဖန်ရှင်ကိုတော့ string တစ်ခုထဲက ကိုယ်လိုချင်တဲ့ စာလုံး အရေအတွက်ကို ထုတ်နုတ်ယူဖို့ အသုံးပြုပါတယ်။ ဘယ်ဘက်ကနေစပြီး input argument ထဲ ထည့်ပေးလိုက်တဲ့ စာလုံး အရေအတွက် အတိုင်း ထုတ်ပေးတာပါ။ Output string ကို = သုံးပြီး ရယူပေးရပါတယ်။ အဲဒီ ဖန်ရှင်ကိုပဲ ကိုယ်တိုင် ပြန်ရေးကြရအောင်..
Private Function funLeft(ByVal sArray As String, ByVal iIndex As Integer) As String
Dim sOutputString As String = ""
Dim iCount As Integer = 0
For Each cMyChar As Char In sArray
iCount = iCount + 1
If iCount <= iIndex Then
sOutputString = sOutputString & cMyChar
End If
Next
Return sOutputString
End Function
ဒီတော့ ကိုယ်တိုင်ရေးထားတဲ့ ဖန်ရှင်တွေကို သုံးပြီး ဒီကုဒ်ဒင်းလေးကို အောက်ပါအတိုင်း ပြင်ရေးလိုက်ပါ့မယ်။
Private Sub btnBackSpace_Click(ByVal sender As System.Object, ByVal e As System.EventArgs) Handles btnBackSpace.Click
Dim sInput As String
Dim sOutput As String
Dim iArraySize As Integer
If txtshow.Text <> "" Then
sInput = txtshow.Text.ToString
'iArraySize = Len(sInput)
iArraySize = funArrayLength(sInput)
'sOutput = Microsoft.VisualBasic.Left(sInput, iArraySize - 1)
sOutput = funLeft(sInput, iArraySize - 1)
txtshow.Text = sOutput
End If
End Sub
ဘာမဟုတ်တဲ့ အသေးအဖွဲလေးပေမယ့် string manipulation ကို လေ့လာဖို့အတွက် အခြေခံ အဖြစ် ရေးသားထားခြင်း ဖြစ်ပါတယ်။
--
http://www.engineer4myanmar.com
http://wikimyanmar.co.cc
http://www.ru-mm.org