

ပုံ (၅)
ဒီ algorithm အရ ပထမဆုံး R (32 bits ) ကို E bits (48 bits) ပြုလုပ်ရန် လိုပါတယ် ။ E bits ဆိုတာကတော့ R (32 bits) ထဲက bits တွေကို ပြန်သုံးပြီး 48 bits ရအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။
E bits selection table ကို ပုံ (၆) မှာကြည့်ပါ ။
E bits selection table ကို ပုံ (၆) မှာကြည့်ပါ ။
ပုံ (၆)
E bits selection table လုပ်ပြီးလို့ 48 bits ရလာပြီ ဆိုရင်တော့ အဲဒီ E bits (48 bits) နဲ့ Key bits (48 bits) တို့ကို ပေါင်း (Exclusive OR) ပြုလုပ်ပေး ရမှာ ဖြစ်ပါတယ်။ Key bits တွေဘယ်လို ရလာတယ် ဆိုတာတော့ ကျွန်တော် နောက်ပိုင်းမှာ ရှင်းပြသွားပါမယ်။ အခု လောလောဆယ်တော့ E bits နဲ့ Key bits တွေပေါင်းပြီး function ပြုလုပ်တဲ့ အပိုင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ E bits (48 bits) နဲ့ Key (48 bits) ပေါင်းရင် 48 bits ရပါတယ်။ Binary code (0 or 1) ကို ပေါင်းနည်း (Exclusive OR) က အောက်ပါအတိုင်း ဖြစ်ပါတယ်။
(Exclusive OR)
x⊕y=z
0⊕0=0
0⊕1=1
1⊕0=1
1⊕1=0
0⊕1=1
1⊕0=1
1⊕1=0