မော်တာ ဒီဇိုင်း အကြောင်း မပြောမီ မော်တာ တစ်လုံး မည်သို့ ဖွဲ့စည်း တည်ဆောက် ထားသည် ကို သိရှိ နိုင်စေရန် ပုံများ တင်ပေး လိုက်ပါတယ်။ AutoCAD drawing ပုံ ကိုလည်း download လုပ်နိုင်ရန် တင်ပေး လိုက်ပါသည်။
(squirrel cage induction motor) ရှည့် လှောင်အိမ် အမျိုးအစား မော်တာတစ်လုံးအား နမူနာ ဒီဇိုင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။ အောက်ပါ အချက်များကို အသုံးပြုပြီး စတင်တွက်ချက်ပါမည်။
Output power - 15 kw
Rated Voltage - 220/380
2p = 4
type IM1001
housing - IP44
cooling system - IC0141
climate - Y3
insulation class- F
main dimensions ဆိုသည်မှာ အထက်က ရှင်းပြခဲ့သည့် အတိုင်း D နှင့် lδ ဖြစ်ပါသည်(ပုံ-၂,၃,၄ ကိုကြည့်ပါ)။ ၄င်းတို့အားမတွက်ချက်မီ လိုအပ်သော ဒေတာ များကို မျဉ်းကွေး များ တေဘယ်များ မှ ရယူ အသုံးပြုရပါမည်။ ပထမဦးစွာ high of rotating axis (h) ကို output power နှင့် 2p တန်ဖိုးများ အရ သက်ဆိုင်ရာမျဉ်းကွေး ကို hand book တွင်ကြည့်၍ ရွေးချယ်ရပါသည်။ ဆိုလိုသည်မှာ h = function of ( P_prime , 2p ) ဖြစ်ပါသည်။ (ထို မျဉ်းကွေးများ ကို ဖေါ်ပြရန် အကောင်းဆုံးနည်းလမ်းကို စဉ်းစားနေပါသည်။ ခေတ္တ စောင့်ဆိုင်းကြပါခင်ဗျာ။) ယခု case တွင် out power P_prime = 15 kw , 2p = 4 အရ h = 0.17 m ရရှိပါသည်။ ၄င်း ဒေတာကို သုံးကာ stator outer diameter – Da ကို အောက်ပါဇယား (table-1) အရရှာရပါမည်။ Da = 0.272 m ကို ယူပါမည်။ ဒီထက်ကြီး၍ ယူလျင်လည်းရပါသည်။ သို့ရာတွင် အတွေ့အကြုံ အရ လျော့ယူလိုက်ပါသည်။ တန်ဖိုးငယ်လျင် မော်တာ ဆိုဒ်သေးကာ အကောင်းဆုံး ဖြစ်ပါသည်။ သို့သော် တခြား အချက်များ ရှိပါသေးသည်။
ဆက်လက်၍ မော်တာ၏ အတွင်းဘက် ဒိုင်ယာမီတာ (inner diameter) ကို ရှာရန် အတွင်းနှင့် အပြင် ဒိုင်ယာမီတာ ၂ ခု၏ အချိုးကို (hand bookု) ရှိ ဒေတာ တေဘယ်မှ ယူ၍ အသုံးပြုပါမည်။ ၄င်း တေဘယ် ကိုပါ ထည့်သွင်းပေးလိုက်ပါသည(talbe-2)။ အထက်ပါ တေဘယ်သည် slot high နှင့် core high များ ထားသင့်သော အချိုးကို တွက်ချက်၍ တီထွင်ထားသော အမ်ပယ်ရီကယ် ဒေတာများ ဖြစ်ပါသည်။ မိမိတို့ တွက်ချက်နေသော မော်တာမှာ 2p = 4 ဖြစ်၍ Kd တန်ဖိုးကို ၀.၆၈ ဟု ယူပါမည်။ သို့ဖြစ်ရာ အထက်ပါ အီကွေးရှင်း(eq-2) အရ D တန်ဖိုးမှာ D=Kd.Da=0.68*0.272=0.185m ဖြစ်လာပါသည်။
အရင်က ရှင်းပြခဲ့သမျှကို mathcad11 နဲ့တွက်ပြပေးထားပါတယ်(page-1)။ အဲဒီမှာ ပြသနာတစ်ခုက English နဲ့ Russia , symbol တွေမတူတာပါပဲ။ Voltage ကို russian လို U လို့ သုံးထားပါတယ်။ H ဆိုတာ rated ကိုဆိုလိုပါတယ်။ 1 ဆိုတာ စတေတာနဲ့ဆိုင်တာ လို့ ပြောတာပါ။ ဒါကြောင့် U1H =220 ဆိုတာက စတေတာက ရိတ်တက်ဗို့ (ဖေ့စ်) ၂၂၀ လို့ ဆိုလိုပါတယ်။ n1 synchronous speed ပါ။ rotating field speed လို့လည်း မှတ်ထားနိုင်ပါတယ်။
အရင်က ရှင်းပြခဲ့သမျှကို mathcad11 နဲ့တွက်ပြပေးထားပါတယ်(page-1)။ အဲဒီမှာ ပြသနာတစ်ခုက English နဲ့ Russia , symbol တွေမတူတာပါပဲ။ Voltage ကို russian လို U လို့ သုံးထားပါတယ်။ H ဆိုတာ rated ကိုဆိုလိုပါတယ်။ 1 ဆိုတာ စတေတာနဲ့ဆိုင်တာ လို့ ပြောတာပါ။ ဒါကြောင့် U1H =220 ဆိုတာက စတေတာက ရိတ်တက်ဗို့ (ဖေ့စ်) ၂၂၀ လို့ ဆိုလိုပါတယ်။ n1 synchronous speed ပါ။ rotating field speed လို့လည်း မှတ်ထားနိုင်ပါတယ်။

Tags: